စိုက်ပျိုးရေးလူငယ်တွေအတွက် ဆုကြေးငွေ ဒေါ်လာ 1000 ထိ ရရှိနိုင်မယ့် စိုက်ပျိုးရေးဓာတ်ပုံပြိုင်ပွဲ

24/11/2022 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“Emerging Agricultural Innovations for the Next Generation” by SEARCA photo contest 

 

************************

🍁 ဘယ်အဖွဲ့အစည်းကစီစဉ်တာလဲ

ယခု agri photo contest 2022 ကို SEARCA လို့ခေါ်တဲ့ non-profit organization တစ်ခုကနေ စီစဉ်တာဖြစ်ပါတယ်

🍁 ပြိုင်ပွဲမှာ ဘယ်လိုဓာတ်ပုံတွေရိုက်ရမလဲ

SEARCA's Annual Photo Contest ရဲ့ 2022ခုနှစ်အတွက် theme က 👉 Emerging Agricultural Innovations for the Next Generation.👈 ဖြစ်တဲ့အတွက် ထိုခေါင်းစဉ်ပေါ်မူတည်ပြီး မိမိ idea ရှိတဲ့ photoတွေရိုက်ပြီးပြိုင်လို့ရပါတယ်…

ကိုယ့်မှာလောလောဆယ် idea စဉ်းစားလို့မရသေးရင်အခုဖော်ပြပေးသွားမယ့်အချက်တွေကနေတဆင့် ကိုယ်ရိုက်ချင်တဲ့ပုံကိုတွေးကြည့်လို့ရပါတယ်

💠 တောင်သူတို့ရဲ့ဘဝကိုအကျိုးသက်ရောက်မှုရှိစေနိုင်မယ့် စိုက်ပျိုးရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုနည်းပညာတွေ

💠စိုက်ပျိုးရေးမွေးမြူရေးကိုလုပ်ကိုင်သူတွေရဲ့ ဝင်ငွေ/ အထွက်နှုန်းကောင်းစေနိုင်မယ့် တီထွင်ဖန်တီးမှု တွေ

💠မိုးခေါင် ရေရှား ရေကြီး ခြင်းစတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ ရောဂါပိုးမွှားဆိုးဆိုးရွားရွားကျရောက်ခြင်း စတဲ့ပြသနာတွေအတွက် climate smart innovation ဆိုင်ရာအကြောင်းအရာတွေကနေတဆင့် သင့်အနေနဲ့ photo idea ရနိုင်ပါတယ် 

🍁 ပြိုင်ပွဲစည်းကမ်း

💠 ဒီပြိုင်ပွဲကိုမြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံကစိတ်ဝင်စားသူတွေပါလျှောက်ခွင့်ရှိပါတယ်

💠 မိမိပြိုင်မယ့် photo က အခြားသူဆီက ကူးယူထားတဲ့ပုံမျိုးမဖြစ်ရပါဘူး ကိုယ်တိုင်ရိုက်ထားတဲ့ original ပုံဖြစ်ရပါမယ် 

💠 အခြား photo contests တွေမှာ published လုပ်ထားပြီးသားပုံ ၊ဆုရထားပြီးသားပုံမဖြစ်ရပါဘူး 

💠 မိမိဝင်ရောက်ယှဉ်ပြိုင်မယ့်ပုံက 

JPEG format

at least 3,000 pixels wide for a horizontal image,  or 3,000 pixels tall for a vertical image at 300 dpi

digital

with color ဖြစ်ရပမယ် 

🍁 အမှတ်ပေးစည်းမျဉ်း

Criteria အနေနဲ့ကတော့ မိမိဝင်ရောက်ယှဉ်ပြိုင်တဲ့ photo မှာ

💠 theme ပြိုင်ပွဲခေါင်းစဉ်နဲ့ကိုက်ညီမှု (40%)

💠 Technical quality (မိမိ photo အလင်းအမှောင်/အရောင်/ကြည်လင်ပြတ်သားမှု) (30%)

💠Impact (30%) ဖြစ်ပါတယ် 

🍁 ဆုကြေးငွေနဲ့ဆုအမျိုးအစား(၈)ခု

💠 first prize (USD 1000)

💠 second prize (USD 800)

💠 third prize (USD 500)

💠 SEARCA Director's Choice (USD 500)

💠 Philippine Department of Education Secretary's Choice (USD 500)

💠 People's Choice (USD 400)

💠 Best Agricultural Innovation or Technology (USD 300)

💠 Best Youth Photographer (USD 300)

🍁 ဘယ်လိုလျှောက်ရမလဲ

👉https://photocontest.searca.org 👈 ထို linkကနေတဆင့်ဝင်ပြီး 

💠 your entry

💠 your profile

💠 certification  မှာ ဝင်ဖြည့်လိုက်ရင်ရပါပြီနော် 

📌ထို link ကနေပဲ contestအကြောင်းအသေးစိပ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်…

🍁 deadline

📌 30 November 2022, 11:59 p.m. (GMT +08:00).

🍁 အသေးစိပ်သိချင်လို့စံုစမ်းချင်ရင်

👉 [email protected]👈 သို့ အီးမေးလ် ပို့မေးနိုင်သလို  👉 https://fb.watch/gSW0k3gKAL/👈Original postရဲ့ SEARCA pageတွင်လည်းမေးမြန်းနိုင်ပါတယ်

🤗ကယ်….ဆုရရင် $1000 တောင် ရမှာဆိုတော့ မြန်မာငွေ သိန်း(၂၀)/(၃၀) ဝန်းကျင်ရမယ့် အခွင့်အရေးကိုအမိအရသာယူလိုက်ပါတော့ 

🤗ကိုယ့်သူငယ်ချင်းတွေထဲက ideaကောင်းကောင်းနဲ့ photographerကြီးတွေရှိရင်လည်း အခွင့်အရေးလက်မလွတ်အောင် mention လိုက်ကြပါဦးနော်

Crd#

Miss Agripreneur Fb page


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်