OWSD-Myanmar သည် Organization for Women in Science for the Developing World (OWSD) ၏ အထောက်အပံ့ဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်လျက်ရှိပါသည်။
ကျွန်ုပ်တို့သည် webinar များ၊ demonstration plot များတည်ထောင်ခြင်း၊ သင်တန်းများ၊ Farmer Field School များ၊ Field Day များ၊ coaching နှင့် mentoring session များမှတစ်ဆင့် နည်းပညာဆိုင်ရာအကြံဉာဏ်များကို မျှဝေပံ့ပိုးပေးခဲ့ပါသည်။
နိုင်ငံအတွင်းတွင်လည်း UNDP Myanmar၊ UNDP Indonesia၊ USAID၊ Catholic Relief Services (CRS)၊ Acted နှင့် အခြားအဖွဲ့အစည်းများမှ ထောက်ပံ့ငွေများဖြင့် climate-smart agriculture၊ climate-resilient farming methods၊ regenerative agriculture၊ agroecology practices နှင့် best management practices တို့ကို အဓိကထားသော လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အများအပြား ဆောင်ရွက်ခဲ့ပါသည်။