၂၀၁၈ ခုနှစ် မတ်လ (ပထမ) ဆယ်ရက်ပတ်အတွင်း မိုးလေဝသ အခြေအနေ အကျဉ်းချုပ်နှင့် ၂၀၁၈ ခုနှစ် မတ်လ (ဒုတိယ) ဆယ်ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်

13/03/2018 10:47 AM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေ
 
ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာခဲ့ပါသည်။
 
မိုးရွာသွန်းမှု အခြေအနေ
 
၂၀၁၈ ခုနှစ်၊ မတ်လ ပထမဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ စစ်ကိုင်းဒေသကြီးအောက်ပိုင်း၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှ အပူချိန်တို့ခန့် တို့ခန့်သာရှိခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပျမ်းမျှအပူချိန်တို့ထက်ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ အောက်လျော့နည်းခဲ့ပါသည်။ 
 
မိုးရွာရက်များအနေဖြင့်-တနင်္သာရီတိုင်းဒေသကြီးတွင် (၂) ရက်ခန့် မိုးရွာသွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါ။ 
 
အမြင့်ဆုံးအပူချိန်အခြေအနေ
 
၂၀၁၈ ခုနှစ် မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း၊ နေ့အပူချိန်အခြေအနေများမှာ စစ်ကိုင်းတိုင်း ဒေသကြီး (အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၂) ဒီဂရီဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်ထိ၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၅) ဒီဂရီဖာရင်ဟိုက်အထိနှင့် မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် (၆)ဒီဂရီဖာရင်ဟိုက်မှ (၇) ဒီဂရီဖာရင်ဟိုက်အထိ မတ်လ(ပထမ)ဆယ်ရက်ပတ် ၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက်ပိုခဲ့ပါသည်။
 
အနိမ့်ဆုံးအပူချိန်အခြေအနေ
 
၂၀၁၈ ခုနှစ် မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ခန့်သာ ခဲ့ပြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် (၁) ဒီဂရီဖာရင်ဟိုက်ခန့်စီ၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃) ဒီဂရီဖာရင်ဟိုက်ခန့်နှင့် ချင်းပြည်နယ်တွင် (၇) ဒီဂရီဖာရင်ဟိုက်ခန့် မတ်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁) ဒီဂရီဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်ထိ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)တို့တွင် (၄) ဒီဂရီဖာရင်ဟိုက်မှ (၅) ဒီဂရီ ဖာရင်ဟိုက်အထိနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် (၇) ဒီဂရီဖာရင်ဟိုက်ခန့် မတ်လ(ပထမ)ဆယ်ရက်ပတ် ၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက်ပိုခဲ့ပါသည်။ 
 
လေထုအတွင်း ရေထုပါဝင်မှု အခြေအနေ
 
၂၀၁၈ ခုနှစ်၊ မတ်လ(ပထမ) ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ - မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၅၃%) မှ (၅၉ %) အကြား၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၃%) မှ (၇၀%) ကြား နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် (၇၂%) မှ (၈၃%)ကြား အသီးသီးရှိခဲ့ပါသည်။
 
ပင်ငွေ့ရေပျံနူန်း အခြေအနေ
 
၂၀၁၈ ခုနှစ်၊ မတ်လ(ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေပျံနူန်း) အခြေအနေများမှာ-စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၄၀ မီလီမီတာ)၊ (၄၉ မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅၂ မီလီမီတာ)မှ (၅၉ မီလီမီတာ)အတွင်းနှင့် မကွေးတိုင်းဒေသကြီးတွင် (၆၅ မီလီမီတာ)ခန့် အသီးသီးရှိခဲ့ပါသည်။
 
(ဖြစ်နိုင်စွမ်း ပင်ငွေရေပျံနူန်းအား HAGREAVES METHOD ဖြင့် တိုင်းတာပါသည်။)
 
မြေဆီလွှာအောင်းရေ အခြေအနေ
 
၂၀၁၈ ခုနှစ် မတ်လ (ပထမ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာ စိုစွတ်မှု အခြေအနေများမှာ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေဆီလွှာအောင်းရေအခြေအနေသည် (ခြောက်သွေ့) အခြေအနေတို့တွင် အသီးသီးရှိခဲ့ပါသည်။ 
 
စိုက်ပျိုးရေးမိုးလေဝသ ဌာနခွဲ

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်