အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်တယ်လို့ GFS Model ခန့်မှန်းချက်မှာတွေ့ရှိနေရ

21/10/2024 07:53 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။

 အဲ့ဒီကမှ - အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခန့်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေအနီးကို ချဉ်းကပ်ရောက်ရှိမယ်လို့ တွေ့ရပါတယ်။

အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက စ ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေကိုကျော်ဖြတ်ဝင်ရောက်ကာ ကုန်းတွင်းမှာတဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမယ်လို့ နောက်ဆုံးရ NOAA ရဲ့ GFS ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။

လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)၊ ဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် အဆင့်ဆင့် အားကောင်းလာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာချိန်မှာ "ကာတာ"နိုင်ငံက ပေးထားတဲ့ အလှည့်ကျအမည် "DANA" ဆိုတာကို ရရှိပါမယ်။

GFS Model ကြိုတင်ခန့်မှန်းချက်အရဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်းမှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclonic Storm-SCS အဆင့်အထိရောက်နိုင်ကြောင်းတွေ့ရတဲ့အတွက် ဒီကြိုတင်ခန့်မှန်း မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ပြီး "မုန်တိုင်းများကြိုတင်ခန့်မှန်းခြင်းနဲ့ ဆန်းစစ်အတည်ပြုခြင်း ရလဒ်များ" ထွက်ပေါ်လာတဲ့အခါမှသာ မုန်တိုင်းအရွယ်အစား၊ မုန်တိုင်းရဲ့ပြင်းအားနဲ့ မြန်မာနိုင်ငံအပေါ် မုန်တိုင်းအရှိန်သက်ရောက်နိုင်မဲ့ အခြေအနေ-အနည်းအများကို ထပ်မံလေ့လာတင်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်