နှင်း၊ ဆောင်းနှင်း၊ မြူ၊ မြူခိုး ဘယ်လိုခွဲမလဲ..?

14/02/2025 19:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မုန်တိုင်းများမရှိတဲ့ ဆောင်းတွင်းနဲ့ နွေရာသီမှာလဲ ရာသီဥတု/မိုးလေဝသဖြစ်စဉ်တွေ မြင်ကွင်းတွေက လေ့လာနေရတုန်းပါ။

မြန်မာပြည်မှာ နှင်းကျတာ(Snow fall)က ကချင်ပြည်နယ် မြောက်ဖျားမှာပဲရှိလို့၊ မဟုတ်ရင် ဆီးနှင်းတွေကျပြီး နွေမိုးဆောင်း ၃ ရာသီစလုံး အိမ်ထဲ ငုတ်တုတ်ထိုင်နေကြရတော့မှာ။

အဲ့ဒီတော့ ကြည့်လိုက်ကြရအောင် ...

ဆောင်းနှင့် နွေရာသီအစပိုင်း(နွေဦးရာသီအချိန်အတွင်း) နံနက်အစောပိုင်းတွင်တွေ့ရတတ်သည့် ဖြူဖွေးနေသည့်တိမ်ကဲ့သို့သောအလွှာကို မြန်မာနိုင်ငံတွင် အမျိုးမျိုးခေါ်ကြသည်။

တချို့က နှင်း၊ ဆောင်းနှင်း၊ မြူ၊ မြူခိုးစသည်ဖြင့်သူ့အရပ်အလိုက်ခေါ်ဆို အမည်ပေးထားကြသည်။

စိုက်ပျိုးရေးသမားများကလည်း မိုးမရွာသည့်ဆောင်းအကုန်-နွေအကူးကာလ နံနက်ခင်းတွင် စိုက်ပျိုးပင်ငယ်များအတွက် နံနက်ခင်းရေပေးသော "ဆောင်းနှင်းမိုး" "နှင်းမိုး" စသည့်နာမည်အပြင် အသီးကင်း၊ အပွင့်တို့ကြွေကျခြင်းဖြစ်လျှင် "နှင်းခါးရိုက်သည်" ဟု သူ့အရပ်နှင့်သူ ဘိုးဘွားအစဉ်အဆက် ခေါ်ဆိုအမည်ပေးလာခဲ့ကြပါတယ်။

အင်္ဂလိပ်ဘာသာတွင်လည်း ဆောင်းနံနက်ခင်း၏ မြင်ကွင်းအတွင်ပေါ်လာသမျှသော ရေခိုးရေငွေ့/မြူ/နှင်းစသည့် အရာတို့ကို Fog, Mist, Haze, Dew, Frost, Snow စသည်ဖြင့် ခွဲခြားခေါ်ကြတာပါ။

လေကြောင်းနှင့် ရေကြောင်းခရီးသွားလာမှုလုံခြုံရေးကို စီမံခန့်ခွဲတာဝန်ယူရသည့်အဖွဲ့အစည်းများက နိုင်ငံအလိုက်၊ ဘာသာအလိုက် မည်သို့ပင် ကွဲပြားစေကာမူ လေယာဉ်/သင်္ဘောများရင်ဆိုင်ရမည့် မိုးလေဝသဆိုင်ရာဝေါဟာရများ တပြေးညီဖြစ်စေရန် ဆောင်းနံနက်ခင်းမှ မြင်ကွင်းအားနည်းစေသည့်အရာများကို ထုတ်ပြန်ရာတွင် Fog, Mist, Haze, Snow စသည်ဖြင့် အသီးသီးခွဲခြားသတ်မှတ်ဖော်ပြကြပါတယ်။

လောလောဆယ်တော့ အင်္ဂလိပ်ဘာသာနဲ့ ဒီလိုခွဲခြားထားတဲ့ ဝေါဟာရတွေတွေ့တယ် ..

Fog နဲ့ Mist ဆိုတာက အမြင်တာ(Visibility)အကွာအဝေးအနည်းအများပေါ်မူတည်ပြီး term က ကွဲသွားတယ်။

Fog ဆိုရင် ၁ ကီလိုမီတာအဝေးဆုံးမြင်ရပြီး Mist ဆိုရင်တော့ ၁ ကီလိုမီတာထက်ပိုဝေးဝေးမြင်ရတယ်။

ဒါကြောင့် Light Fog, Thick Fog စသည်ဖြင့် ခွဲခြားခေါ်ကြတယ်။ Thick Fog ကျနေရင်တော့ ခရီးသွားများအန္တရာယ်ကင်းအောင် လေယာဉ်ကွင်းပိတ် လေယာဉ်တွေမတက်နဲ့/သင်္ဘောတွေကမ်းက မခွာနဲ့ပေါ့။

Haze ဆိုရင်တော့ လေထုထဲမှာပါတဲ့ အမှုန်အမွှားတွေကြောင့်(ရေခိုးရေငွေ့တွေကြောင့်မဟုတ်) မြင်ကွင်းက(ဓါတ်ပုံဆရာတွေအခေါ်နဲ့ဆိုရင် "ထုံ" နေတာပေါ့၊ ကြည်ကြည်လင်လင်မရှိဘူး)၊

အဲ့ဒီလိုဖြစ်စဉ်က ဒီနေ့ဖြစ်နေတဲ့ Air Pollution(လေထုညစ်ညမ်းမှု)နဲ့ဆက်နွယ်နေတယ်။ မနက်ပိုင်း အပူချိန်တွေကျပြီး Temperature နဲ့ Dew-Point ညီလာတဲ့အခါ မြေပြင်မှာ၊ သစ်ရွက်တွေပေါ်မှာ၊ အိမ်ခေါင်မိုးတွေ၊ ကားပေါ်တွေမှာ ရေစက်လေးတွေ သီးလာတာကို "Dew" လို့ခေါ်တယ်။

Frost ဆိုရင်တော့ ရေခဲမှတ်နားရောက်မှ မြေပြင်နဲ့ကပ်လျှက်က မြက်တွေ သစ်ရွက်တွေပေါ်မှာ ရေခဲမှုန်လေးတွေ စပြီး တွေ့လာရတာ။ နောက်တော့ ရေခဲတွေဖြစ်လာတယ်။ Frost ဆိုတာလဲ ချင်းပြည်နယ်/ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလို ရေခဲမှတ်နားနီးတဲ့ ဒေသတွေမှာဘဲ အအေးလှိုင်းဖြတ်တဲ့အခါ မြင်နိုင်တယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်