စိုက်/မွေးနယ်ပယ်မှာ အမျိုးသမီးများကို အားအပြုရဆုံး နိုင်ငံများ (၁)

04/06/2022 12:00 PM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

စိုက်ပျိုးမွေးမြူရေးဆိုတာက လူသားတွေရဲ့အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးကို တိုက်ရိုက်ဖြည့်ဆည်းပေးနေတဲ့နယ်ပယ်ပါ။ မြန်မာနိုင်ငံမှာတော့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်လို့ဆိုလိုက်တာနဲ့ အမျိုးသားတွေနဲ့ တွဲမြင်ကြတာများပါတယ်။ တချို့ဒေသတွေမှာတော့ အမျိုးသမီးတွေဦးဆောင်လုပ်နေတာတွေလည်း ရှိပါတယ်။

တကယ်တော့ အမျိုးသမီးတွေအနေနဲ့ ဒီစိုက်/မွေးကဏ္ဍမှာ ထဲထဲဝင်ဝင်ကို ပါဝင် သင့်ပါတယ်။ ဒီလိုပါဝင်ခြင်းအားဖြင့် ဘာတွေအကျိုးရှိစေနိုင်လဲဆိုတော့ ဝင်ငွေနဲ့ အစားအသောက်တွေကို ကိုယ်တိုင်ဖန်တီးရယူနိုင်မှာဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ စားနပ်ရိက္ခာဖူလုံစေသလို ဝင်ငွေတိုးအောင် ဖန်တီးနိုင်မှာလည်း ဖြစ်ပါတယ်။

စိတ်မကောင်းစရာကောင်းတာက စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေ အများဆုံးပါဝင်လုပ်ကိုင်နေတာက ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်တွေမှာ ဖြစ်နေတာပါ။ လေ့လာမှုတွေအဆိုအရတော့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ဟာ အမျိုးသမီးတွေအတွက် စီးပွားရေးနဲ့ လူမှုရေးပိုင်းမှာ အရမ်းအရေးကြီးပါတယ်တဲ့။

အမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင်စိုက်ခင်းတွေ၊ ကိုယ်ပိုင်မွေးမြူရေးခြံတွေ ပိုင်ဆိုင်မယ်ဆိုရင် နည်းပညာပိုင်းတွေပိုမြင်လာမယ်၊ ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်လာနိုင်မယ်၊ အမှီအခိုကင်းကင်းနဲ့ မိသားစုတွေကို ကျွေးမွေးစောင့်ရှောက်လာနိုင်မယ်၊ ဆင်းရဲမွဲတေမှုကနေ ရုန်းထွက်နိုင်တဲ့အခွင့်အလမ်းတွေ ပိုရလာမယ် စသဖြင့် အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်။ ဒီလို မိသားစုတနိုင်တပိုင်ကနေတဆင့် အဖွဲ့အစည်းကြီးတစ်ခုလုံးအထိ အကျိုးပြုမှုတွေက ကျယ်ပြန့်သွားနိုင်မှာပါ။

ဆိုတော့ ကမ္ဘာပေါ်မှာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေ အများဆုံး ပါဝင်လုပ်ကိုင်နေတဲ့ နိုင်ငံ (၅) နိုင်ငံကို ကြည့်လိုက်ကြရအောင်..။

(၁) ပါကစ္စတန်

ပါကစ္စတန်နိုင်ငံကတော့ စိုက်ပျိုးရေးကိုအဓိကထားရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကမ္ဘာလုံးဆိုင်ရာ ပထဝီအနေအထား၊ သဘာဝပတ်ဝန်းကျင်နဲ့ လက်ရှိအခြေအနေတွေကို ဖော်ပြပေးနေတဲ့ Worldatlas ဝက်ဘ်ဆိုဒ်ရဲ့အဆိုအရတော့ ပါကစ္စတန်ရဲ့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ လုပ်ကိုင်နေသူအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းက အမျိုးသမီးတွေပါတဲ့။

အမျိုးသမီးတွေကို အတင်းအကျပ်အလုပ်ခိုင်းစေမှုတွေ လျော့ကျလာတာတောင်မှ ပါကစ္စတန်ရဲ့စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာလုပ်ကိုင်နေသူတွေက အမျိုးသမီးတွေ ပိုများနေဆဲပါပဲ။

အားပိုစိုက်ရတဲ့ မြေပြင်တာမျိုးတွေဆို အမျိုးသားတွေကလုပ်နေတာပေမယ့် အပင်စိုက်တာ၊ ပေါင်းရှင်းတာမျိုးတွေမှာတော့ အမျိုးသမီးတွေပဲ အများစုလုပ်နေတာပါ။ ပါကစ္စတန်ဟာ ကမ္ဘာ့ဝါကုန်ကြမ်းထုတ်လုပ်မှုအများဆုံးနိုင်ငံထဲပါနေပြီး ဝါဆွတ်တဲ့ နေရာမှာတော့ အမျိုးသမီးအများစုက လုပ်ပါတယ်။

ဒီလိုလုပ်တဲ့အချိန်မှာတော့ နေလောင်ဒဏ်ခံရတာ၊ မြွေကိုက်ခံရတာ၊ ပိုးမွှားတွေကိုက်ခံရတာ၊ ဝါသီးတွေက လက်ကိုရှတာ စတဲ့ဒဏ်တွေကို ခံရတာရှိပါတယ်။

ကမ္ဘာကြီးအတွက် လိုအပ်တဲ့ အဝတ်အစားတွေ၊ စက်မှုထုတ်ကုန်တွေအတွက် သူတို့အဲ့ဒီလို ပေးဆပ်နေပေမယ့် သူတို့ရတဲ့လုပ်အားခကတော့ အနည်းငယ်သာရှိနေတာကတော့ မဖြစ်သင့်တဲ့အချက်တစ်ခု ဖြစ်နေဆဲပါပဲ။

 

(၂) တန်ဇန်းနီးယား

အရှေ့အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တန်ဇန်းနီးယားရဲ့ စားဝတ်နေရေးဟာလည်းစိုက်ပျိုးမွေးမြူရေးအပေါ်မှာ အခြေခံထားပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် ပါဝင်ပတ်သက်နေတာပါ။ အဲ့ဒီသုံးပုံနှစ်ပုံထဲမှာမှ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။

ဝါရှင်တန်တက္ကသိုလ်ရဲ့ ၂၀၁၁ တုန်းက လေ့လာမှုတစ်ခုရဲ့ အဆိုအရ စိုက်/မွေးနယ်ပယ်မှာ အမျိုးသမီးပါဝင်တဲ့ရာခိုင်နှုန်းဟာ ဘယ်ဆာဟာရတစ်ပိုင်းနိုင်ငံတွေထက်မဆို တန်ဇန်းနီးယားက ပိုများပါတယ်တဲ့။ အဲ့ဒီမှာ အမျိုးသမီးလူဦးရေစုစုပေါင်းရဲ့ ၈၁ ရာခိုင်နှုန်းက စိုက်ပျိုးမွေးမြူရေးအလုပ်တွေလုပ်ကြတာဖြစ်ပြီး တခြား ဆာဟာရတစ်ပိုင်း နိုင်ငံတွေမှာတော့ အများဆုံး ၅၅ ရာခိုင်နှုန်းပဲရှိပါတယ်။  

တန်ဇန်းနီးယားလယ်သမားအများစုဟာ တစ်ပိုင်တစ်နိုင် မိသားစုပိုင်လယ်ယာတွေမှာ လုပ်ကိုင်ကြတာဖြစ်ပြီး အများစုက ၂ ဟက်တာ( ၅ ဧကခန့်) အောက်သာ ပိုင်ကြ တာပါ။ ဒီလိုအမျိုးသမီးတွေက လယ်သမားဖြစ်နေကြပေမယ့် တန်ဇန်းနီးယားရဲ့ မြေယာဥပဒေအရ အမျိုးသမီးတွေမြေယာပိုင်ဆိုင်ခွင့်ကို တားမြစ်ထားတာကတော့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပါပဲ။

အမျိုးသမီးတွေကို စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အများဆုံးအားပြုနေရတဲ့ နောက်ထပ် နိုင်ငံ (၃) နိုင်ငံရဲ့အကြောင်းကိုတော့ အပိုင်း (၂) မှာ ဖော်ပြပေးသွားပါ့မယ်။

Ref; https://www.globalcitizen.org/en/content/women-in-agriculture-around-the-world/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်