မက်ဖလက်(ချ်) ၇၅% ဒဗလျူပီ
English Name : Map Flash 75% WP
Registration No : 2012 - 1135
(ပင်လုံးပျံ့ရေဖျော်မှိုသတ်ဆေးမှုန့်) မက်ဖလက်(ချ်)သည် ပင်လုံးပြန့် အာနိသင်ရှိပြီး ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ သီးနှံပင်၏ အရွက်မှ လျင်မြန်စွာ စုပ်ယူပျံ့နှံ့စေနိုင်သည်။ သီးနှံစိုက်ခင်းများတွင် ဖြစ်တတ်သော ခါးရိရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ အကြေးဖက်ရောဂါ၊ စပါးဂုတ်ကျိုးရောဂါ၊ ရွက်ပြောက်ရောဂါတို့ကို ကာကွယ် နှိမ်နင်းပေးနိုင်သည်။ ရေတွင် ကောင်းစွာ ပျေိာ်ဝင်နိုင်သည့် မှိုသတ်ဆေးဖြစ်သည်။
စပါးတွင် ကျရောက်သော ဂုတ်ကျိုးရောဂါ အတွက် ဆေးနှုန်းထားမှာ ၁ဧကလျှင် ၁၀၀-၁၂၅ဂရမ် နှုန်း ဖြစ်ပါသည်။ ရေ၁၆လီတာလျှင် ဆေး၁၆-၂၀ဂရမ်နှုန်း အသုံးပြုပေးနိုင်ပါသည်။ ဆေးဖျန်းပြီး ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် ရက်မှာ ၁၄ရက် ဖြစ်ပါသည်။ သီးနှံတစ်ရာသီ (၁)ကြိမ်ခန့်သာ ပက်ဖျန်းပါ။ ကြိုတင်ပက်ဖျန်းခြင်းက ပို၍ သင့်တော်ပါသည်။ (၁၆)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးမှုန့် (၁၀-၁၅)ဂရမ်နှုန်းဖြင့် အပင်အရွယ်အစားအလိုက် တစ်ဧကလျှင် ဆေးဖျန်းပုံး (၆-၈)ပုံးနှုန်းဖျန်း၍ သီးနှံပင်ပေါ်သို့ နှံ့စပ်အောင် ပက်ဖျန်းပေးရပါမည်။ ဆေးဖျန်းပြီး အနည်းဆုံး (၂၄)နာရီနောက်ပိုင်းမှ စိုက်ခင်းအတွင်း ဝင်ရပါမည်။
သတိပြုရန်
- မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိစေရန် ဂရုပြုပါ။ ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။
- ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန်ဝတ်ဆင်ပြီးမှ အသုံးပြုပါ။
- အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးပါ။
- ဆေးကို မျိုချခြင်း၊ အသားထဲစိမ့်ဝင်ခြင်း ဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။
- ဆေးကိုင်တယ်အသုံးပြုစဉ် အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုရ။
သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း
- ရေ၊ အစားအသောက်ပစ္စည်းများနှင့် ရောနှော သိုလှောင်ခြင်း၊ စွန့်ပစ်ခြင်းမပြုရ။
- ဆေးဘူးအလွတ်များကို လုံခြုံ စိတ်ချရသော နေရာများ၎င်၌ စွန့်ပစ်ပါ။ မြစ်၊ ချောင်း၊ အင်းအိုင်အနီး မစွန့်ပစ်ရ။
- ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးသောနေရာတွင် သိမ်းဆည်းပါ။
- ဆေးဘူးခွံများကို ပြန်လည်မသုံးရ၊ ဖျက်ဆီး၍ မြေမြှုပ်ပစ်ပါ။
ရှေးဦးပြုစုခြင်း
- ဆေးဖျန်းရာတွင် သုံးသောပစ္စည်းများအား ရေ၊ ဆပ်ပြာများနှင့် ဆေးကြောလျှော်ဖွတ်ပါ။
- ဆေးကို မျိုမိပါက အော့အန်အောင် ပြုလုပ်ပါ၊ မေ့မျောနေပါက လူနာကို ငြိမ်သက်စွာထားပြီး လေကောင်းလေသန့်ရအောင် ပြုလုပ်ပေးပါ။
- အသက်ရှူနိုင်အောင် ကူညီဆောင်ရွက်ပေးပါ။ လူနာအား ဆေးဘူး၊ ဆေးထုပ်များနှင့်အတူ ဆရာဝန်ထံသို့ပြသပါ။