စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်း စက်မှုလက်မှုလုပ်ငန်းရှင်များ အတွက် အကြီးမားဆုံး နိုင်ငံတကာ ကုန်စည်ပြပွဲတစ်ခု မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မည်

19/09/2018 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အမေရိကန်၊ ဂျာမနီ၊ အိန္ဒိယ၊ ထိုင်ဝမ်၊ တရုတ်၊ ဗီယက်နမ် နှင့် မြန်မာ စသော ကမ္ဘာတစ်ဝှမ်း နိုင်ငံအများအပြားမှ ပြသသူပေါင်း (၃၀) ကျော်ပါဝင်ပြသသွားမယ့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုကို လာမယ့် စက်တင်ဘာလ ၂၆၊ ၂၇၊ ၂၈ ရက်တွေမှာ ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ရို့စ်ဂါးဒင်းဟိုတယ်မှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပွဲချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ပြီး ဝင်ကြေး **အခမဲ့** ပါ။

ဒီပွဲကို လာရောက်ခြင်းအားဖြင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှု အစီအစဉ်မှ တဆင့် ပစ္စည်းတင်သွင်းသူ အသစ်များ၊ ဖောက်သည် အသစ်များ၊ စီးပွားရေးမိတ်ဖက် အသစ်များ နှင့်လည်း ချိတ်ဆက်နိုင်သလို၊ ပညာရှင်များရဲ့ ဟောပြောပွဲနဲ့ ဆွေးနွေးပွဲများကိုနားထောင်ရင်း အသိအမြင်များကို အပြန်အလှန် ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပဉ္စမအကြိမ်မြောက် ကျင်းပတဲ့ ဒီပွဲလေးကို **အခမဲ့** တက်ရောက်နိုင်ဖို့ ကြိုတင်စာရင်းပေးသွင်းချင်တယ် ဆိုရင်တော့... ဒီနေရာ >> http://agriculture-exhibition.com/myanmar/register-to-visit-2.html<< မှာစာရင်းပေးသွင်းနိုင်ပါတယ်။

 

အသေးစိတ် သိရှိလိုပါက အောက်ပါ ဝက်ဘ်ဆိုဒ်များတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

 

Website: www.agriculture-exhibition.com I www.livestock-expo.com I www.aquafisheries-expo.com

Email: [email protected]

Tel: 09 4200 25 684 (Myanmar)/ +84 28 3848 8561 (International)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်