အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မန်ကျည်းရွက်နုနု၏ ကျန်းမာရေးအကျိုးကျေးဇူး

မန်ကျည်းရွက်နုနု၏ ကျန်းမာရေးအကျိုးကျေးဇူး

မန်ကျည်းရွက်နုနုလေးတွေ ဘာကြောင့်စားသင့်လဲ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲ

    မန်ကျည်းရွက်နုနုလေးတွေကို စားပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေနဲ့ အတူ မန်ကျည်းရွက်သုပ်နည်းလေးကိုပါ ပြောပြပေးပါမယ်။

မန်ကျည်းရွက် အသုံးဝင်ပုံအကြောင်း

၁။ ဆီးချိုရောဂါ

    မန်ကျည်းရွက်ဟာ အင်ဆူလင်လျော့ကျခြင်းကိုခုခံနိုင်တဲ့ဓာတ်တွေ ပါဝင်နေတာကြောင့် ဆီးချိုရောဂါနဲ့ ဆီးချိုအကြိုရောဂါတွေအတွက် စားသုံးဖို့သင့်တော်ပါတယ်။

၂။ အနာကျက်မြန်ခြင်း

    ပြတ်ရှအနာတွေပေါ်မှာ မန်ကျည်းရွက်သတ္တုရည်ကိုလိမ်းပေးရင် အနာကျက်မြန်စေတာကို တွေ့ရပါလိမ့်မယ်။

၃။ ခုခံအားကောင်းမွန်စေခြင်း

    မန်ကျည်းရွက်မှာ ဗီတာမင်စီ များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

၄။ အသားအရည်ကို ကြည်လင်စေခြင်း

    မန်ကျည်းရွက်မှာ အင်တီအောက်ဆီဒန့်ပါဝင်လို့ အရေးအကြောင်းတွေဖြစ်ပေါ်တာကို လျှော့ချပေးနိုင်ကာ အသားအရည်ကို ကြည်လင်စေပါတယ်။

၅။ ခံတွင်းကျန်းမာရေးကောင်းမွန်စေခြင်း

    သွားဖုံးရောင်ရမ်းတာနဲ့ သွားဖုံးသွေးထွက်ရောဂါတွေအတွက် မန်ကျည်းရွက်မှာပါတဲ့ ဗီတာမင်စီက သက်သာကောင်းမွန်စေပါတယ်။

    ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို မန်ကျည်းရွက်ကို ကြော်စား၊ သုပ်စား၊ ဟင်းချိုချက်စား စသဖြင့် ပြုလုပ်စားသုံးလို့ရပါတယ်။ ထိုထဲမှာမှ မန်ကျည်းရွက်သုပ်လေးကို ရာသီစာအဖြစ် စားသုံးနိုင်အောင် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပြုလုပ်နည်းမှာ -

မန်ကျည်းရွက်နုနု - ၅ ကျပ်သား (တစ်ခါပြင်)

ကြက်သွန်နီ ဥကြီးကြီး - ၂ လုံး

ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မြေပဲမှုန့် - ထမင်းစားဇွန်းတစ်ဇွန်း

ဆီသန့် - ထမင်းစားဇွန်း ၂ ဇွန်း တို့ လိုအပ်ပါတယ်။ 

     အရင်ဦးဆုံး မန်ကျည်းရွက်တွေကို ရေစင်အောင်ဆေး၊ အရိုးအရင့်တွေဖယ်၊ ကြက်သွန်နီကို ပါးပါးလှီး ရေစင်အောင်ဆေးပြီး ပါဝင်ပစ္စည်းတွေနဲ့ ရောနယ်လိုက်ရင်အရသာရှိပြီး သွားရည်ယိုစရာ မန်းကျည်းရွက်သုပ်လေး ရပါပြီ။

ပင်လယ်ပြာ(ငါးဦးစီး)

မှီငြမ်း; ကျန်းမာရေးစာစောင်များ။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 0 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 1 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။