နေ့စဉ်မိုးလေဝသ သတင်း

06/02/2018 09:11 AM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအ‌နေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းအခြေအနေ။ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန်အခြေအနေမရှိသေးပါ။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၅-၂-၂၀၁၈)ရက် နံနက် (၀၉းဝဝ)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်း မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ် အော် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ တိမ် အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၁) ပေခန့် မှ (၅) ပေခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။ ညအပူချိန်များ ဟာ ချင်းပြည်နယ်၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ 6°C – 10°C ခန့်၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသ ကြီး တို့တွင် 11°C – 15°C ခန့်၊ ကျန်ဒေသ တွေမှာ 16°C – 20°C ခန့်ရှိနိုင် ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) တို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားအဆင့် တွင်ရှိနိုင်ပြီး၊ကျန်ဒေသတွေ မှာ အလွန်မြင့်မားအဆင့် တွင်ရှိ နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ ကချင်ပြည်နယ် မှာ နေရာကွက်ကျားမိုးရွာနိုင်ပြီး၊ ကျန်ဒေသတွေ မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပါတယ်။

ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ် မှာ နေရာကွက်ကျားမိုးရွာနိုင်ပါတယ်။ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ကိုးကား။   ။ မိုးဇလ၊ ဒေါက်တာထွန်းလွင်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်