“ဝက်များကို ရေချိုးပေးခြင်းထက် ရေစိမ်ကန်ထားပေးခြင်း၏ အားသာချက်များ”

18/11/2020 11:45 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မွေးမြူရာတွင် လက်ရှိ အများစု အသုံးပြုနေသော နည်းဖြစ်သည့် ဝက်များကို နေ့စဉ် ပုံမှန် ရေချိုးပေးခြင်းထက် ခြံအတွင်းတွင် ရေစိမ်ကန်ထားရှိပေးပြီး ဝက်များ ဆန္ဒရှိသည့်အချိန်တွင် ရေစိမ်နိုင်ခြင်းက ဝက်များအတွက်ရော မွေးမြူသူအတွက်ပါ ပိုမိုကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူ တစ်ဦးမှ ပြောကြားခဲ့သည်။

ဝက်မွေးမြူရာတွင် ခြံတည်ဆောက်ပုံမှာ အရေးကြီးပြီး တည်ဆောက်မှု စနစ်မှားယွင်းပါက အောင်မြင်ရန် ခက်ခဲပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိဝက်မွေးမြူနေသူ အများစုမှာ သစ်သားအသုံးပြုပြီး ခြံကို တည်ဆောက်လေ့ရှိပြီး ကြီးမြင့်လာသော သစ်သားစျေးများကြောင့် ကွန်ကရစ်ခင်းစနစ် မွေးမြူမှုပုံစံကို စတင်ပြောင်းလဲလာလျှက် ရှိသည်။ သစ်သားခြံများသည် ကွန်ကရစ်ခြံများထက် အားနည်းချက်ပိုများကြောင်း သိရပါသည်။

ဝက်ကို ရေချိုးပေးသည့်နည်းမှာ တစ်ရက်ကို (၃)ကြိမ်၊ (၄)ကြိမ် ရေချိုးပေးရသည့်အတွက် ကြမ်းခင်းက အမြဲစိုစွတ်နေ၍ ခြောက်သွေ့ချိန်မရတော့ပေ။ ထိုအခါ ဝက်များမှာ ကြမ်းခင်းအစိုပေါ်မှာပဲ အမြဲတမ်းအိပ်နေရသဖြင့် အဆုတ်ကို ထိပြီး အဆုတ်ရောဂါ ဖောက်လာကြသည်။ ရေစိုကြမ်းခင်းပေါ် အိပ်ရဖန်များလာသောအခါ ချောင်းဆိုး၊ ဝမ်းသွား၊ အော့အန်တာတွေ မကြာခဏ ဖြစ်ကြသည်။ ရောဂါတွေ ဝင်လာပြီး သေဆုံးမှုတွေ ဖြစ်နိုင်ပါသည်။ ဒါ့ကြောင့် ဝက်တွေအိပ်တဲ့ ကြမ်းခင်းတွေကို အမြဲခြောက်သွေ့ သန့်ရှင်းအောင် ထားသင့်ပါသည်။

ထို့ကြောင့် ရေစိမ်ကန်စနစ်ထားရှိပေးခြင်းမှာ ၎င်းပြဿနာများကို ဖြေရှင်းနိုင်သည့်အပြင် အညစ်အကြေးများကိုလည်း အများအားဖြင့် ရေစိမ်ကန်အတွင်း၌သာ စွန့်ပစ်လေ့ရှိသဖြင့် အညစ်အကြေးနှင့် အနံ့အသက်များ ကင်းစင်သော ခြံတစ်ခြံ ဖြစ်လာမည် ဖြစ်သည်။

ထို့ပြင် ရေသောက်ခေါင်းများကို ရေစိမ်ကန်၏ ထောင့်တွင် တပ်ဆင်ပေးခြင်းဖြင့် မျိုးဝက်မကြီးကို လမ်းလျှောက်ရန် လေ့ကျင့်ခန်းသဖွယ်ပင် ဖြစ်ပေသည်။ ထိုမျှသာမက ရေချိုးပေးခြင်းမရှိသည့်အတွက် အခင်းကြမ်းပြင်သည် အမြဲသန့်ရှင်းခြောက်သွေ့နေပြီး လုပ်သားကုန်ကျမှုလည်း နည်းပါးကြောင်း သိရသည်။ ကြမ်းပြင်သန့်ရှင်းရေးကို တစ်နေ့ (၃)ကြိမ် တံမြက်စည်းလှဲပေးရခြင်းသာရှိပြီး တစ်လလျှင် (၃)ကြိမ်၊ (၄)ကြိမ်ခန့်သာ ရေဖြင့် ဆေးကြောပေးရကြောင်း သိရသည်။

ရေစိမ်ကန်ကို နံနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ် သန့်ရှင်းစွာ ဆေးကြောပြီး ရေသွင်းပေးရမည် ဖြစ်သည်။ မျိုးရင့် ဝက်မကြီးများသည် (၂၄) နာရီတွင် ရေစိမ်ကန်အတွင်း ပျမ်းမျှ (၆)နာရီခန့် ရေစိမ်ကြကြောင်း သိရသည်။

ခြံတည်ဆောက်ရာတွင် (ဥပမာ-အလျား (၁၈)ပေ၊ အနံ (၁၂ )ပေ ရှိခြံ) ရှေ့မျက်နှာစာမှ (၁၅)ပေ အထိ ကြမ်းခင်းဆင်ခြင်လျှောစောက်မှာ (၄) လက်မနိမ့်ရမည်။ သို့မှ ကျင်ငယ်စွန့်ခဲ့လျှင် လွယ်ကူစွာ စီးဆင်းသွားမည် ဖြစ်သည်။ (၁၅-၁၈)ပေ အထိ (၃)ပေ အကျယ်၊ စောက်အနက် (၈)လက်မရှိသော ဝက်ရေစိမ်ကန်ကို ထည့်သွင်းရမည်။

မျိုးဝက်မကြီးများအတွက် ရေအမြင့် (၄) လက်မခန့် ထည့်သွင်းရပြီး သားခွဲဝက်ငယ်လေးများအတွက် ရေ(၂)လက်မခန့် ထည့်သွင်းရကာ ရေအမြင့် (၆) လက်မထက်ပိုပါက ဝက်များ ကောင်းစွာ ရေစိမ်ခြင်း မရှိကြောင်း သိရသည်။

အထက်ပါဝက်ခြံတွင် အသားတိုးဝက် (၁၀)ကောင် မွေးမြူ၍ ရပြီး မျိုးဝက်မ (၂)ကောင် မွေးမြူပါက ဝက်၏ ခါးနေရာမှ ကြားတန်းကာပေး၍ မွေးမြူနိုင်သည်။ ရေစိမ်ကန်စနစ်ကြောင့် သားပျက်၊ သားလျောခြင်း လွန်စွာနည်းပါးပြီး သားမွေးဖွားရာတွင် အသေနှုန်း အလွန်နည်းပါးသည်ကို တွေ့ရှိရကြောင်း သိရသည်။

တစ်နှစ်လျှင် သားပေါက်ကောင်ရေ (၅၀၀-၆၀၀)အထိ ထုတ်လုပ်ရရှိပြီး မျိုးဝက်မများကို စနစ်တကျ ပျိုးထားပါက သားပေါက်ကောင်ရေ (၂၀၀၀-၃၀၀၀)အထိ ထုတ်လုပ်ရရှိနိုင်ပါသည်။ အသားတိုးဝက် မွေးမြူသူများအနေဖြင့် မျိုးဝက်မနှင့် ပူးတွဲမွေးမြူသင့်ကြောင်းနှင့် ဝက်တစ်ကောင်လျှင် (၄)လစာ အစာဖိုးမှာ ကျပ် (၁၄၀၀၀၀) ခန့် ကုန်ကျမှု ရှိပြီး ရောင်းချရမှု အမြတ်ငွေမှာ ကျပ် (၄၀၀၀၀) ခန့်သာ ရှိသဖြင့် အသားတိုးဝက် (၁၀)ကောင် မွေး၍ရသော အမြတ်သည် မျိုးဝက်မ(၁)ကောင် သားခွဲရောင်းရငွေနှင့် ညီမျှကြောင်းနှင့် သားပေါက်ရှားပါးမှု ပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း မွေးမြူသူတစ်ဦးက အကြံပြု ပြောကြားပါသည်။

Ref; ဆရာပီတိ၏ “ဝက်တွေကို ရေချိုးပေးတာထက် ရေစိမ်ကန်ထားပေးတာက ဘာကြောင့် ပိုပြီးကောင်းရတာလဲ” ဆောင်းပါးမှ ကောက်နှုတ်တင်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်