စိုက်/မွေးနယ်ပယ်မှာ အမျိုးသမီးတွေ အသက်တမျှအရေးပါနေတဲ့ နိုင်ငံ ၅ နိုင်ငံ (၁)
ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ အမျိုးသမီးလုပ်သားတွေအများကြီး လုပ်ကိုင် နေကြရတယ်လို့ ကုလသမဂ္ဂအစားအစာနှင့်လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ထုတ်ပြန်ချက်တစ်ခုက ဆိုပါ တယ်။ ဒီလိုမျိုး အရေးပါတဲ့နေရာမှာ ပါဝင်နေပေမဲ့ သူတို့ဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ပိုခံစားကြရသလို ပညာရေးနဲ့ အခြေခံလိုအပ်ချက်တွေမှာလည်း လျော့နည်းရရှိနေကြရတယ်တဲ့။
လေ့လာမှုတွေအရတော့ အမျိုးသမီးတွေသာ လယ်ယာမြေပိုင်ဆိုင်ခွင့်၊ နည်းပညာသစ်တွေရရှိတွေ၊ ဝင်ငွေကို စီမံခန့်ခွဲနိုင်မှုတွေ ပိုမိုရရှိသွားမယ်ဆိုရင် သူတို့ရဲ့မိသားစုတွေကို ပိုမိုကျွေးမွေးလာနိုင်ပြီး သူတို့ကိုယ်တိုင် ဆင်းရဲ မွဲတေမှုနွံထဲကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အကျိုးကျေးဇူးတွေကို ခံစားကြရမှာက အဲ့ဒီအမျိုးသမီးတွေတင်မဟုတ်ဘဲ သူတို့ရဲ့မိသားစုတွေ၊ အသိုင်းအဝိုင်းတွေပါ ပါဝင်တာပါတဲ့။
ဆိုတော့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေက အဓိကကျောရိုးအဖြစ် ရှေ့တန်းကနေ ပါဝင် လုပ်ဆောင်နေရတဲ့ နိုင်ငံတွေက ဘယ်နိုင်ငံတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်..။

(၁) ပါကစ္စတန်
ပါကစ္စတန်က စိုက်ပျိုးရေးအခြေခံစီးပွားရေးနဲ့ အဓိကရပ်တည်နေရတဲ့နိုင်ငံပါ။ အဲ့ဒီစိုက်ပျိုးရေးထဲမှာမှ အမျိုးသမီးတွေ အဓိကပါဝင်လုပ်ဆောင်နေတာဖြစ်ပြီး အမျိုးသမီးလုပ်သားစုစုပေါင်းရဲ့ ၇၄ ရာခိုင်နှုန်းဟာ အဲ့ဒီနယ်ပယ်ထဲမှာ လုပ်ကိုင်နေကြတာလို့ WorldAtlas က ဆိုပါတယ်။
အမျိုးသားအများစုက မြေပြင်တဲ့အလုပ်မျိုးလို ကိုယ်ကာယအားပြုအလုပ်မျိုးတွေလုပ်ကြပြီး အမျိုးသမီးတွေ ကတော့ အပင်စိုက်နဲ့ ပေါင်းလိုက်တဲ့အလုပ်မျိုးတွေကို လုပ်ကြတာပါ။
ပါကစ္စတန်ဟာ ကမ္ဘာ့အကြီးဆုံးဝါကုန်ကြမ်းထုတ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမျိုးသမီးတွေဟာ ဝါကောက်ကြ ရပါတယ်။ ကွင်းထဲမှာ အမျိုးသမီးတွေဟာ နေပူပြင်းတဲ့ဒဏ်၊ မြွေနဲ့ပိုးမွှားတွေကိုက်ခံရတဲ့ဒဏ်တွေ ခံစားကြရသလို ဝါလုံးတွေရှလို့ လက်တွေကွဲရှတဲ့ဒဏ်တွေလည်းခံကြရပါတယ်။ ဒါပေမဲ့ လုပ်ခလစာရတော့ နည်းနည်းလေးပါတဲ့။
ဒီလိုမျိုး သူတို့ရဲ့လုပ်အားတွေစတေးပြီး ရလာတဲ့ ဝါတွေကတော့ ကမ္ဘာအနှံ့မှာ အဝတ်အစားတွေလုပ်ဝတ်၊ လီနင်သားတွေလုပ်၊ စက်မှုထုတ်ကုန်တွေ ဖြစ်ကြလို့..။
(၂) တန်ဇန်းနီးယား
အာဖရိကနိုင်ငံ တန်ဇန်းနီးယားဟာ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနယ်ပယ်ကို အခြေခံ ထားရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လုပ်သားဦးရေစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဟာ ဒီနယ်ပယ်မှာ လုပ်ကိုင်နေကြတာပါ။ အမျိုးသမီးလုပ်သားချည်းသီးသန့်အနေနဲ့ဆိုရင်တော့ ၇၀ ရာခိုင်နှုန်းဟာ ဒီစိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
ကန္တာရတစ်ပိုင်းနိုင်ငံတွေအားလုံးထဲမှာတော့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးလုပ်သားအများဆုံးက တန်ဇန်းနီးယားနိုင်ငံပဲဖြစ်ပါတယ်။ တန်ဇန်းနီးယားလယ်သမားအများစုကတော့ မိသားစုပိုင်လယ်ယာတွေကိုပဲ လက်ဆင့်ကမ်းလုပ်လာကြတာဖြစ်ပြီး ၂ ဟက်တာ (၅ ဧကခန့်) အောက်သာ မြေယာပိုင်ဆိုင်ကြတာပါ။ ဒီထဲမှာ မှ အမျိုးသမီးတွေ အတိတ်ကာလတုန်းက ရင်ဆိုင်ခဲ့ကြရတဲ့ ပြဿနာတစ်ခုက အမျိုးသမီးတွေမြေယာပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေတွေပဲ ဖြစ်ပါတယ်။
(ကျန်နိုင်ငံများအကြောင်းကို အပိုင်း (၂) တွင် ဆက်လက်ဖော်ပြသွားပါမည်)
Ref: https://www.globalcitizen.org/en/content/women-in-agriculture-around-the-world/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Thet..
လွန်ခဲ့သော ၃ နှစ် ကမြန်မာနိုင်ငံကောပါနိုင်လား။ဘာကြောင့်လဲဆိုတော့ယောက်ကျားးေလးတော်တော်များများကပြည်ပထွက်အလုပ်လုပ်တာများနေပြီဆိုတော့။
ဆက်စပ်မေးခွန်းများ
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 0 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 0 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....