စီပီ ၁၅:၁၅:၁၅

သီးနှံမျိုးစုံအတွက် သင့်တော်သည်။

စီပီ GLOWMAX 8:16:32

ရွက်ဖျန်းမြေသြဇာအမှုန့်

စီပီ GLOWMAX 10:52:17

ရွက်ဖျန်းမြေသြဇာအမှုန့်

စီပီ GLOWMAX 30:20:10

ရွက်ဖျန်းမြေသြဇာအမှုန့်

စီပီ GLOWMAX 13:0:46

ရွက်ဖျန်းမြေသြဇာအမှုန့်

နာတီဗို ၇၀ဒဗလျူဂျီ

ဘက်စုံသုံးပင်လုံးပြန့်မှိုသတ်ဆေး

အီမီဒါနေး(လ်) ၈၀ ဒဗလျူဂျီ

ရေဖျော်ပိုးသတ်ဆေးခဲ

ရွှန်းဖော့(စ်) ၅၅၀ အီးစီ

ရေပျော်ပိုးသတ်ဆေးရည်

CPP CO.,LTD သည်CP YANGON CO.,LTD၏မိခင်ကုမ္ပဏီဖြစ်သည်ဆိုသည့်အတိုင်း (၁၉၉၆)ခုနှစ်တွင်CP YANGON CO.,LTDဖြင့်စီပီ(၈၈၈)စပ်မျိုးပြောင်းများအားစတင် စိုက်ပျိုးစေခဲ့ကာ ထိုမှတဖန်ပိုမိုအထွက်နှုန်းကောင်းမွန်သောရေမြေ‌၊‌‌ဒေသအလိုက်စိုက် ပျိုးနိုင်သော စီပီ၈၀၈၊ စီပီ ၈၁၀၊ စီပီ ၁၁၁၊ စီပီ ၁၁၂ အစရှိသောပိုမိုကောင်းမွန်အကျိုး ရှိသောစပ်မျိုးပြောင်းများအားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။ စိုက်ပျိုးရေးအတွက်အဓိကကျသောဓါတ်မြေသြဇာများအားလည်း(၂၀၁၈)ခုနှစ် မှစတင်ပြီး သီလဝါအထူးစီးပွားရေးဇုန်၌စက်ရုံတည်ထောင်၍ အရည်အသွေးပြည့်မှီ သောဓါတ်မြေသြဇာများကို သီးနှံများလိုအပ်ချက်အလိုက်၊ မြေအမျိုးအစားများအ လိုက်ထည့်သွင်းအသုံးပြုနိုင်ရန်ခောတ်မှီဓါတ်ခွဲခန်းနည်းပညာများဖြင့်ထုတ်လုပ်ဖြန့် ဖြူးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် သီးထပ်များစိုက်ပျိူးနိုင်ရေး၊တောင်သူများရာသီမပြတ် ‌ပြောင်းသီးနှံမှ၀င်ငွေရရှိနိုင်ရေးအတွက် Farmpro လုပ်ငန်းအားလည်းတွင်ကျယ်စွာ လုပ်ကိုင်ခဲ့ပါသည်။ပြောင်းသီးနှံအတွက်အဓိကလိုအပ်သောရေရရှိရန်မှစတင်၍တာ ၀န်ယူဆောင်ရွက်ပေးပြီး စက်မှုလယ်ယာကူးပြောင်းရေးအတွက်စက်ကိရိယာများ ဖြင့်မြေပြုပြင်ခြင်း၊အစေ့ချစိုက်ခြင်း၊မျိုးစေ့မြေသြဇာများပံ့ပိုးခြင်းနှင့်ထွက်ရှိလာ သောပြောင်းသီးနှံများအားစျေးကွက်အာမခံ၍ပြန်လည်၀ယ်ယူခြင်းဖြင့် ဘက် စုံလုပ်ငန်းတစ်ခုဖြစ်သည့် Farmpro လုပ်ငန်းစုမှာလည်းတောင်သူများအတွက်တစ်နှစ် ပတ်လုံး၀င်ငွေမပြတ်စေရန် ထောက်ပံ့လုပ်ကိုင်ပေးနေသော အကျိုးပြုလုပ်ငန်းတစ်ခု အဖြစ်တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင်မိမိတို့စိုက်ပျိုးအသုံးချနေသောမြေမှ မြေဆီမြေလွာအဟာရများယုတ် လျော့လာခြင်းမှ ကြိုတင်ကာကွယ်ရန် မြေဆီထိန်းသိမ်းနိုင်ရေးအတွက် ကြက်ချေးဖြင့် အခြေခံထုတ်လုပ်ထားသော Probiotic မြေသြဇာများကိုလည်းစိုက်ပျိုးသူများထံသို့ (၂၀၂၁)ခုနှစ်မှစတင်၍ ပဲခူးရှိသဘာ၀မြေသြဇာစက်ရုံမှ ထုတ်လုပ်‌ရောင်းချပေးလျက်ရှိ ပါသည်။ အနာဂတ်တွင်လည်းအရည်အသွေးပြည့်မှီ၍မျိုးကောင်းမျိုးသန့်ရရှိနိုင်ရန်အ တွက်၊တောင်သူများမျိုးစေ့များအားအချိန်မှီရရှိနိုင်ရေး၊ စျေးနှုန်းလျော့ချနိုင်ရေး၊ နိုင်ငံခြားငွေလျော့ချနိုင်ရေးတို့ကိုရည်ရွယ်ပြီးမျိုးကောင်းမျိုးသန့် ‌ပြောင်းမျိုးစေ့၊စပါး မျိုးစေ့များထုတ်လုပ်နိုင်ရန်အပြင်အနယ်နယ်အရပ်ရပ်မှ စိုက်ပျိုးရေးနှင့်သက်ဆိုင်သော Training Center အဖြစ်လည်ကောင်း၊ Bawni Production Farm ကိုစတင်ဖော် ဆောင်နေပါသည်။ ထို့အပြင်အရည်အသွေးပြည့်မှီ၍အရသာကောင်းမွန်လတ်ဆတ်သောသခွားမေ: မျာအားလည်းဒိုက်ဦးမြို့နယ်ရှိစီပီစိုက်ပျိုးရေးခြံ၌ခောတ်မှီသောနောက်ဆုံးစိုက်ပျိုး နည်းများဖြင့်စိုက်ပျိုးထား၍(၂၀၂၂)နှစ်ဆန်းပိုင်းတွင်သခွားမေ:များအားစားသုံးသူများ ထံသို့အရောက်ပို့ဆောင်ရောင်းချပေးတော့မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CPP CO.,LTD သည် မြန်မာနိုင်ငံရှိ လယ်ယာ၊ ဥယျာဥ်ခြံမြေတောင် သူများနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားအစဥ်ဖွင့်ဖြိုးတိုးတက်အောင်ဆောင် ရွက်နေသော စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်ပါကြောင်းဂုဏ်ယူစွာတင်ပြလိုက်ပါ သည်။

Contact Info

"09-962759971"
"09-962759972"
Facebook