တစ်ပတ်တာအတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

31/12/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာအမေးအဖြေတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့ကို ပြန်လည်ရောက်ရှိလို့လာပါပြီ။ မေးခွန်းနဲ့ အဖြေတွေကတွေကတော့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ တောင်သူတွေမေးလာခဲ့တဲ့ မေးခွန်းတွေကို တခြားတောင်သူတွေပါသတိထားနိုင်ဖို့အတွက် ဗဟုသုတရဖွယ် ကောင်းနိုး ရာရာတွေကို ရွေးထုတ်ပြီးဖော်ပြပေးနေခြင်းပဲဖြစ်ပါတယ်။

Green Way ဆိုတာ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆိုင်တဲ့ သတင်းတွေဆောင်းပါးတွေကို တောင်သူတွေကို အခမဲ့ဖြန့်ဖြူးပေးနေတဲ့ ဆော့ဝဲတစ်ခုပါ။ ဒီဆော့ဝဲထဲမှာဆို စိုက်ခင်းထဲက ပြဿနာတွေ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေးလို့ရနိုင်တဲ့ အခန်းကဏ္ဍလေး ရှိပါတယ်။ အဲ့ဒါကတော့ အမေးအဖြေကဏ္ဍပါ။ မေးခွန်းတွေကိုမေးမြန်းချင်ရင်တော့ အမေးအဖြေ ကဏ္ဍသို့ဝင်ကာ ပို့စ်တင်ပြီးမေးလို့ရနေပါတယ်။ ပညာရှင်တွေနဲ့ အတွေ့အကြုံရှိတောင်သူတွေ မှန်မှန်နဲ့ မြန်မြန်ဖြေပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး ဝင်ဆွေးနွေးပေးကြပါတယ်ရှင့် ။ 

ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကတော့.....

၁။ မေး (ကျော်လင်းသူ) - ကုလားပဲအရွက်ဖျားလေးတွေမှာ အဖြူလေးတွေဖြစ်နေလို့ ဘယ်လိုဖြစ်တာလဲ..ခဗျာ ဘာဆေးဖျန်းသင့်လဲ ဆရာတို့ရေ။ တင်ပို+ပီဖိုလန် အားဆေးဖျန်းရင်ရော အဆင်မပြေလောက်ဘူးလား.ဆရာ။

ဖြေ (ဒို့ဦးလေး) - အာဟာရချို့တဲ့သဘောပါ။ လစ်တိုဇင် ဖျန်းပေးပါ။ ဟိုမုန်းကြိုက်တယ် ကုလားပဲက.. ဟိုမုန်းပါတဲ့အားဆေးဆိုရပါတယ်။

၂။ မေး (Thet Hnin) - ဆေးဖျန်းခေါင်းကထွက်တဲ့ ရေမှုန်ကြီးတာနဲ့ သေးတာဘယ်ဟာ ပိုထိရောက်လဲဆရာ။

ဖြေ (ဒို့ဦးလေး) - အပင်ရဲ့အရွက်မှာရှိတဲ့စတိုမာ အပေါက်လေးတွေထဲ၊ ဆေးစိမ့်ဝင်ဖို့အတွက် အမှုံသေးသေးလေးတွေ ဖြစ်ဖို့လိုပါတယ်။

၃။ မေး (Aung Chan) - ဘာရောဂါလဲဆရာ ပဲတွေမှာတအားဖြစ်နေလို့ ဘာဆေးတွေနိုင်လဲ။

ဖြေ (ဒို့ဦးလေး) - ဆာကိုစပိုရာ ရွက်ပြောက်လို့ခေါ်ကြတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇိုး အတွဲ ဖျန်းပါ။

၄။ မေး (ခိုင်မင်းစိုး) - မြေသြဇာဆက်မသုံးတော့ဘဲ ကွဲနေတဲ့မြေကြီးကို မြေဆီကောင်းအောင် ဘယ်လိုအသက်သွင်းရမလဲ။

ဖြေ (ကျော်ကျော်ဦး) - သဘာဝမြေသြဇာထည့်၊ သစ်စိမ်းမြေသြဇာထည့်၊ Emများများဖျန်း ဖြစ်နိုင်ရင် ပေါင်းသတ်ဆေး၊ ထယ်ရေးလှန်ခြင်းကို ရှောင်၍ မြေမွေးထားပါ...။

(ဒို့ဦးလေး) - တတ်နိုင်ရင် သဲတွေရနိုင်သလောက် 4 လက်မထုချေပေးပါ။

၅။ မေး (မင်းမင်း) - ပဲစိုက်ရာသီနောက်ကျရင် ပိုးမွှားရောဂါပိုကျတယ်ဘာကြောင့်ပါလဲဆရာ။ ဥပမာ ပဲတီစိမ်းကိုနိုဝင်ဘာ15ရက်နောက်ဆုံးထားပြီးစိုက်ရပါတယ်။ ကျွန်တော့မှာလယ်နှစ်ကွင်းရှိပါတယ်။ တစ်ကွင်းက နိုဝင်ဘာ 16 ရက်မှာစိုက်တယ်  စိုက်ချိန်မှန်တော့ ပိုးမွှားရောဂါနည်းနည်းပဲကျတယ်။ နောက်တစ်ကွင်းက နိုဝင်ဘာ 23 ရက်မှာစိုက်တယ် စိုက်ချိန်နောက်ကျတော့ ပျ၊ ယင်ဖြူ၊ လှေးတွေ အများကြီးကျပြီး အရွက်တွေတွန့်ကုပ်ပြီး အဝါရောင်မိုဇစ်ရောဂါဖြစ်ကုန်တယ်‌။ ကျေးဇူးပြု၍ဖြေပေးပါနော်ဆရာတို့...

ဖြေ ( ဦးသက်လွင်) - အဝါရောင် မိုစိတ်ရောဂါခံနိုင်ရည်မရှိသော မျိုးစိုက်လျှင် ဘယ်အချိန်စိုက်စိုက် အဆင်မပြေပါဘူး။ ရာသီဥတုဖြစ်စဉ်သည် ပိုးမွားရောဂါ အနည်းအများကို အဆုံးအဖြတ် ပေးတာပါ(မို့အုံ့ခြင်း၊ မအုံ့ခြင်း) 

(ဒို့ဦးလေး) - စိုက်ချိန်နောက်ကျခြင်းကြောင့် ပိုးများပိုကျရောက်တယ်ဆိုတာ. ရာသီဥတုကြောင့်ပါ။ ယင်ဖြူ ပျ လှေးတွေဟာ ရာသီဥတု ပူချိန် ပေါက်ဖွားမှုနုန်းမြင့်ပါတယ်။ ဒါကြောင့် စိုက်ချိန်နောက်ကျရင် စုပ်စားပိုး ပိုဆိုးတာပါ။ ကျန်အခင်းတွေကနေ အပင်ငယ်တွေဆီ ပိုးတွေပိုကြိုက်ပါတယ်။ အပင်ဝါရောဂါကလည်း ဒီလိုပါဘဲ။ စောစိုက်တဲ့အခင်းတွေ အရမ်းနောက်ကျတဲ့အပင်တွေကျတတ်ပါတယ်။ မျိုးပြောင်းပါ။ မျိုးစေ့ ဆေးလူးစိုက်ပါ။ စုပ်စားပိုး ကာကွယ်ပါ။

နောက်တစ်ပတ်တွေမှာလည်း စိတ်ဝင်စားစရာ အမေးအဖြေများကို ဆက်လက်ဖော်ပြပါဦးမည်။

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်