အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထောပတ်စိုက်တောင်သူများတွေ့ဆုံခြင်းနှင့် ထောပတ်ဆီထုတ်ကုန်ပြပွဲ ဟဲဟိုးတွင် ပြုလုပ်မည်

ထောပတ်စိုက်တောင်သူများတွေ့ဆုံခြင်းနှင့် ထောပတ်ဆီထုတ်ကုန်ပြပွဲ ဟဲဟိုးတွင် ပြုလုပ်မည်

Green Way
Green Way • 13/09/2022

ထောပတ်သီးစိုက်တောင်သူများတွေ့ဆုံခြင်းနဲ့ ထောပတ်ဆီထုတ်ကုန်ပြပွဲကို ဟဲဟိုးမြို့မှာ စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ၂ ရက်ကြာ ကျင်းပသွားဖို့ရှိပါတယ်။

ပြပွဲကိုတော့ မတူညီတဲ့လူမျိုးစုတွေရဲ့ထောပတ်စိုက်တောင်သူတွေအကြား ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ဈေးကွက်ကွန်ရက်ချဲ့ထွင်ဖို့၊ ထောပတ်သီးရဲ့ရိတ်သိမ်းချိန်လွန်နည်းပညာတွေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ လေ့လာနိုင်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

“ ရည်ရွယ်ချက်ကတော့ လူတွေကို ထောပတ်ဈေးကွက်ကို ပိုစိတ်ဝင်စားလာဖို့ရယ်၊ နောက် ကိုယ်တို့က မြန်မာပြည်မှာ ပထမဆုံး ထောပတ်ဆီထုတ်တဲ့စက်ရုံထောင်ထားတယ်လေ။ ဆိုတော့ ထောပတ်ဆီထုတ်တာ ဒီမှာဖြစ်နေပြီပေါ့။ ဒါကို လူတွေသိပ်မသိသေးလို့ ဒါကို ပြချင်လို့လုပ်တာ” လို့ ပြပွဲကို ဦးဆောင်ပြုလုပ်တဲ့ Shan Orchard Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေသန်ဝင်းက ပြောပါတယ်။

အခုပွဲကိုတော့  Shan Orchard Myanmar နဲ့ USAID Feed the Future Burma စိုက်ပျိုး​ရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်း (AFDA)  တို့ ပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

“ ကိုယ်တို့က ထောပတ်ဆီစက်ရုံလက်မှတ်နဲ့ စက်ရုံထောင်ထားတာရှိတယ်။ ဟဲဟိုးလေဆိပ်နားမှာ။ ကိုယ်တို့ ခြံထဲမှာပါ။ ၃၄ ဧက ရှိတယ်။ Hass မျိုးတွေစိုက်ထားတယ်။ ကိုယ်တို့ထောပတ်ဆီက အခုဆို City Mart တို့ Market Place တို့မှာ ရောင်းနေပြီ။ အလှပြင်ပစ္စည်းတွေလည်း ထောပတ်ဆီသုံးပြီး ထုတ် နေပြီ။ နောက်ပြီးတော့ မာလာအနှစ်လိုမျိုး အနှစ်တွေလည်းထုတ်နေပြီ” လို့ ဦးနေသန်ဝင်းက ဆိုပါတယ်။

ပြပွဲကို ကချင်၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်က ထောပတ်စိုက်တောင်သူတွေနဲ့ စိုက်ပျိုးရေးနည်းပညာနဲ့ သွင်းအားစု ဆိုင်ရာအဖွဲ့အစည်းတွေ တက်ရောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် သရက်၊ ကြက်သွန်ဖြူနဲ့ အာလူးစိုက်တောင်သူတွေလည်း တက်ရောက်လေ့လာမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မင်္ဂလာပါ ကျွန်မရွှေပန်းအဖူးတွေပုတ်လို့ပါ အဖူးပုတ်တဲ့ပုံစံကအဖူးကောင်းတစ်ခုထွက် ပြီးအဖူးထပ်မလာတော့ပဲအထဲကိုခွာကြည့်တဲ့အခါပုတ်နေတာပါ ရှင့်

ဒေါ်ဇာနည်လင်း • ဖြေကြားချက် 0 ခု

စပါးများမှာ အနှံဖြူတွေ ထွက်နေပါတယ်ဗျ

Myo Win • ဖြေကြားချက် 1 ခု

ဆရာခင်ဗျရောဂါဖြစ်စဆရာညွန်းထားတဲ့ဆိုင်မို+မီသိုမော့ ၄ဇွန်းစီဖြန်းထားတယ်ရောဂါလည်းထပ်မပြန့်ပဲခြောက်သွားပါတယ်ခင်ဗျပိုးဆေးကတော့ ကိုလိုပိုင်ရီဖော့+ အမိုင်နို+ဝိစာရကွန်ဘီသုံးထားပါတယ်ရောဂါရပ်ပြီးအပင်အနေထားနောက်ဆုံးပုံပါအတိုင်းစိမ်းလန်းနေပါတယ်ဆရာအခုရက်မှပုံပါအတိုင်းရေနွေးပူလောင်းထားသလိုဖြစ်နေပါတယ်ခင်ဗျ

ခင်ဇော်ဝင်း • ဖြေကြားချက် 3 ခု

အပင်ကဒီလိုလေးဖြစ်နေတာ ဘာဆေးသုံးရမလဲဗျ လမ်းညွှန်ပေးပါအုံးဗျ

Htay Lin Aung • ဖြေကြားချက် 1 ခု

ကျနော်တို့ဒေသမှာ ခေါ်နေကြတဲ့ ကောက်ငန်းလှန်းတဲ့အချိန် မှို့ကပ်တဲ့အချိန် ဖုံးတုံးလုံးတုံးအချိန် မောင်းညိုချိန်ဆိုတာ‌တွေကရော ဘယ်ဖွံ့ဖြိုးမှု အဆင့်ခွဲတွေမှာ ပါပါသလဲ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။