ဆိုင်ကလုန်းမုန်တိုင်း MIDHILI ရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ

17/11/2023 13:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

INVEST-94B ကတော့ နိုဝင်ဘာလ ၁၆ ရက် ည ၁၂ နာရီခွဲ သန်းခေါင်ကျော်အချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း 07B(SEVEN)စပြီး ဖြစ်လာပါပြီ။ ဗဟိုလေတိုက်နှုန်း 35 knots(တစ်နာရီ မိုင် ၄၀)ကျော်လာတဲ့အတွက် CYCLONIC STORM အဆင့် စတင်တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက် ၁၂ နာရီဝန်းကျင်မှာ ဗဟိုလေတိုက်နှုန်း 40 knots(တစ်နာရီ ၄၆ မိုင်နှုန်း)ဖြစ်လာတဲ့အခါ မော်လ်ဒိုက်နိုင်ငံရဲ့ အလှည့်ကျအမည် MIDHILI(07B)လို့ ဖြစ်လာပါမယ်။

မုန်တိုင်းဗဟို ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ကာနီးမှာ လေတိုက်နှုန်း40 knots(တနာရီ ၄၆ မိုင်)အထိ အားကောင်းလာပြီးမှ ကမ်းခြေကိုဆက်လက်ကျော်ဖြတ်ကာ အမည်ရဆိုင်ကလုန်းမုန်တိုင်း MIDHILI ဖြစ်လာမယ်လို့ ECMWF ခန့်မှန်းချက်မှာတွေ့ရပါတယ်။

  • မုန်တိုင်းကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်တဲ့အချိန်မှာ မုန်တိုင်းလမ်းကြောင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့ အနောက်-အနောက်မြောက်ဘက် ၂၂၀ မိုင်ခန့် ကွာဝေးတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ကုန်းတွင်းမှာလေပြင်း တစ်နာရီ မိုင်၂၀ မှ ၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းအထိ မိုးသည်းထန်နေပါမယ်။
  • မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသည်းထန်နိုင်/မိုးများနိုင်ပါတယ်။ လေတိုက်နှုန်းကတော့ စိုက်ဆင်းလေပြင်းကျရောက်တာမရှိရင် တစ်နာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်သာရှိနိုင်ပါတယ်။
  • ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့်အထိတိုက်နိုင်ပြီး မိုးရွာရင်တောင် အနည်းငယ်သာရွာနိုင်ပါမယ်။ 
  • ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ ကမ်းနီးပင်လယ်ပြင်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေခန့်အထိရှိနိုင်ပါမယ်။ ဧရာဝတီ-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်း၊ ကမ်းနီးပင်လယ်ပြင်တွေမှာတော့ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်အထိ တိုက်နိုင်ပြီး လှိုင်းအမြင့် ၂ ပေ မှ ၅ ပေခန့်သာရှိနိုင်ပါတယ်။

#INVEST-94B မှ မုန်တိုင်းငယ်(DD) ၊ အဲ့ဒီကမှ .. ဆိုင်ကလုန်းမုန်တိုင်း 07B(SEVEN)နဲ့ အမည်ရဆိုင်ကလုန်းမုန်တိုင်း MIDHILI ဖြစ်လာသည်အထိ နောက်ထပ် ကြိုတင်ခန့်မှန်းချက်ပေးရန် မရှိတော့ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်