အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
359
လွန်ခဲ့သော ၁ နှစ် က · မင်းလှ

ပရိုဖီနိုဖော့ ai ကဘယ်ပိုးတွေကို အဓိက နိုင်တာလဲ ဆရာ

ပိုးမွှားရောဂါ ပဲတောင့်ရှည် ပိုးသတ်ဆေးအေအိုင်များ
2,179 လွန်ခဲ့သော ၁၁ လ က

စုပ်စားပိုးတွေကိုအထူးပြုပါတယ်ခင်ဗျ

300,180 လွန်ခဲ့သော ၁ နှစ် က

စာဖြင့်မဖြေကြားအားလို့ သီးနှံစုံပိုး/ရောဂါလက္ခဏာများကို ပုံနှင့်တကွလေ့လာလို့ရသောPlant Protection ‌Application မှာပါဝင်သော ပုံဖြင့်ဖြေကြားပေးလိုက်ပါတယ်ဗျ

You
545
လွန်ခဲ့သော ၁ နှစ် က · ဟင်္သာတ

ပိုတက်ချို့တဲ့တာလား ဘက်တီးရီယားလား ခဗျ

Post image
Post image
Post image
Post image
Post image
120 လွန်ခဲ့သော ၁ နှစ် က

ဘတ်တီးရီးယား ထင်တာပဲ

300,180 လွန်ခဲ့သော ၁ နှစ် က

ရောဂါပိုးအမည် ‒ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xanthomonas oryzae pv. Oryzicola ကာကွယ်နှိမ်နှင်းနည်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးများ အသုံးပြုပက်ဖျန်းပါ။ Kasugamycin (ကာစူကာမိုက်စင်) Copper ပါဝင်သောမှိုသတ်ဆေးများ Bismerthiazol တမျိုးမျိုးဖျန်းပေးပါဗျ

You
229
လွန်ခဲ့သော ၁ နှစ် က · ကျောက်မဲ

ခရမ်းချဉ် ကို အထွက်နှုန်း ပှံမှန်ထွက်ဖို့ နည်းစနစ်ပြောပြ‌ေပးပါအုံးဗျ တစ်ပင်ကို ပိဿာဘယ်လောက်ထွက်နိုင်သလဲ၊ ဘယ်လိုကြောင့် နောက်ဆက်အသီးတွေက ကြီးထွားမှုမရှိတော့ဘဲ အထွက်နှုန်း ကျသွားသလဲဗျ ။ (ရှမ်းပြည်မြောက်ပိုင်း သဲဆန်သောမြေမှာစိုက်ပျိုးပါတယ်)

စိုက်ပျိုးနည်း ခရမ်းချဉ် ခရမ်းချဉ် အထွက်နှုန်း
300,180 လွန်ခဲ့သော ၁ နှစ် က

ပိုး/ရောဂါကျခြင်း၊အဟာရချို့တဲ့သွားခြင်းတွေကြောင့် အသီးကြီးထွားမှုနည်းသွားတာဖြစ်နိုင်ပါတယ်၊ ကိုင်းတက်များကို အနည်းငယ်ရှင်းလင်းပေးခြင်းကို လည်းဆောင်ရွက်ပေးရပါမယ်ဗျ၊ သဲဆန်မြေမှာဆိုတော့ ရေ၊အဟာရတို့ကိုကောင်းစွာထိန်းသိမ်းနိုင်စွမ်းမရှိခြင်းလည်းဖြစ်နိုင်ပါတယ်။ပုံပါရင်တော့ ဘာကြောင့်ဆိုတာ အတိအကျပြောနိုင်ပါမယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
8,446
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာခင် ဗျ ခရမ်းချဥ် အသီးပွင့်အတွက် အခုပြထားတဲ့ အားဆေးတွေနဲ့အဆင်ပြေလားခင်ဗျ ဘယ်ဟာနဲ့ ဘယ်လို တွေတွဲသုံးရမလဲခင်ဗျ အဖူးတွေဝင်နေပါပြီ မနှစ်ကလိုဆေးမှားမှာ ကြောက်နေလို့ပါခင်ဗျ မြေချစိုက်တာ ၂၁ ရက်ရှိပါပြီ အသီးပွင့်အားဆေးလိုက်လို့ရပီလားခင်ဗျ မှိုဆေးကတော့ မက်တလဇီး / မတလဇီး + မန် ကိုဇက် အဲ့နှစ်မျိုးရှိပါတယ် ကော့ပါး ထပ်ဖြည့်ဖို့လိူသေးလားခင်ဗျ အဖူးဖူးနေပြီဆိုတော့ မှိုဆေးပဲဖျန်းရမလား အားဆေးဖျန်းရမလား မိုးရွာတာ ၁ ရက်ရှိပါပြီ မိုးမများပါခင်ဗျ

မြေဆီလွှာ ခရမ်းချဉ် ဆေးဖျန်းနည်း
Post image
Post image
Post image
Post image
Post image
+၁
300,180 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

Copper ကတော့ ဘက်တီးရီးယား အနက်စက်ရောဂါကာကွယ်ရန်နှင့် ကျရောက်ချိန်မှာဖျန်းရမည့်ဆေးပါဗျ၊ တချိန်ချိန်မှာတော့ လိုအပ်လာနိုင်ပါတယ်ဗျ၊

300,180 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

မိုးကင်းသွားရင်ထူးကောင်းအားဆေးဖျန်းပေးလို့ရပါပြီဗျ၊ မိုးအရမ်းမများဘဲရေဝပ်ခြင်းလည်းမရှိပါက မှိုဆေးထက် အားဆေးအရင်ဖျန်းလိုက်ပါဗျ၊မှိုဆေးကအစောပိုင်းချိန်တွေမှာဖျန်းထားခဲ့တာမို့ ကျမယ်မထင်ပါဘူးဗျ။ အားဆေးဖျန်းပြီး ၇-၁၀ရက်ကြာမှ metalaxy တမျိုးတည်းပါ‌မှိုဆေးကို ညနေခင်းနေအေးချိန်မှာဖျန်းပေးပါဗျ။

You
1,776
လွန်ခဲ့သော ၁ နှစ် က · ရေကြည်

စပါး ဆေးလှောင်ကြတယ်ဆိုတာ ဘာဖြစ်လို့ လှောင်ရတာလဲဗျ ဆေးအညွှန်းထက် ပိုထည့်မိကြလို့လားဗျ

စိုက်ပျိုး ဗဟုသုတ စပါး စပါးဆေးလောင်ခြင်း
1,776 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါခဗျာ

300,180 လွန်ခဲ့သော ၁ နှစ် က

ဟုတ်ပါတယ်ဗျ၊မရောသင့်တာတွေရောမိရင်၊ Sulphur, Mancozeb, Copper တို့လိုမှိုဆေးကို နေပူပြင်းချိန်ဖျန်းမိတာမျိုးတွေဆိုရင် လောင်တတ်ပါတယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
359
လွန်ခဲ့သော ၁ နှစ် က · မင်းလှ

တိုင်ထောင်ပဲ ပ ွင့်ထေ ွးကို မနက်ပိုင်းဖြန်းလို့ ရလားဆရာ

ပိုးမွှားရောဂါ ပဲတောင့်ရှည် ဆေးဖျန်းချိန်
300,180 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဖျန်းမည့်ဆေးက ထိသေအာနိသင်ရှိတာဆိုရင်တော့ ပွင့်ထွေးပိုးမြင်ရချိန်မှာဖြန်းပေးသင့်ပါတယ်၊ ပင်လုံးပြန့်အာနိသင်ရှိတာဆိုရင်တော့ မနက်ခင်းပိုင်းဖျန်းလို့ရပါတယ်ဗျ

You
5
လွန်ခဲ့သော ၁ နှစ် က · နမ့်ဆန်

ပြောင်းအကြောင်း

စိုက်ပျိုး ရေ ပြောင်း ပြောင်းစိုက်ပျိုးနည်း
300,180 လွန်ခဲ့သော ၁ နှစ် က
You
1,154
လွန်ခဲ့သော ၁ နှစ် က · ပေါင်းတည်

ခရမ်းကြွပ်ပါ ပုံပါအတိုင်း အရိုးကအလယ်ကနေခြောက်လာတာပါ ဘာဖြစ်တာလဲ ဘာဆေးသုံးရမလဲရှင့်

ပိုးမွှားရောဂါ ခရမ်းကြွပ်သီး ခရမ်းသီး ပင်စည်ပုပ်ရောဂါ
Post image
အတည်ပြုပြီး 22,918 လွန်ခဲ့သော ၁ နှစ် က

အောက်ပိုင်းကိုင်းဖြတ်ထားတဲ့နေရာကနေရောဂါဝင်တာနဲ့နူတယ်

1,154 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးတင်ပါတယ်

You
237
လွန်ခဲ့သော ၁ နှစ် က

ဒီလိုတွေဖြစ်နေလို့ဘာဆေးတွေဖျန်းလို့ဘယ်လိုလုပ်ရမလဲ

ပိုးမွှားရောဂါ ပဲစင်းငုံ မတ်ပဲဖျူစေရီယမ်ပင်ညှိုးရောဂါ
Post image
Post image
အတည်ပြုပြီး 22,918 လွန်ခဲ့သော ၁ နှစ် က

ပဲဇင်းငုံမြေနဲ့ထီနေတဲ့အပိုင်းကိုကြည့်ပါအခေါက်မှာရေစိုနာဖြစ်ပြီးပျက်စွးနေရင် ဖြူဆေးရီးရန်းမှိုရောဂါကိုမှိုသတ်ဆေးနဲ့အပင်ချေကိုအပင်စညှိုတဲ့လက္ခဏတွေ့ရင်ဖျန်းပါအကယ်၍ပင်စည်မှာရောဂါမတွေ့ရင်အမြစ်ပအောငိနှုပ်ကြည့်ပါအမြစ်တွေပျက်စည်းနေရင်ဘက်တီးရီးရာကြောင့်ဖြစ်လို့ကုသလို့နောက်ကျသွားပြီမီးရှို့ဖျက်စည်းပါ

300,180 လွန်ခဲ့သော ၁ နှစ် က

ဖျူစေရီယမ်ပင်ညှိုးရောဂါ (Fusarium wilt)ဖြစ်ပါတယ်၊ ရောဂါမကျခင်ကတည်းက Carbendazim ပါမှိုဆေးနဲ့ မျိုးစေ့လူးနယ်စိုက်ပျိုးခဲ့ရမှာဖြစ်ပါတယ်၊ ရောဂါကျပြီးမှ‌ဆိုရင်တေယ့ အသေပျောက်နည်းအောင် Azoxystrobin အပင်‌အပေါ်အစိတ်ပိုင်းများဖျန်းပေးပြီး အပင်ခြေကို Hymexazol၊Foestyl Al တမျိုးမျိုး ဖျန်းပေးရမှာဖြစ်ပါတယ်

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
309
လွန်ခဲ့သော ၁ နှစ် က · ကံမ

ရောဂါဖြစ်တာလား အဟာရချို့တဲ့တာလားခွဲခြားမရလို့ အဖြေလေးပြောပေးကြပါအူးဆရာတို့

အပင်အာဟာရ ပြောင်း ပြောင်းရိုးပုပ်ရောဂါ
Post image
Post image
309 လွန်ခဲ့သော ၁ နှစ် က

Azixystrobinနဲ့Difenconazoleအရောကရောရလားဗျ

300,180 လွန်ခဲ့သော ၁ နှစ် က

ပထမပုံက ပြောင်းရိုးပုပ်ရောဂါ(Stalk rot)ဖြစ်နိုင်ပါတယ် Propiconazole ဖျန်းပေးပါ၊ ဒုတိယပုံကတော့ ပိုတက်ဆီယမ်ချို့တဲ့တာဖြစ်နိုင်ပါတယ်၊ ပိုတက်ဆီယမ်ပါသောအားဆေးဖျန်းးပေးပါ

You
359
လွန်ခဲ့သော ၁ နှစ် က · မင်းလှ

တိုင်ထောင်ပဲ ပွင့်ထွေးကို ဒယ်ဗလယ် နဲ့ ဘူပရိုဖီဇင် ရောဖြန်းရင်နိုင်သလားဆရာ

ပိုးမွှားရောဂါ ပဲတောင့်ရှည် ဆေးဖျန်းနည်း
300,180 လွန်ခဲ့သော ၁ နှစ် က

တမျိုးဆီ7-10ရက်ခြားဖျန်းပေးခြင်းက ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိပါမယ်ခင်ဗျာ

You
4
လွန်ခဲ့သော ၁ နှစ် က · ပြင်ဦးလွင်

ပန်းထိမ်ငိုအခင်းပါခင်ဗျာ ဒီလထဲမိုးမျပြီး အပွင့်တွေရေနာကုန်ပါတယ် အဲ့ဒီအပြင် အရွက်‌တွေက ပုံထဲကအတိုင်းဝါလာပါတယ် မှိုဆေးကတော့ ပုံမှန်ဖြန်းပါတယ် မိုးများတုန်းကတော့ 2 ပတ်လောက် မဖြန်းလိုက်ရပါဘူး NPK လည်းအခုကျွေးထားပါတယ် ဘာဆက်လုပ်ရမလဲဆရာတို့ခင်ဗျာ လမ်းညွှန်ပေးပါဦးခင်ဗျာ

စိုက်ပျိုးနည်း ပန်းထိမ်ငို ပန်းထိမ်ငိုပင် ဂရုစိုက်ထိန်းသိမ်းခြင်း
Post image
အတည်ပြုပြီး 1,110,599 လွန်ခဲ့သော ၁ နှစ် က

အပင်ခြေရှိပေါင်းတွေရှင်းပါ။ဂျစ်ဆန်နဲ့ k -humicရောပြီးပက်ကျွေးပါ

300,180 လွန်ခဲ့သော ၁ နှစ် က

မိုးကင်းစင်ချိန်မှာ Copperoxychloride ကို မနက်ခင်းမှာဖျန်းပေးပါဗျ

You
လွန်ခဲ့သော ၁ နှစ် က · ကန့်ဘလူ

အပင်တွေအတွက်NPKကိုဘယ်လိုအသုံးချရမလဲဘယ်လိုအချိန်တေမှာအသုံးပြုရမလဲ

စိုက်ပျိုးနည်း ပဲတောင့်ရှည် ပဲတောင့်ရှည်မြေသြဇာကျွေးနည်း
1,154 လွန်ခဲ့သော ၁ နှစ် က

ဟင်းသီးဟင်းရွက်ကို ဆေးပြင်းတွေဖြန်းရင်စားသုံးသူအတွက်တော့သိပ်မကောင်းဘူးနော်

300,180 လွန်ခဲ့သော ၁ နှစ် က

အပင်အစောပိုင်းမှာNများများလိုပါတယ်၊ P,Kကို ပန်းပွင့်ချိန်အသီးတင်ချိန်မှာများများလိုပါတယ်၊ အနည်းလိုအဟာရဖြစ်တဲ့ Ca,B,Zn,Mn,Mgတို့လည်းလိုတာကြောင့် အနည်းဆုံးတစ်ကြိမ်မှနှစ်ကြိမ်တော့ဖျန်းပေးသင့်ပါတယ်

You
လွန်ခဲ့သော ၁ နှစ် က · ဆားလင်းကြီး

ခရမ်းချဉ်အရွက်တွေ လိပ်နေလို့ ဘာလုပ်ရမလဲဗျ? ပိုးသတ်ဆေးဖျန်းထားတယ်။ ရေသွင်းပြီး မိုးရွာထားတာလည်း ရှိတယ်။

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ် အရွက်လိပ်
Post image
Post image
Post image
Post image
Post image
300,180 လွန်ခဲ့သော ၁ နှစ် က

အစိုဓာတ်များသွားလို့ဖြစ်သွားတဲ့ (Malformation)ပုံမှန်မဟုတ်တဲ့အခြေအနေဖြစ်သွားတာပါ၊ အမိုင်နိုအက်စစ်ကို Ca,B,Znအနည်းလိုအဟာရများအနည်းငယ်ပါဝင်သောအားဆေးဖြင့်တွဲဖျန်းပေးပါဗျ။ပိုးသတ်ဆေးဖျန်းပြီးအနည်းဆုံး၃ရက်ခြားပြီးမှဖျန်းပေးပါဗျ

You
245
လွန်ခဲ့သော ၁ နှစ် က · ထန်းတပင်

စပါးကြဲခင်းမှာ ပေါင်းသတ်ဆေးနဲ့ အားဆေးဘယ်ဟာအရင်လိုက်ရမလဲဗျ ရက်ကတော့၁၃ရက်သားလောက်တော့ရှိပြီဗျ ကြဲခင်းထဲမှာတော့ရေအနည်းငယ်ရှိတယ်ဗျ ရန်ကုန်တိုင်း အညာသားမျိုးစပါး

စိုက်ပျိုးနည်း စပါး ဆေးဖျန်းနည်း
အတည်ပြုပြီး 22,918 လွန်ခဲ့သော ၁ နှစ် က

ပေါငးသတ်ဆေးကိုအရင်ဖျန်းပါ

116 လွန်ခဲ့သော ၁ နှစ် က

ပြောပြပါလား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။