ဆရာမကြီး ဒေါက်တာ နန်းအုန်းမြင့် သည် မန္တလေးဒေသကောလိပ် က တဆင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မှ B.Ag ဘွဲ့ကို 1984 တွင် ရရှိခဲ့ပြီး 1995 တွင် M.Agr.Sc မဟာဘွဲ့ နှင့် 2014 တွင် Ph.D. ပါရဂူဘွဲ့တို့ကို ရရှိခဲ့ပါသည်။ 1989 ခုနှစ်မှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးဓာတုဗေဒဌာန တွင် သရုပ်ပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ အဆင့်ဆင့် ရာထူးများဖြင့် မြေဆီလွှာနှင့် ရေသိပ္ပံပညာဌာန၌ လုပ်သက် 32 နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရာ 2021 တွင် သက်ပြည့်အငြိမ်းစား ပင်စင်ယူခဲ့ပါသည်။ ဆရာမကြီးသည် ပြည်ပ နိုင်ငံပေါင်း 6 နိုင်ငံ (အစ္စရေး၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ အီတလီနဲ့ ကမ္ဘောဒီးယား) တို့တွင် သင်တန်းတက်ရောက် သင်ယူခြင်း လေ့လာခြင်းများ ၊ စာတမ်းဖတ်ခြင်း များအပြင် Visiting Professor အနေဖြင့်လည်း သွားရောက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။