အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေချိုငါးထဲက အချိုဆုံးငါး.....ငါးပနော်

ရေချိုငါးထဲက အချိုဆုံးငါး.....ငါးပနော်

    ငါးရံ့ငါးနှင့် မျိုးနွယ်တူသော ငါးငယ်တစ်မျိုးမှာ “ငါးပနော်“ ငါးဖြစ်ပြီး အင်္ဂလိပ်လို small snake-head fish ဟု ခေါ်ဆိုကြသည်။ ဧရာဝတီဘက်တွင်မူ ငါးပနော်ငါးကို “ငါးသင်းအုံ “ ဟု ခေါ်ကြပါသည်။

    ငါးပနော်ငါးမှာ ရေချိုငါးတွေထဲတွင် အချိုဆုံးငါးတွေထဲပါဝင်ပြီး ငါးပိသိပ်ဖို့ သီးသန့်စျေးပေးဝယ်ရသလို ငါးပိသိပ်ရာတွင်လည်း အရည်ကျဲကျဲထမင်းရည်၊ ထမနဲတောင်မပါ၊ ဆားလည်းပါလေကာမို့ သက်ကြီးရွယ်အိုနှင့် အငန်ကြောက်သူများအတွက်  ပိုပြီးအဆင်ပြေလှပါသည်။

    ငါးပနော်ငါးကို ငါးပိကောင်၊ ငါးပိရေကျို၊ ရေချိုငါးပိ၊ တောငါးပိ ဟူ၍ ပြုလုပ်စားသုံးကြသလို ငါးပနော်အချဥ်ဆီပြန်ဟင်း၊ ငါးပနော်နှင့် ကျောက်ဖရုံသီးဟင်းချို၊ ငါးပနော်မီးကင်ထောင်း စသဖြင့်ပြုလုပ်စားသုံးကြပါသည်။

    ထိုထဲတွင်မှ လူကြိုက်များသည့် “ငါးပနော် မီးကင်ထောင်း“ နည်းကို တင်ပြပေးပါမည်။

    ငါးပနော်မီးကင်ထောင်းနည်းပြုလုပ်ရာတွင် ငါးပနော်ငါး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ဆား၊ အရသာမှုန့်၊ ပဲဆီစိမ်း တို့လိုအပ်ပါသည်။

၁။ ပထမဦးစွာ ငါးပနော်ငါးကို ရေဆေးသန့်စင်ပြီး ဓါးဖြင့် အနည်းငယ်မွှန်းပြီး မီးကင်ရပါမည်။(ငါးကို မီးသွေးဖိုဖြင့် မီးဖုတ်ပါက ပိုမွှေးပါသည်။ )

၂။ ငါးအတွင်းသားများကျက်ပြီး အနံ့မွှေးလာပါက အရိုးနွှင်ပြီး အသားလေးတွေကို ဖွထားရပါမည်။

၃။ ပြီးနောက် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကိုလှော်ပြီး မညက်တညက်လေးထောင်းထားရပါမည်။

၄။ ပြီးစီးပါက အရိုးနွှင်ထားသော ငါးကင်ကို ဆား၊ အရသာမှုန့်အနည်းငယ်ထည့်နယ်ပြီး စောနက မညက်တညက်လေးထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းလှော်ကိုပါ ရောပြီး ဖွဖွလေး ထောင်းပေးရပါမည်။

၅။ ထောင်းထားသော ငါးမီးကင်ကို ပန်းကန်ထဲထည့်ပြီးပါက နံနံပင်လေးညှပ်ထည့်၊ ပဲဆီစိမ်းလေးဆမ်းပြီး ဖွဖွလေးနယ်ပြီးပါက သုံးဆောင်လို့ရပါပြီ။

    အရသာမှာ ဆိမ့်ဆိမ့်လေးမို့ ဆား၊ အရသာမှုန့် လျှော့ထည့်လို့ရပါသည်။ ထမင်းဝိုင်းတွင် ငါးပနော်မီးကင်ထောင်းနှင့် ဘူးသီးဟင်းခါးတစ်ခွက်ပါလျှင် တခြားဘာဟင်းမှမလိုလောက်အောင် အရသာပြည့်စုံလှပေသည်။

    ယခုလိုအချိန်အခါမျိုးမှာ ဗီတာမင်အပြည့်ပါသော ရေချိုငါးအစုံ​ဖြင့်ပြုလုပ်ထားသည့် ငါးပိရည်ကျိုကောင်းကောင်းတစ်ခွက်နှင့် တို့စရာဟင်းသီးဟင်းရွက်အစုံကို စားလိုက်ရလျှင်ဖြင့် အသားဟင်းတောင်မလိုဘဲ ခံတွင်းမြိန်စရာ ချွေတာရေးဟင်းတစ်ခွက်ကို ရရှိနိုင်ပေသည်။

    ထို့ကြောင့် “ငါးပနော် ငါးပိရည်ကျို“ ပြုလုပ်နည်းကို တင်ပြပေးပါမည်။ 

    ငါးပနော်ငါးပိရည်ကျိုပြုလုပ်ရာတွင် ငါးပနော်ငါး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ဆန်ဆေးရည်နှင့် ငါးပိရည်တို့ လိုအပ်ပါသည်။

၁။ ငါးပနော်ငါးကို အကြေးထိုး၊ ခေါင်းလေးနှင့် ဆူးလေးတွေဖြတ်၊ ဗိုက်ခွဲသန့်စင်ပြီး နနွင်းလူးထားရပါမည်။

၂။ ပြီးလျှင် မီးဖိုပေါ်  အိုးတစ်လုံးတင်ပြီး အိုးထဲတွင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို အရင်ထည့်ပြီးမှ ငါးကိုအဲ့ဒီအပေါ်မှတင်ကာ အဖုံးအုပ်ပြီးတည်ရပါမည်။

၃။ ငါးလေးကျက်ပြီဆိုပါက အသားနွှင်ပြီး အိုးထဲကငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နှင့်အတူ ငရုတ်ဆုံထဲ ထည့်ထောင်းထားရပါမည်။

၄။ ထို့နောက် ငါးပိရည်ကို ဆန်ဆေးရည်နှင့် ကျိုရပါမည်။ (ဆန်ဆေးရည်နှင့် ကျိုပါက အရမ်းမငန်တော့သလို ဆန်ဆေးရည်ကြောင့် ငါးပိရည်လေးက ပျစ်ပျစ်လေးဖြစ်လာပါသည်။)

၅။ ပြီးနောက် ကျိုထားသောငါးပိရည်ကို အရည်စစ်ပြီး စောနက ငါး၊ ငရုတ်သီး၊ ကြက်သွန်ဖြူထောင်းထားသောငရုတ်ဆုံထဲ ထည့်မွှေပြီးပါက ပန်းကန်တစ်လုံးတွင်ထည့်ကာ စားလို့ရပါပြီ။ အတို့အမြှုပ်အစုံလေးနှင့် ငါးပနော်ငါးပိရည်ကျိုမွှေးမွှေး ထမင်းဝိုင်းလေးက ခံတွင်းမြိန်စရာ ပြီးပြည့်စုံစေပါသည်။

    ငါးပနော်ငါးမှာ အရသာကောင်းရုံသာမက ဆေးဘက်ဝင်ငါးတစ်မျိုးလည်းဖြစ်ပြီး ငါးပနော်ငါးနှင့် ပရန်နဝါရွက်ကို ကြော်ချက်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းဖြင့် နှလုံးရောဂါ၊ အဆုတ်ရောင်၊အူရောင်ရောဂါ၊ ကိုယ်ဖောကိုယ်ရောင်ရောဂါ၊ ရေဖျဥ်း၊ မြင်းသရိုက်၊ လေနာ သလိပ်နာ၊ အစာမကြေရောဂါများကို သက်သာပျောက်ကင်းစေသည်ဟု လေ့လာခဲ့ရဖူးပါသည်။ အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ဝမ်းပျက်ခြင်းတို့အတွက် ငါးပနော်ငါးနှင့် ပင်စိမ်းရွက်ကို ကြော်စားပါက သက်သာပျောက်ကင်းစေကြောင်း ဖတ်မှတ်ခဲ့ရဖူးပါသည်။

ပင်လယ်ပြာ (ငါးဦးစီး) 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။