ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ

22/11/2021 13:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ရေဆင်းကုလားပဲ - ၃

- သက်တမ်းအားဖြင့် (၈၀-၈၅)ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၅) ရက်ခန့်ရှိပါသည်။

- တစ်ပင်ပါသီးတောင့် (၂၅-၃၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၂၈) ဂရမ်ရှိသည်။ အစေ့အရောင်မှာ ခရင်မ် (Cream) ရောင်ဖြစ်ပါသည်။

- ရေမြေရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် (၂၀-၂၂) တင်းထိ ထွက်ရှိနိုင်ပါသည်။

- အသက်လျင်ပြီး ဈေးကွက်ဝင်အရည်အသွေးရှိ၍ တောင်သူများ အထူးကြိုက်နှစ်သက်ကြပါသည်။ 

ရေဆင်းကုလားပဲ - ၄

- အပင်သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၅) ရက်ခန့်ရှိပါသည်။ 

- တစ်ပင်ပါသီးတောင့် (၂၀-၂၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၂၂) ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။

- တစ်ဧကအထွက်နှုန်းမှာ (၁၈-၂၀) တင်းဖြစ်ပါသည်။

- မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဆည်ရေသောက်ဒေသများတွင် စပါးပြီး သီးထပ်အဖြစ်စိုက်ပျိုးရန် အထူးသင့်တော်ပါသည်။

ရေဆင်းကုလားပဲ - ၆

- သက်တမ်းအားဖြင့် (၉၀-၉၅) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။ 

- တစ်ပင်ပါသီးတောင့် (၃၀-၃၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၀)ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။

- တစ်ဧကအထွက်နှုန်းမှာ (၂၅-၃၀) တင်းဖြစ်ပါသည်။

- သက်လတ်ကုလားပဲအနီမျိုးဖြစ်၍ အပူဒဏ်ခံနိုင်သောမျိုးဖြစ်ပါသည်။ လယ်သီးထပ်နှင့် စိုက်ချိန်နောက်ကျသောဒေသများတွင် သင့်တော်ပါသည်။

ရေဆင်းကုလားပဲ - ၈

- သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။

- တစ်ပင်ပါသီးတောင့် (၂၅-၃၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၂) ဂရမ်ရှိသည်။ အစေ့အရောင်မှာ အဖြူရောင်ဖြစ်ပါသည်။

- တစ်ဧကအထွက်နှုန်းမှာ (၂၂-၂၅) တင်းဖြစ်ပါသည်။

- သက်လျင်၊ အစေ့ကြီး ကုလားပဲအဖြူမျိုးဖြစ်ပြီး ပြည်ပဈေးကွက်ဝင်အရည်အသွေးရှိပါသည်။ 

ရေဆင်းကုလားပဲ - ၁၁

- သက်တမ်းအားဖြင့် (၉၀-၉၅) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။

- တစ်ပင်ပါသီးတောင့် (၃၅-၄၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၅) ဂရမ်ရှိသည်။ အစေ့အရောင်မှာ ခရင်မ်ရောင်ဖြစ်ပါသည်။

- တစ်ဧကအထွက်နှုန်းမှာ (၂၅-၂၇) တင်းဖြစ်ပါသည်။

- သက်လတ်ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ အစေ့ကြီး ကုလားပဲအဖြူမျိုးဖြစ်ပါသည်။

ရေဆင်းကုလားပဲ - ၁၂

- သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၀-၄၀_ ရက်ခန့်ရှိပါသည်။

- တစ်ပင်ပါသီးတောင့် (၃၀-၄၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၂)ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။

- တစ်ဧကအထွက်နှုန်းမှာ (၂၅-၂၈) တင်းဖြစ်ပါသည်။

- သက်လျင် ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ (အစေ့ကြီး) ကုလားပဲအနီမျိုးဖြစ်ပါသည်။

Source- စိုက်ပျိုးရေးဦးစီးဌာန


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်