တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်ဖြစ်လာနိုင်လို့ မိုးရွာနိုင်မည့်အခြေအနေများပိုလာနိုင်
ဇွန်လ ၁၉ ရက် - မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ရရှိသည့်မိုးလေဝသဒေတာများအရ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သည့်အခြေအနေများမှာ
🔸 ဇွန်လ ၂၄ ရက် နံနက်ပိုင်း၊ တောင်တရုတ်ပင်လယ်၊ ဟိုင်နန်ကျွန်းတောင်ဘက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်အထိ အားကောင်းလာနိုင်ကာ အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ဗီယက်နမ်နိုင်ငံအရှေ့ဘက် "တုံကင်ပင်လယ်ကွေ့"အထိရောက်လာနိုင်ကြောင်း ECMWF နဲ့ GFS Model ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နိုင်မည့် မိုးလေဝသအခြေအနေများ
🔸 ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေ အားပိုကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်(ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်တနင်္သာရီကမ်းရိုးတန်းတလျှောကက်မှာ ဇွန်လ ၂၃ ရက်မှ ၂၇ ရက်အထိ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါမယ်။ မိုးသက်လေပြင်းများကျစဉ် အနောက်-အနောက်တောင်ဘက်မှ လေပြင်း တစ်နာရီ ၂၅ မိုင်မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ပါတယ်။
မိုးရွာသွန်းနိုင်မဲ့အခြေအနေခန့်မှန်း -
🔸 ဇွန် ၂၃ ရက်နောက်ပိုင်းမှာ တစ်နိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာနိုင်ပြီး အလယ်ပိုင်းမိုးနည်းရှားဒေသအချို့မှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။
🔸 အထူးသဖြင့် ကမ်းရိုးတန်းဒေသများအပါအဝင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဒေသတွေမှာ နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း မိုးသည်းထန်နိုင်/မိုးအလွန်များနိုင်ကြောင်းတွေ့ရပါတယ်။
🔸 တောင်တရုတ်ပင်လယ်က လေဖိအားနည်းရပ်ဝန်းအားကောင်းလာချိန်(ဇွန် ၂၆-၂၇ ရက်ခန့်)မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာလဲ အိန္ဒိယနိုင်ငံကမ်းခြေနားကပ်လျက် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရတာကြောင့် ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။

တောင်တရုတ်ပင်လယ်အတွင်းလေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်နိုင်ချေများနဲ့အတူ တစ်ဆက်ထဲထွက်ရှိလာတာကတော့ -
ကမ္ဘာလုံးဆိုင်ရာ အီကွေတာအပူပိုင်းဒေသများအတွင်းဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေများကိုစောင့်ကြည့်တင်ပြနေတဲ့ Global Tropics Hazards OUTLOOK(GTH outlook)မှ ထုတ်ပြန်ချက် UPDATE ဖြစ်ပါတယ်။
🔸 ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ချေ ၂၀% မှ ၄၀% ရှိနေကြောင်း၊
🔸 ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အတွင်း တောင်တရုတ်ပင်လယ်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုငချေ ၄၀% မှ ၆၀% ရှိနေကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။
🔸 ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ ရွာသွန်းမြဲအထက် ၅၀% မှ ၆၅% အထက်အထိ မိုးပိုမိုရွာသွန်းနိုင်မည့်အခြေအနေဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားတာလဲတွေ့ရပါတယ်။ ပုံမှာ အစိမ်းရောင်အဖျော့နှင့် အစိမ်းရောင်အရင့် ဖုံးလွှမ်းနေသည့်ဒေသများဖြစ်ပါတယ်။ အရောင်ဖုံးလွမ်းမှုမရှိတဲ့ဒေသတွေမှာတော့ ပုံမှန်ရွာသွန်းမြဲအတိုင်းရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဒီအခြေအနေအရ ဇူလိုင်လ ပထမပတ်အတွင်း -
🔸 ရခိုင်ပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးရွာသွန်းမြဲအထက်ရွာသွန်းနိုင်ချေ ၅၀% မှ ၆၅% အထိရှိနေကြောင်းနဲ့ ကျန်ပြည်နယ်တိုင်းများမှာတော့ ရွာသွန်းမြဲခန့်သာရှိနိုင်မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
win ko thu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူပါခင်ဗျာ
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 0 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026