စိုက်/မွေးနယ်ပယ်မှာ အမျိုးသမီးများကို အားအပြုရဆုံး နိုင်ငံများ (၂)

05/06/2022 12:00 PM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး၊ အငတ်ဘေးပြဿနာတွေကို ကျော်လွှားရေးအတွက် အဓိကကျတဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အရေးပါမှုက ကြီးမားတဲ့အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။

ဒါပေမဲ့ အမျိုးသမီးတွေရဲ့ရပိုင်ခွင့်တွေမှာတော့ အခက်အခဲ၊ မမျှတမှုတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ဒီအတွက် အဖြေရှာမှုတွေလည်း လိုအပ်ပါတယ်။

ကမ္ဘာပေါ်မှာ စိုက်ပျိုးမွေးမြူရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေကို အားအပြုရဆုံးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ တန်ဇန်းနီးယားနိုင်ငံတွေအကြောင်းကိုတော့ အပိုင်း (၁)မှာ ဖော်ပြပေးပြီးဖြစ်ပါတယ်။ အခု အပိုင်း (၂) မှာတော့ နောက်ထပ် ၃ နိုင်ငံရဲ့အကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

(၃) ဂမ်ဘီယာ

အာဖရိကန်နိုင်ငံတစ်နိုင်ငံပဲဖြစ်တဲ့ ဂမ်ဘီယာမှာလည်း စိုက်ပျိုးမွေးမြူရေးက နိုင်ငံရဲ့အရေးအကြီးဆုံးကဏ္ဍပါပဲ။ ကျေးလက်ဒေသနေ ဂမ်ဘီယာလူမျိုးတွေအတွက် စိုက်ပျိုးမွေးမြူရေးက တစ်ခုတည်းသော ဝင်ငွေရပေါက်ရလမ်းအလုပ်လို့တောင် ဆိုလို့ရပါတယ်။

နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းသောလူဦးရေက စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူတွေဖြစ်ပြီး အဲ့ဒီထဲကမှ ၃၈ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။

မတူညီတဲ့လူမျိုးစုတွေနဲ့ ဒေသတွေအကြား အရေအတွက်ကွဲပြားတာမျိုးရှိနိုင်ပေမယ့် နိုင်ငံ့စိုက်ပျိုးရေးကဏ္ဍရဲ့ ရေတင်စနစ်နဲ့စပါးစိုက်ပျိုးရေးကို ထိန်းချုပ်လုပ်ကိုင်နေတာက အမျိုးသမီးတွေပါတဲ့။

ထူးခြားတာကတော့ ဂမ်ဘီယာမှာက စပါးစိုက်ပျိုးရေးကို အမျိုးသမီးတွေရဲ့အလုပ် လို့ ယူဆထားကြတာပါပဲ။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် စီမံအုပ်ချုပ်ရေးပိုင်းနဲ့  မျိုးရွေးချယ်ရေးအပိုင်းမှာ ပိုတော်လို့ပါတဲ့။ ဒါကြောင့်လည်း ရွာတွေရဲ့အကြီးအကဲနေရာတွေမှာ စပါးစိုက်ပျိုးထုတ်လုပ်တဲ့ အနေ အထားပေါ်မူတည်ပြီး အမျိုးသမီးတွေက တန်းတူအခွင့်အရေးရကြပါတယ်တဲ့။

(၄) သီရိလင်္ကာ

သီရိလင်္ကာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေးက နိုင်ငံ့စီးပွားရေးရဲ့ အရေးအကြီးဆုံးအပိုင်းပါ။ နိုင်ငံရဲ့အလုပ်လုပ်တဲ့အမျိုးသမီးစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းခန့်ဟာလည်း စိုက်ပျိုးမွေးမြူရေးအလုပ်တွေ လုပ်နေကြတာပါ။

ရေလွှမ်းမြေတွေမှာ စိုက်ပျိုးရေးလုပ်တဲ့နည်း(အများအားဖြင့်စပါးစိုက်) ဖြစ်တဲ့ 'ချီန' လို့ခေါ်တဲ့ သီရိလင်္ကာရှေးဟောင်းစိုက်ပျိုးနည်းစနစ်ကို အများအားဖြင့်အမျိုးသမီးတွေကပဲ လုပ်ကြပါတယ်။ ဒါ့အပြင် ရိတ်သိမ်းချိန်လွန်အစားအစာထုတ်လုပ်ရေးပိုင်းတွေမှာလည်း အမျိုးသမီးအများစု ပါဝင်လုပ်ကိုင်ကြပါတယ်။

ဒါပေမဲ့ ရိုးရာလူမှုစံနှုန်းသတ်မှတ်ချက်တွေကြောင့် သီရိလင်္ကာရဲ့စိုက်ပျိုးရေးအရင်းအမြစ်တွေကို တန်းတူညီမျှရရှိရေးမှာတော့ အမျိုးသမီးတွေ ခက်ခဲနေဆဲပါ။

ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မိုးခေါင်မှုတွေဆက်တိုက်ဖြစ်နေလို့ သီးနှံတွေကနေ ဝင်ငွေမရဖြစ်နေတာကလည်း သီရိလင်္ကာစိုက်ပျိုးရေးကဏ္ဍကို ခြိမ်းခြောက်နေပါတယ်။ ဒါတွေကြောင့် အမျိုးသားအများစုဟာ မြို့ကြီးတွေကို တက်အလုပ်လုပ် နေရတော့ ထားရစ်ခဲ့တဲ့မြေတွေမှာ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ဟာ အမျိုးသမီးတွေရဲ့ တာဝန်တွေ ဖြစ်လာနေပါတယ်။

(၅) တူရကီ

နောက်ပိုင်း ဆယ်စုနှစ်တွေမှာ စိုက်ပျိုးရေးကဏ္ဍဟာ တူရကီနိုင်ငံအတွက် အရေးပါမှုလျော့လာပြီး အမျိုးသားတွေက တခြားစက်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်လာကြတော့ တူရကီရဲ့ မိသားစုပိုင်လယ်ယာတွေမှာလုပ်ကိုင်ရေးတာဝန်ကို အမျိုးသမီးတွေကယူလာရပါတယ်။ တူရကီမှာ အလုပ်လုပ်သူအမျိုးသမီးစုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းခန့်ဟာ စိုက်ပျိုးမွေးမြူရေးမှာလုပ်ကိုင်ကြပြီး အများစုကတော့ ကျေးလက်နဲ့ ဆင်းရဲတဲ့ဒေသတွေမှာပါ။

ကုလသမဂ္ဂစားနပ်ရိက္ခာဖူလုံရေးအဖွဲ့အစည်း (FAO) ရဲ့ မှတ်တမ်းတွေအရ တူရကီရဲ့ အမျိုးသမီးလယ်သမားအများစုဟာ လစာရတာမျိုးမရှိဘဲ ရာသီအလိုက်ရိတ်သိမ်း ချိန်မှာပဲ အများစုဝင်ရောက်လုပ်ကိုင်တာမျိုးဖြစ်လို့ တိကျတဲ့စာရင်းအရေအတွက် ရဖို့အတွက်တော့ အခက်အခဲရှိပါတယ်တဲ့။

အမျိုးသမီးလယ်သမားအများစုဟာ တရားဝင်အလုပ်သမားအဖြစ် သတ်မှတ်ထားတာမဟုတ်လို့ လူမှုရေးနဲ့ ပင်စင် အခွင့်အလမ်းတွေလည်း အများစု မရကြပါဘူး။

 

အထက်ဖော်ပြပါနိုင်ငံငါးနိုင်ငံရဲ့အခြေအနေတွေအရ ကမ္ဘာ့စားဝတ်နေရေးဖူလုံဖို့ ထုတ်လုပ်မှုတွေလုပ်ပေးရာမှာ အမျိုးသမီးတွေက မရှိမဖြစ်ဖြစ်နေပေမယ့် လုံလောက်တဲ့လုပ်ခလစာမရကြသေးသလို မလုံခြုံ မမျှတတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တာတွေ့ရပါတယ်။

တကယ်လို့များ စိုက်ပျိုးရေးနယ်ပယ်မှာ အမျိုးသမီးတွေအတွက် တန်းတူပညာပေးမှုနဲ့ အရင်းအမြစ်ပိုင်ဆိုင်မှုတွေသာပေးရင် အမျိုးသမီးတွေရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုပိုင်းမှာ ၃၀ ရာခိုင်နှုန်းလောက်တိုးလာနိုင်ပြီး ဒါဟာ ကမ္ဘာ့လူဦးရေ သန်း ၁၅၀ ခန့်ရဲ့ အငတ်ဘေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ National Geographic အဖွဲ့ကြီးက သုံးသပ်ပါတယ်။

အငတ်ဘေးပြဿနာတွေကို ဖြေရှင်းပြီး အမျိုးသမီးလယ်သမားတွေရဲ့စွမ်းဆောင်ရည်ကိုသာ မြှင့်တင်ပေးနိုင်မယ်ဆိုရင် ဆင်းရဲမွဲတေမှုကိုလျှော့ချနိုင်မှာဖြစ်သလို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်အံတုလာနိုင်မှာလည်း ဖြစ်ပါတယ်။

ဆိုတော့ မြန်မာနိုင်ငံမှာကော အမျိုးသမီးလယ်သမားတွေ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုမမျှတမှုတွေနဲ့ရင်ဆိုင်နေရပါသလဲ?

ဘယ်လိုအခွင့်အလမ်းတွေရဖို့ မျှော်လင့်ကြပါသလဲ??

Ref; https://www.globalcitizen.org/en/content/women-in-agriculture-around-the-world/

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်