ဗွေဆော်ဦး ကြော်ငြာ

ကန်ထဲက ငါးပုစွန်တွေ အစာပုံမှန်ကျွေးပေမယ့် အရွယ်မညီဘဲ ထင်သလောက် အသားမတိုးတဲ့ ပြဿနာတွေ ကြုံနေရပြီလား Aqua Calcium ရှိ​နေပြီနော် Aqua Calcium ဆိုတာ... နာမည်နဲ့လိုက်အောင်ပဲ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်။ ပြီးတော့ သူက ကန်ရေသန့်စင်ပြီး ပုစွန်များ ပိုးမွှားရောဂါ ကင်းစေဖို့ရာ အရေးကြီးတဲ့ နိုင်ထရိုဂျင် ပြိုကွဲမှုတွေကိုလည်း မြှင့်တင်ပေးပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဘဲ လိုက်လျောညီထွေရှိတဲ့ ထုတ်ကုန်မျိုးဖြစ် ပါတယ်။ သူက ဘယ်လိုအလုပ်လုပ်တာလဲ… Aqua Calcium ဟာ လုံလောက်တဲ့ ရေပမာဏနဲ့ထိတွေ့မိသွားရင် ရေဓာတ်ပြည့်ဝလာပါတယ်။ အဲ့ဒီနောက် ပျော်ရည်အဖြစ် ကန်တစ်ခုလုံးဆီ ပျံ့နှံ့သွားပြီး ကန်ထဲရှိ နိုင်ထရိုဂျင်ပြိုကွဲမှုကို မြှင့်တင်ပေးသလို ချဉ်ငန်ဓာတ်(pH) ကိုလည်း ထိန်းညှိပေး ပါတယ်။ ကယ်လ်စီယမ်ဒြပ်ဖိုတွေကတော့ ပုစွန်များ အာဟာရ ရယူနိုင်မဲ့ပုံစံနဲ့ ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ဘာတွေအကျိုးရှိစေမလဲ... ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးပါတယ်။ သာမန်ကယ်လ်စီယမ်အရင်းအမြစ်တွေရဲ့ အပုံ ၂၀ ပုံ ၁ ပုံလောက်သာ သုံးပေးဖို့လိုအပ်ပြီး ကုန်ကျစရိတ်အားဖြင့်တော့ ထက်ဝက်လောက်ထိ သက်သာသွားစေမှာဖြစ်ပါတယ်။

ဆွေးနွေးချက်များ

ဆွေးနွေးရန်