Green Way ပေါ်က တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

10/12/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way ဆိုတာ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆိုင်တဲ့ သတင်းတွေဆောင်းပါးတွေကို တောင်သူတွေကို အခမဲ့ဖြန့်ဖြူးပေးနေတဲ့ ဆော့ဝဲတစ်ခုပါ။ ဒီဆော့ဝဲထဲမှာဆို စိုက်ခင်းထဲက ပြဿနာတွေ၊ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေး မေးမြန်းလို့ရနိုင်တဲ့ အခန်းကဏ္ဍလေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အမေးအဖြေကဏ္ဍပါ။

ဒီအမေးအဖြေတွေထဲက အမေးအဖြေတချို့ဟာ စိတ်ဝင်စားစရာ၊ ဗဟုသုတရစရာ၊ ပညာရစရာ အတော်လေး ကောင်းပါတယ်။ ဒီနေရာမှာ ဒီလိုတွေ မေးလိုက်ရင် တောင်သူတွေရဲ့ ဒီလိုပြဿနာတွေကို ရှင်းရှင်း လင်းလင်းသိသွားရနိုင်တယ်၊ တန်ဖိုးရှိတဲ့ပလက်ဖောင်းလေးဖြစ်တယ်ဆိုတာကိုလည်း တခြား မေးမြန်းလိုသူတွေကို သိစေချင်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်ကနေစပြီးတော့ အမေးအဖြေကဏ္ဍမှာ မေးထားတဲ့ စိတ်ဝင်စားစရာ၊ မှတ်သားစရာ လေးတွေကို အပတ်စဉ်တိုင်း ကောက်နုတ်ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်ရှင့်။ မေးမြန်းမှုတွေထဲက တစ်ချို့ကိုတော့ စာလုံးပေါင်းသတ်ပုံလေးတွေ အနည်းငယ်ပြင်ဆင် ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (Ko Thein Zaw) - အသီးတွေမတင်ဘူး။ ပုပ်သွားတယ် ဘာလိုအပ်လို့လဲ၊ အားဆေးလည်း မဖျန်းရဲဘူး ၊ အပင်ကအစေးထွက်ပြီးသေနေလို့ ဖြေကြားပေးပါဦး။

ဖြေ (ဒို့ဦးလေး) - ဝတ်မှုံကူးမှု မအောင်လို့ ပုပ်သွားတတ်ပါတယ်။ အပင်ပိုင်း အားများရင် လည်း အပွင့်အသီးအားနည်းတတ်လို့ အညွန့်ဖြတ်၊ ခေါင်နှိမ်ပေးရပါတယ်။ အဖိုပွင့် ပွင့်ချိန်နဲ့ အမပွင့်ချိန် တူရမယ်။ ပျားလေးတွေ ပိတုန်းလေးတွေက သဘာဝနည်းအရ ဝတ်မှုန်ကူးပေးကြ မယ်။..ဆိုတဲ့အခြေအနေဖြစ်ဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းစရာမလိုပါ။ ပန်းပွင့်ချိန် မနက်ခင်းကို ဘာမှ မဖျန်းပါနဲ့။ ဝတ်မှုန်ကူး အနှောင့်အယှက် ဖြစ်ပါတယ်။

၂။ မေး (Han Linn) - ရွှေဖရုံ အိမ်စားစိုက်ထားတာ ပိုးအဝါရောင်တွေ လာကိုက်စားတာ အရွက်တွေ အပေါက်ဖြစ်ကုန်တယ်ဗျာ သဘာ၀ပိုးသတ်ဆေးနဲ့ သတ်လို့ရနိုင်မလားဗျာ... အပင်သေမှာတောင် စိုးနေရတယ်။

ဖြေ (သိန်းစိုးမင်း) - တမာပိုးသတ်ဆေးဖျန်းကြည့်ပါ။ ပိုးမသေရင်တောင် ထပ်မလာအောင် ကာကွယ်ပေးမှာပါ။ နောက် အီးအမ်ရှိရင် EM5 လုပ်ပြီး ပုံမှန်‌ဖျန်းပေးရင် ပိုးလည်းမလာသလို အပင်ကျန်းမာရေးလည်း ကောင်းပါတယ်။

၃။ မေး (Pyae Phyoe Thaw) - စပါးက 15 ရက်သားရှိပြီ ဘာဖြစ်တာလဲ ဘယ်လိုလုပ်ရမလဲ ဖြေပေးပါဦး။

ဖြေ (ဒို့ဦးလေး) - ရေငတ် အစာပြတ်တာပါ တမန်းလဲ အိပ်သွားတယ်။ ဂျစ်ဆန် ၃ အိတ်နှုန်းပက်ပြီး ရေ စပ်စပ်သွင်းပေးပါ။

ဖြေ (ဦးသက်လွင်) - ရေငတ်၊ အစာပြတ် ဖြစ်နေသဖြင့် ပထမ မြေအစိုဓာတ်ပြည့်ဝစွာရအောင် ရေသွင်းခြင်း၊ သမန်းနှိုးခြင်းများပြုပြီးမှ မြေဩဇာကြွေးပါ တမန်းနှင့် မြေအစိုဓာတ်မရက အဆင်မပြေပါဘူး။

ဖြေ (ဦးခင်မောင်လတ်) - အစာနဲ့ရေ မရှိရင်အပင်ကမကြီးနိုင်ဘူး ဒါ့ကြောင့်ရေသွင်းပြီး တမန်းနှိုးပါ ပြီးရင်မြေဩဇာကျွေးပါ။

၄။ မေး (Pyaephyoaung) - အာလူး ကြက်သွန် တို့ဆိုရင် NPK က N ပဲလိုတာလား သူတို့က ဥတွေဆိုတော့ ဥကြီးအောင်ရော ဘာဆေးသုံးသင့်လဲဗျ။

ဖြေ (ဒို့ဦးလေး) - NPK အားလုံးလိုတာပါဘဲ။ အစောပိုင်း Nအချိုးများ ကျွေးပြီး ဥချချိန် P,Kများ ကျွေးပါ။

၅။ မေး (San Oo) - ဆရာများခမျာ။  4.5 PH ရွှံ့မြေ ဘယ်လိုပြုပြင်ရမယ် ၊ဘယ်လိုဆောင်ရွက်ရမယ် လမ်းညွန်ပေးစေလိုပါတယ် ခင်ဗျ။

ဖြေ ( U Thet Lwin) - ထုံး သို့မဟုတ် ဂျစ်ပဆန်အား နှစ်စဉ် ထည့်သွင်း မြေပြုပြင်သွားရန် လိုအပ်ပါတယ်။

(ဦးခင်မောင်လတ်) - သဘာဝမြေဆွေး၊ မြေဩဇာ၊ နွားချေးအခြောက်တို့က pH တက်လာအောင် လုပ်ပေးနိုင်ပါတယ်။ ထုံးထည့်ရင်လည်း ရပါတယ် မစိုက်ခင် ၁ လကြိုပြီး ထည့်ရပါတယ်။ ထုံးကို ၃၀ ပိဿာဝင် အိတ် ၂၀ လောက် ထည့်ရပါတယ် အဲ့တာဆို ၁ ယူနစ်တက်ပါတယ်။

နောက်တစ်ပတ်မှာလည်း ဗဟုသုတရဖွယ် အမေးအဖြေလေးတွေကို ဖော်ပြပေးပါဦးမယ်။ ကျေးဇူးတင်ပါတယ်။

(မေးခွန်းမေးမြန်းလိုသူများအနေဖြင့် Green Way App ရှိ အမေးအဖြေကဏ္ဍတွင် အချိန်မရွေး ဝင်ရောက်မေးမြန်းနိုင်ပါသည်။ ဖြေကြားပေးမည့် ပညာရှင်များ၊ တောင်သူအချင်းချင်း အတွေ့အကြုံမျှဝေလိုသူများ အဆင်သင့်ရှိနေပါသည်)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်