ဖေဖော်ဝါရီလအတွင်း ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ ရာသီဥတုအခြေအနေများ

10/02/2025 15:17 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက် နေ့လည် ၁၂နာရီခွဲအချိန် တိုင်းတာရရှိသည့်ဒေတာများအရ

ဖေဖော်ဝါရီလအတွင်းမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ အားပျော့တဲ့ လာနီညာနဲ့ အားအနည်းငယ်ရှိနေတဲ့ Indian Ocean Dipole(IOD) Positive ရာသီဥတုဖြစ်စဉ်တွေက အီကွေတာတလျှောက် အပူပိုင်းဇုန်အတွင်း အရှေ့လေစီးကြောင်း(ကုန်သည်လေစီးကြောင်း)ကို အားကောင်းနေစေပါတယ်။

Indian Ocean Dipole(IOD) Positive အခြေအနေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အရှေ့လေစီးကြောင်းအားကောင်းပြီး၊ အာရေဗျပင်လယ်မှတဆင့် ပါကစ္စတန်၊ အိန္ဒိယမြောက်ပိုင်းတွေပေါ်မှ အရှေ့ဘက်ကို ကွေ့ပတ်တိုက်ခတ်လာတဲ့ လေအေးစီးကြောင်းကလည်း အားကောင်းကောင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေကို တိုက်ခတ်နေဆဲဖြစ်ကြောင်းတွေ့ရပါတယ်။

ဒီအခြေအနေတွေက ... 

မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဆောင်းရာသီအအေးဓာတ် ဆက်လက်ရှိနေစေဦးမှာဖြစ်ပြီး ညဘက်နဲ့ မနက်အစောပိုင်းအပူချိန်တွေဆက်လက်ကျဆင်းနေကာ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက်လာနိုင်ပါမယ်။

နေ့နဲ့ည အပူချိန်ကွာခြားမှုလည်း များနေပါဦးမယ်။ နေ့ဘက်မှာ အပူပြင်းလာပြီး ညဘက်မှာ အအေးဓါတ်က ဆက်လက်ရှိနေဦးမှာဖြစ်တာကြောင့် နံနက်အစောပိုင်းအချိန်များမှာ မြူခိုးတွေဝေပြီး မြူထုပါးပါးမှ ထူထူအထိ ဖြစ်ပေါ်စေတဲ့ ရာသီဥတုအခြေအနေ(Shallow Fog to Medium Fog) ဖြစ်နိုင်ပြီး အမြင်တာကျဆင်းခြင်း(Poor Visibility Condition)လည်း ဖြစ်နိုင်ပါတယ်။

🔸 မနက်အစောပိုင်းအချိန်တွေမှာ လေထုညစ်ညမ်းခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့အန္တရာယ်နဲ့ မြင်ကွင်းမရှင်းမလင်းဖြစ်နေခြင်းကြောင့် ကုန်း/ရေ/လေ ခရီးလမ်းတွေမှာ မတော်တဆဖြစ်စေနိုင်တဲ့အန္တရာယ်များကို သတိထားကြရပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်