တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၁၄.၆.၂၀၂၁ မှ ၁၈.၆.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊စပါး
နယ်ဈေးကွက်မှာတော့ စပါးတွေက ပစ္စည်းလက်ကျန်မရှိတော့အတွက် ဈေးတက်နေပြီးတော့ ဆန်တွေကတော့ ရန်ကုန်ဘက်က အဝယ်များနေတဲ့အတွက်ဈေးတက်နေပါတယ်။
ဧရာဝတီတိုင်း မြောင်းမြဈေးကွက်မှာ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၆၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြဧည့်မထစပါး(နွေ) ကလည်း တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၉၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ နဲ့ ဈေးငြိမ်ပါတယ်။
ဒေးဒရဲဈေးကွက်မှာ ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၁၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေး တက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထ( နွေ)စပါးကတော့ တင်း ၁၀၀ ကို ၆၀၇၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၄၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဖျာပုံဈေးကွက်မှာ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၂၂၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့တစ်အိတ်ကို ၃၈၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ဖျာပုံဧည့်မထ(မိုး)စပါးက တင်း ၁၀၀ ကို ၆၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၈၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၆၀၇၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ ၂၄၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မအူပင်ဈေးကွက်မှာတော့ မအူပင်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၂၈၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၉၀၀၀ ပေါက်ဈေးရှိကာ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မအူပင်ဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၆၂၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထစပါး(နွေ)ကတော့ တင်း ၁၀၀ ကို ၅၃၄၀၀၀ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၀၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
လက်ကျန်စပါးတွေလျော့နည်းလာတာဖြစ်လို့ ဈေးက အနည်းငယ်ထပ်တက်နိုင်တယ်လို့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။ အချို့ စပါးတွေကတော့ လက်ကျန်မရှိတော့တဲ့အတွက် ဈေးကတော့ မာနိုင်ပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဆက်တိုက်ဈေးတက်နေပါတယ်။ တင်သွင်းမှုကို လာမယ့် အောက်တိုဘာလအထိ တိုးမြင့် လိုက်ကတည်းက မတ်ပဲဈေးတွေက တက်နေတာဖြစ်ပါတယ်။
ယခုအပတ်မှာ အိန္ဒိယက နှစ်စဉ် တန်ချိန် ၂ သိန်းခွဲ ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေတက်လာပေမယ့် မတ်ပဲက လက်ကျန်မရှိတော့တဲ့အတွက် ယခုထက်ဈေးပိုတက်နိုင်ခြေသိပ်မရှိပဲ အမြင့်ဈေးနဲ့ပဲ ဈေးမာနိုင်တယ်လို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးမြင့်တက်နေမှုကို ထိန်းချုပ်နေတာဖြစ်တဲ့အတွက် ပြည်ပတင်ပို့မယ့် ပဲတွေကို ဈေးချိန်ဆဝယ်ယူနိုင်တာကြောင့် မျှော်လင့်ထားသလို အများကြီး မတက်နိုင်ပါဘူး။ ယခုတစ်ပတ်အတွင်းမှာလည်း ဈေးတွေတက်လာပြီး ရက်ပိုင်းအတွင်းဈေးက ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၁၁၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျော်လောက်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၈၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၂၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေတာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးတက်လာ ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြန်မာ့ပဲစင်းငုံနီဈေးမြင့်တက်နေပြီး ဝယ်ယူမှုမြင့်တက်နေလို့ ပြည်တွင်း မှာလည်း ဈေးတက်နေတာဖြစ်ပါတယ်။
ပဲတင်ပို့ရာမှာသင်္ဘောတင်ခ ၏တွေ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေကြောင့် ဈေးက တက်ပေမယ့် ပြည်တွင်းကုန်သည်တွေအနေနဲ့ အကျိုးအမြတ်က ထင်သလောက် မရတာတွေ ရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၁၀၉၀၀၀ အထိပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀၀၀၀ ကျော်အထိ ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ၁၀၃၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေး တက်လာပါတယ်။
ပြည်ဈေးကွက်မှတော့ တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာကာ အောင်လံဈေးကွက် မှာတော့ တစ်တင်းကို ၃၄၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ အဝယ်များလို့ ဈေးတက်ပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးက ကျဆင်းနေပါတယ်။ မိုးရွာသွန်းမှုများတဲ့အတွက် အရည်အသွေးပိုင်းဆိုင်ရာ ညံ့တဲ့အပြင် တရုတ်ဝယ်ယူမှု များတဲ့အတွက် ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက ကျဆင်းနေတယ်လို့လည်း ကုန်သည်အချို့ ကဆိုပါတယ်။
ထို့ပြင် ငွေသွင်းငွေထုတ် ခက်ခဲမှုတွေကြောင့် ရတဲ့ဈေးနဲ့ ထုတ်ရောင်းမှုတွေလည်း ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ) တို့က တစ်ပိဿာကို ၁၈၃၀ ကနေ ၂၁၂၀ ပေါက်ဈေးရှိပြီး ၃၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း (ဝါးခယ်မ)က တစ်ပိဿာကို ၂၀၃၀ ကနေ ၂၀၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၂၃၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး) တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၂၃၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
ငရုတ်
ငရုတ်ကတော့ ဒီတစ်ပတ်မှာလည်း ဈေးကတက်လာပါတယ်။ ငရုတ်အစိမ်းတွေ အသစ်ထွက်ရှိလာပြီး အခြောက်ဈေးတွေ အဝင်နည်းလို့ ဈေးတက်လာတာလို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မိုးထောင်(မြစ်ဝ)က တစ်ပိဿာကို ၃၇၀၀ ကနေ ၃၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။
မိုးထောင်(ဟင်္သတ)ကလည်း တစ်ပိဿာကို ၄၀၀၀ ကနေ ၄၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေး တက်လာပါတယ်။
ငရုတ်(ပန်းတနော်) ကလည်း တစ်ပိဿာကို ၂၉၀၀ ကနေ ၃၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
အာလူး
ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းနေတဲ့ အာလူးက ဒီတစ်ပတ်မှာတော့ ဈေးတွေ တက်လာခဲ့ပါတယ်။တရုတ် အာလူးတွေ အဝင်နည်းပြီး ပြည်တွင်း ဝယ်ယူမှုမြင့်တက်လာတဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ အာလူးအဝင်ကလည်း နည်းနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဟဲဟိုး အမျိုးအစားက တစ်ပိဿာကို ၃၈၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး ၂၀၀ နီးပါး ကျပ်ဈေးတက်လာပါတယ်။
ဝတ်ရည်မွန်(AMIA)
ဦးခင်ရှိန်
လွန်ခဲ့သော ၅ နှစ် ကစားသုံးသူများ ထိတ်လန့်မှုမရှိစေရန် ဝင်မန့်ခွင့်ပြုပါ၊ စပါးလက်ကျန် လှောင်လက်မှာ သောင်းဂဏန်းမှ သိန်းဂဏန်းထိ အပြည့်ရှိပါတယ်၊ စိုးရိမ်မှုမရှိကြစေလိုပါ။
ဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးကိုတစ်ဧကဘယ်နှစ်ပြည်ကြဲသင့်လဲ
Sawsamson • ဖြေကြားချက် 1 ခု
2026တစ်နှစ်စာအတွက် တိုင်းဒေသအလိုက်ပေါ်ဆန်း ဆန်ဈေးနှုန်းကို ဘယ်လိုရှာလို့ရလဲ သိချင်လို့ပါ သိတဲ့သူများရှိရင် ပြောပြပေးပါအုံးရှင့်
Kyi Phyu Myint • ဖြေကြားချက် 2 ခု
ဝါဉဝယ်လိုသူများရှိပါသလာ
Sar Kar • ဖြေကြားချက် 1 ခု
ဆောင်းစပါးအတွက်။ ဘယ်ရက်က စပြီး မျိုးကြဲရလဲဆရာ။ စောလွန်းရင်လဲ စပါးမထွက်မှာဆိုးလို့။ လယ်တွေက။ ကုန်းလယ်မို့။ ရေက သိပ်မရှိတော့ဘူး ကြဲရင် ဘယ်ရက်ကစ။ ကြဲရက်ဝင်လဲ ဖြေပေးပါအုန်းဆရာ
Nwe Nwe aung • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026