ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းကြောင့် တိုင်းဒေသကြီးအချို့ မိုးရွာဦးမည်..

01/12/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်လာနိုင်တဲ့ အမည်ရဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"ဖြစ်လာနိုင်ချေကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ စတင်အသိပေးတဲ့ post တင်ပေးခဲ့ပါတယ်။

ကနဦးကြိုတင်ခန့်မှန်းချက်တွေမှာတော့ ထိုင်းပင်လယ်ကွေ့ဘက်က ကပ္ပလီပင်လယ်ကိုဝင်လာမဲ့ INVEST-99W ကပိုအားကာင်းလာပြီး ဘင်္ဂလားပင်လယ်အော်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေ ၄၀% ရှိကြောင်း တင်ပြပေးခဲ့ပြီး ပင်လယ်ပြင်ကရေလုပ်သားတွေ အချိန်မီရှောင်နိုင်ဘို့အတွက် ကြိုတင်အသိပေးခဲ့ပါတယ်။

99W က မုန်တိုင်းဆက်မဖြစ်နိုင်တော့ကြောင်း JTWC က ကြေညာပြီးတဲ့နောက် တချိန်ထဲမှာပဲ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ INVEST-95B နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြစ်ပေါ်ကြောင်းကြေညာခဲ့တာတွေ့ခဲ့ရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့(ဒီနေ့)အထိ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမဲ့အခြေအနေက သေချာနေပေမဲ့ ဆက်လက်ရွေ့လျားမဲ့လမ်းကြောင်းက မသေမချာဖြစ်နေတာကြောင့် မြန်မာနိုင်ငံအပေါ်ဆိုင်ကလုန်းမုန်တိုင်းအရှိန်သက်ရောက်နိုင်မဲ့အခြေအနေက မရေမရာဖြစ်နေခဲ့ပါတယ်။ 

🔸 မိုးလေဝသဌာနကြီးများမှ ထုတ်ပြန်ချက်

တရားဝင်မိုးလေဝသဌာနကြီးများကလဲ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်မဲ့အခြေအနေနဲ့ ဆက်လက်ရွေ့လျားနိုင်မဲ့လမ်းကြောင်းတွေကို နေ့စဉ်ထုတ်ပြန်ပေးနေပါတယ်။ မူလခန့်မှန်းရက်ထက်နောက်ကျပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်မယ်လို့လဲ ကြေညာထားကြပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်တွေမှာတော့ ဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း" ဖြစ်လာပြီးတဲ့နောက် အိန္ဒိယနိုင်ငံ "အန်ဒရာပရာဒက်ရှ်"နဲ့"တမီလ်နာဒူး"ကမ်းခြေတွေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး မြန်မာနိုင်ငံဘက်ကို မုန်တိုင်းဦးတည်ရွေ့လျားနိုင်ဖွယ်မရှိတော့ကြောင်းတွေ့ရပါတယ်။

**မုန်တိုင်းကုန်းတွင်းဝင်အပြီး ဖြစ်လာနိုင်သည့် ကြိုတင်ခန့်မှန်းချက်များ**

🔸 ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းကို **ဒီဇင်ဘာ ၅ ရက်နေ့** မှာ ဝင်ရောက်ပြီးတဲ့နောက် ကုန်းတွင်းမုန်တိုင်း/လေဖိအားနည်းရပ်ဝန်းအနေနဲ့ဆက်လက်ရွေ့လျားလာမဲ့ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေကြောင့် - 

🔸 ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက စ ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်ဒေသအချို့မှာ မိုးအနည်းငယ် စတင်ရွာသွန်းနိုင်ပါတယ်။ မများပါ။

ဒီဇင်ဘာလ ၆ ရက်နောက်ပိုင်း-ဒီဇင်ဘာ ၁၀ ရက်နေ့အထိ -

🔸 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်မိုးများနိုင်ပါမယ်။

🔸 ကျန်ပြည်နယ်တိုင်းတွေမှာတော့ နေရာကျဲကျဲ-မိုးပါးပါး(အနည်းငယ်သာ)ရွာနိုင်ဖွယ်ရှိပါတယ်။

ပင်လယ်ပြင်အခြေအနေကြိုတင်ခန့်မှန်း

🔸 ပင်လယ်ပြင်မှာ လေပြင်း တစ်နာရီ ၁၅ မိုင်ခန့်သာ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ဆုံး ၄ ပေခန့်သာရှိနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်