အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
651
လွန်ခဲ့သော ၁ နှစ် က · ပြည်

ကွမ်းဆီကွက်တွေဝင်နေလို့ ကျနော်သည်သြော်ဂဲနစ်တမျိုးထဲသုံးတာတစ်နုစ်လောက်ရှိပြီဗျ ထရုိင်ကိုဒါးမား ကိုထန်းလျက်နဲ့စိမ်သုံးတယ်ဗျ ဒီတိုင်းပဲဆက်သွားသင့်သလား ဓာတုဘက်သွားရင်လဲ အနုဇီဝတွေလဲသေမှာဆိုးတယ် အနုဇီဝကအကြာကြီးနေတာလား ဒါမှ မဟုတ်ဖြန်းပြီး ဉတုအချေအနေကြောင့်သေသွားတာလား ဆီကွက်ဝင်တဲ့အကြောင်းအရင်းကဘာလဲဗျ ဆယ်နုစ်ရက်တစ်ခါလောက်ထရိုင်ကိုဒါးမားဖြန်းနေတာကိုဗျာ ဓာတုဘက်ပြောင်းသင့်လားဗျ ပညာရှင်များအားဒီစာနုင့်တကွ အကူအညီတောင်းလိုက်ပါတယ်ဗျ ဆရာအပေါင်းကျမ်းမာပါစေ

ပိုးမွှားရောဂါ ကွမ်း ကွမ်းဆီစွန်းရောဂါ
Post image
Post image
Post image
Post image
အတည်ပြုပြီး 1,115,243 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အကြံပေးချင်တာကတော့၊ ထရိုင်ကိုဒါးမားက မှိုသတ်ဆေးသာဖြစ်ပြီး၊ဆီစွန်းရောဂါက ဘက်တီးရီးယားရောဂါဖြစ်ပါတယ်။ဒါကြောင့် ဘက်တီးရီးယား ကာကွယ်ဆေးဖျန်းပေးရမှာဖြစ်ပါတယ်။ ကော့ပါးဟိုက်ဒြောက်ဆိုဒ်နဲ့ ဘစ်စမာသိုင်ယာဇိုးဖျန်းသင့်ပါတယ်။ သို့မဟုတ် ရောဂါရအရွက်တွေကိုခူးယူဖျက်ဆီးပါ။ဘောင်ပေါ်ကို ထုံးဖြူးပါ။

340,104 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်
You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
လွန်ခဲ့သော ၁ နှစ် က · ဒက္ခိဏသီရိ

မျိုးစေ့ထုတ်စိုက်ခင်းတွေမှာ အလံရွက်ဖြတ်တာ ဘာကြောင့်ပြုလုပ်ကြတာလဲရှင့်

ခေတ်သစ်စိုက်ပျိုးရေး စပါး အလံရွက်ဖြတ်ခြင်း
အတည်ပြုပြီး 1,115,243 လွန်ခဲ့သော ၁ နှစ် က

မျိုးသန့်စပါးရဖို့အတွက်၊အလံရွက် ဟာ ပိုးမွှား၊ရောဂါလက်ခံ တဲ့ အရွက်ဖြစ်လို့ ဖြတ်ကြတာလို့ဆိုပါတယ်။ ယခင်သိထားကြတာက အလံရွက်သည် အနှံကိုအာဟာရထောက်ပံ့တံ့ အဓိကအရွက်လို့ မှတ်ထားကြတာပါပဲ။

340,104 လွန်ခဲ့သော ၁ နှစ် က

နားလည်မှုလွဲတာများဖြစ်မလားဗျ အလံရွက်ဖြတ်တာမဟုတ်ဘဲ စပါးအပင်စုံညီညာရန်အရွက်ဖျားတွေဖြတ်တာဖြစ်နိုင်မလားဗျ။ မျိုးကွဲပါလို့ အလံရွက် အနေအထားမတူတဲ့အပင်များပါလာရင် အလံရွင်ဖြတ်ရုံတင်မရဘဲ နှုတ်ပြစ်မှသာလျှင်မျိုးကောင်းမျိုးသန့်ရပါမယ်ဗျ

You
125
လွန်ခဲ့သော ၁ နှစ် က · မကွေး

မြေပဲခင်း လှေးပိုး၊ရွတ်လိပ်၊ရွတ်စားပိုး ကျနေသလားလို့ပါဗျာ ဘယ် Ai ပိုးသတ်ဆေးဖျန်းသင့်လဲ ပုံကြည့်ပြီး ပြောပေးကြပါဦးဗျ

ပိုးမွှားရောဂါ မြေပဲ မြေပဲ ရွက်လိပ်ရွက်ကပ်ပိုး
Post image
Post image
Post image
125 လွန်ခဲ့သော ၁ နှစ် က

ဟုတ် ကျေးဇူးပါဗျ

340,104 လွန်ခဲ့သော ၁ နှစ် က

ရွက်လိပ်ရွက်စားပိုးကျရောက်နေတာပါခင်ဗျာ Chlorantraniliprole, Lambda cyhalotharin,Spinosad, Deltamethrin, Dimethoate, Acephate တမျိုးမျိုးဖျန်းပေးနိုင်ပါသည်။

You
2
လွန်ခဲ့သော ၁ နှစ် က · ပြည်

ဘာရောဂါလဲ ဆရာတို့ ဘာဆေးတွေဖြန်းရမလဲ

ပိုးမွှားရောဂါ စပါး စပါးမှိုသီးရောဂါ
Post image
340,104 လွန်ခဲ့သော ၁ နှစ် က

စပါးမှိုသီးရောဂါပါခင်ဗျာ၊ ရောဂါပိုးအမည် ‒ စပါးမှိုသီးရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Ustilaginoidea virens ကာကွယ်နှိမ်နှင်းနည်း ရောဂါကျစိုက်ခင်းမှ မျိုးစေ့ကိုပြန်မသုံးပါနှင့်။မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့်လူးနယ်ပြီးမှစိုက်ပါ။ အနှံမထွက်မီရက်အနည်းငယ်အလိုတွင်မှိုသတ်ဆေးဖျန်းပါ။ အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ (က) Propiconazole (ပရိုပီကိုနာဇိုး) (ခ) Azoxystrobin (အဇိုစီစတိုဘင်) (ဂ) Benomyl (ဘီနိုမိုင်း) (ဃ) Carbendazim (ကာဗန်ဒါဇင်) အနှံမထွက်မီဖျန်းပက်ကာကွယ်ပေးနိုင်မှအကောင်းဆုံးပါဗျ။ အခုကမိမိစိုက်ခင်းအနှံထွက်မစုံသေးဘူးဆိုရင်တော့ Azoxystrobin, Propiconazole တစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်ဗျ။

You
ဖြေလည်သော အဖြေရရှိပြီး
4
လွန်ခဲ့သော ၁ နှစ် က · မြစ်သား

နွားကျင်ငယ် ပင်ဖျန်းရင် ရနိုင်တဲအကျိုးကိုပြောပေးပါ

အပင်အာဟာရ စပါး နွားသေး အကြောင်း
340,104 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်
You
582
လွန်ခဲ့သော ၁ နှစ် က · ကဝ

မနှစ်ကစပါးအပြီးဆောင်းပဲတီစိမ်းပါ အသီးကင်းလေးတွေကြီးမလာဘဲဒီလိုခြောက်သွားတာ ဘာဖြစ်လို့လဲဗျ ဒီနှစ်အတွက်ပြင်ဆင်ရအောင်ပါဆရာခဗျ စိုက်ပျိုးနည်းလား မြေဆီလွာလား ပ်ိုးရောဂါလား အပင်အဟာရလား မသိလို့မေးချင်တာလေ ဘာတွေ ရွေးခိုင်းနေတာလဲဗျာ

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းလှေးပိုး
Post image
Post image
Post image
340,104 လွန်ခဲ့သော ၁ နှစ် က

လှေးပိုးအကောင်များမတွေ့ရတော့ခြင်း၊လှေးပိုးကြောင့် အရွက်တွန့်တာမျိုးဆက်လက် မဖြစ်တော့ခြင်းဆိုရင်နိုင်တယ်လို့ယူဆရပါမယ်ဗျ။ Nအချိုးများ P,Kအချိုးနည်း အားဆေးနှင့် အနည်းလိုအဟာရများဖြစ်တဲ့ Ca,Boron,Zn တို့လိုအားဆေးများကို အပင်ပန်းမပွင့်ခင်၂ကြိမ်လောက်ဖျန်းပေးသင့်ပြီး၊အသီးပွင့်အားဆေးP,Kအချိုးများအားဆေးကိုပန်းစပြချိန်မှစ၍ ၂ကြိမ်လောက်ဖျန်းပေးသင့်ပါတယ်ဗျ။ဘိုရွန်များများပါအားဆေးကို အပင်ငယ်စဉ်မှာသို့မဟုတ်ပန်းစပြချိန်မှာ ဖျန်းပေးသင့်ပါတယ်။

582 လွန်ခဲ့သော ၁ နှစ် က

ဘိုရွန်အတွက် ကအပင်ဘယ်အရွယ်မှာ ထဲက ထည့်ဖြန့်သင့်လည်းဆရာခဗျ ။ အသီးအပွင့်အားဆေးကို ပန်းမပြခင်ထဲက ဖြန်းရတာလား? ပန်းပြမှစဖြန်းရတာလား? ။ လေးပိုးဆိုးတယ် လေးပိုနိုင်တယ်ဆိုတာ ဘယ်လိုသိနိုင်လဲ ဖြေကြား ပေးပါဦးဆရာတို့ခဗျ ရိုသေလေးစားလျက်ပါ

You
2
လွန်ခဲ့သော ၁ နှစ် က · အင်္ဂပူ

NaCo3 0.04% ဆိုတာဘာကိုခေါ်တာလဲခင်ဗျာ ဘယ်လိုအသုံးပြုရတာလဲခင်ဗျာ လမ်းညွှန့်ပေးပါအုန်းခင်ဗျာ

စိုက်ပျိုးနည်း နာနတ်သီး နာနတ်သီးအချဉ်ဓာတ်လျော့နည်းစေရန်
အတည်ပြုပြီး 1,115,243 လွန်ခဲ့သော ၁ နှစ် က

နာနတ်သီးတွေချဉ်ရင်၊အချဉ်ဓာတ်လျော့အောင် ၊NaCo3 ဖျော်ရည်စိမ်ခြင်း/ဆေးခြင်းပြုလုပ်တယ်လို့ဆိုပါတယ်။

340,104 လွန်ခဲ့သော ၁ နှစ် က

ဆိုဒီယမ်ကာဗွန်နိတ်လို့ခေါ်ပါတယ်၊ မြေချဉ်ခြင်းကို ပြုပြင်ရာတွင်အသုံးပြုပါတယ်ခင်ဗျာ၊

You
858
လွန်ခဲ့သော ၁ နှစ် က · မြောင်းမြ

ပဲတီစိမ်းပိုးကာကွယ်ဖို့ အပင်အားဆေးဖြန်းတိုင်းရောဖြန်းလို့ရလား

ပိုးမွှားရောဂါ ပဲတီစိမ်း ပိုးသတ်ဆေးနဲ့အားဆေးရောဖြန်းခြင်း
340,104 လွန်ခဲ့သော ၁ နှစ် က

ယေဘုယျအားဖြင့်ရောဖျန်းလို့ရပါတယ်ဗျ၊သို့ပေမယ့် ပိုးကာကွယ်ရန်တစ်ကြိမ်ဖျန်းပြီးလို့မှ ဘာပိုးမှမကျဘူးဆိုရင်တော့ ဖျန်းစရာမလိုပါဘူးဗျ၊ကုန်ကျစရိတ်များနိုင်ပါတယ်။

You
193,294
ရေးသားသူ
လွန်ခဲ့သော ၁ နှစ် က · ပဲခူး

အစိမ်းရောင်လမ်းက ဝက်မွေးမြူနည်း သင်တန်းပေးမယ်ဆို စိတ်ဝင်စားကြလား

မွေးမြူနည်း
25 လွန်ခဲ့သော ၈ လ က

စိတ်ဝင်စားသည်

393 လွန်ခဲ့သော ၁၀ လ က

စိတ်ဝင်စားပါတယ်

You
5
လွန်ခဲ့သော ၁ နှစ် က · မှော်ဘီ

Hello….. သဘ်ောပင် ကို စီးပွါးဖြစ် စတင် စိုက်ပျိုးချင်လို့ပါခင်ဗျာ စိုက်ပျိုးရေးနည်းလမ်းများနဲ့ ဆောင်ရန်ရှောင်ရန်များ ကို ဘယ်ကနေ လေ့လာလို့ ရနိုင်ပါလဲခင်ဗျာ

စိုက်ပျိုးနည်း သင်္ဘော သင်္ဘောစိုက်ပျိုးနည်း
အတည်ပြုပြီး 323,761 လွန်ခဲ့သော ၁ နှစ် က

ကိုခွန်ရေးထားတဲ့ သင်္ဘောစိုက်ပျိုးနည်းကို ဖတ်ပါဗျ သင်္ဘောပင် စိုက်ပျိုးနည်း

You
254
လွန်ခဲ့သော ၁ နှစ် က · မြောင်

ဆောင်းသီးနှံ မက်ပဲစိုက်ပြီးပါပြီ ပေါင်းတွေများနေလို့ ရွေးချယ်ပေါင်းသက်ဆေး ဘာဆေးဖျန်းရမလဲ ပြောပြပေးပါအုန်း

စိုက်ပျိုးနည်း မတ်ပဲ ရွေးချယ်ပေါင်းသတ်ဆေးများ
116 လွန်ခဲ့သော ၁ နှစ် က

လူနဲ့နှုတ်လိုက်ပါ🤣

340,104 လွန်ခဲ့သော ၁ နှစ် က

မတ်ပဲကြဲပက်ပြီးအပင်ပေါက်ခါစ ပေါင်းမြက်များမထွက်ပေါ်ခင်ကတည်းက Pendimethalin ပါသောပေါင်းအုပ်ဆေးဖျန်းပက်ခဲ့မယ်ဆိုရင်ပိုထိရောက်ပါမယ်။အခုတော့ ပေါင်းမြက်များထွက်ပေါ်ပြီးပြီဆိုမှတော့ ပေါင်းပင်ငယ်သေးတယ်ဆိုရင်တော့ Oxyfluorfen ပါသော ပေါင်းသတ် ဆေးဖျန်းပေးလို့ရပါတယ်။သို့မဟုတ် နောက်၆လအတွင်းနှမ်းမစိုက်ဘူးဆိုရင်တော့ Imazethapyr, Fomesafen တမျိုးမျိုးဖျန်းပေးလို့လည်းရပါတယ်ဗျ။

You
173
လွန်ခဲ့သော ၁ နှစ် က

ဆန်/စပါးစျေးနှုန်းတွေကို ဆန်ကုန်သည်ကြီးများ ထုတ်ပြန်တဲ့စျေးရယ် တိုင်း/ဒေသကြီးအလိုက်ကစျေးနှုန်းရယ်/မြို့ကြီးတွေအလိုက်ပွဲရုံကြီးတွေရဲပျမ်းမျှစျေးတွေသိချင်ပါတယ်

စိုက်ပျိုးစီးပွား စပါး ပြည်တွင်းသီးနှံဈေးကွက်
173 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူး ပါ ခင်ဗျာ...

392 လွန်ခဲ့သော ၁ နှစ် က

စပါးစျေးရောတိုင်းနဲ့ပြည်နယ်အလိုက်တင်ပေးပါခမျာ

You
1,110
လွန်ခဲ့သော ၁ နှစ် က · တံတားဦး

ပဲတောင့်ရှည် လှေးပိုးကျနေတယ် ဆေးလဲဖြန်းတယ် လှေးမနိုင်ဘူးဖြစ်နေတယ်လှေး ဆေးကောင်းကောင်းလေး များရှိရင်ပြောပြပါအုံးခဗျ

အပင်အာဟာရ ပဲတောင့်ရှည် ပဲတောင့်ရှည် လှေးပိုး
1,404 လွန်ခဲ့သော ၁ နှစ် က

တမာဆီဖြန်း​ပေးရင်အဆင်​ပြေပါတယ်

340,104 လွန်ခဲ့သော ၁ နှစ် က

Fipronil, Thiamethoxam တမျိုးမျိုး ၇ရက်ခြားအလှည့်ကျဖျန်းပေးပါ

You
ဖြေလည်သော အဖြေရရှိပြီး
1,110
လွန်ခဲ့သော ၁ နှစ် က · တံတားဦး

ပဲတောင့်ရှည်မှာ အပွင့်တွေလှိုင်လှိုင်ပွင့်နေ တဲ့အချိန်ကျ သီးပွင့်အားဆေး ပိုးသတ်ဆေးတို့ကို ဘယ်အချိန်မှာဆေးဖြန်းသင့်လဲ ခဗျ

အပင်အာဟာရ ပဲတောင့်ရှည် ပဲတောင့်ရှည်ဆေးဖျန်းချိန်
340,104 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပိုးဆေးညနေခင်းမှာဖျန်းပေးသင့်ပါတယ်၊ အားဆေးသီးသန့်ဆိုရင်တော့ မနက်ဖြစ်ဖြစ်ညနေဖြစ်ဖြစ်ဖျန်းပေးဖို့သင့်တော်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
60
လွန်ခဲ့သော ၁ နှစ် က · ဂန့်ဂေါ

ခရမ်းချဉ် ပင်ကိုအစာဘလိုကြွေးကြရလဲဗျ

မြေဆီလွှာ ခရမ်းချဉ် ခရမ်းချဉ်မြေသြဇာကျွေးနည်း
အတည်ပြုပြီး 1,115,243 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ် အစာကျွေးရင်၊မြေဩဇာနဲ့ အပင်မထိအောင်ကျွေးပါ။ရေသွင်းမြောင်းထဲ ပါးပါးပက်ပြီး ၊ရေသွင်းပေးတာပါပဲ။ အချို့ကတော့ အပင်ခြေ နဲ့ ၆လက်မခွာပြီး ကျင်းဖောက်ကျွေးကြပါတယ်။

340,104 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စိုက်ပျိုးပြီး၃လသားတွင် ပုလဲကျွေးပြီး မြေတောင်မြှောက်ပေးသင့်ပါတယ်။ ကွန်ပေါင်းမြေဩဇာတမျိုးမျိုး၊ဂျစ်ဆမ်သို့မဟုတ် ပုလဲကို အပင်လှန်ချိန်၊ပန်းစတင်ပွင့်ချိန်၊ပထမပန်းခိုင်အသီးတင်ချိန်၊ပထမအကြိမ်အသီးခူးချိန်၊ဒုတိယအကြိမ်အသီးခူးချိန်တို့မှာထည့်သွင်းပေးသင့်ပါသည်။ မြေသြဇာကို နှုန်းထားနည်းနည်းဖြင့် အကြိမ်ကြိမ်ခွဲကျွေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။