အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် ပဲဈေးများ သိသိသာသာ ပြုတ်ကျ

ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် ပဲဈေးများ သိသိသာသာ ပြုတ်ကျ

AMIA
AMIA • 04/04/2022

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ် ဧပြီ ၁ ရက်(သောကြာနေ့)က အပိတ်ဈေးထက် ဒီနေ့ ဧပြီ ၄ ရက် (တနင်္လာ) အဖွင့်ဈေးကွက်ကြား ပဲဈေးတွေ သိသိသာသာ ပြုတ်ကျသွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ၁ တန်ကို ၁၄၇၀၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်ဖ်အေကျူ၊အာစီ) ဈေးဟာ ကျပ် ၈၅၀၀၀ ပြုတ်ကျပြီး တစ်တန်ကို ၁၃၈၅၀၀၀ ဈေးသာ ရှိပါတော့တယ်။ 

တစ်တန်ကို ၁၆၅၀၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်စ်ကျူအာစီ) ဈေးဟာလည်း ကျပ် ၁ သိန်းထိ ကျသွားခဲ့ပြီး တစ်တန်ကို ၁၅၅၀၀၀၀ ဈေးသာ ရှိတော့တယ်လို့ သိရပါတယ်။ 

ပဲစင်းငုံနီ (အာစီ ၊ ၂၀၂၁) ဈေးဟာလည်း ကျပ် ၈၅၀၀၀ ဈေးပြုတ်ကျသွားပြီး တစ်တန်ကို ၁၃၇၀၀၀၀ သာ ရှိတော့တယ်လို့ သိရပါတယ်။

ပဲတီစိမ်းဈေးတွေလည်း အကျဘက်မှာရှိခဲ့ပြီး တစ်ပိဿာကို ၆၅ ကျပ်ခန့်ဈေးကျသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ စွန်တာနီ/ပြာ၊ ကုလားပဲ စတဲ့ ပဲဈေးတွေလည်း အနည်းငယ်စီ အကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ်အတွင်း မတ်ပဲ တင်ပို့ခွင့်ကာလကို အိန္ဒိယနိုင်ငံက တစ်နှစ်သက်တမ်းတိုးပေးလိုက်တဲ့အချိန်မှာ မတ်ပဲဈေးတွေ ပြန်ကျဆင်းသွားခဲ့ပေမယ့် သိသိသာသာ ကျဆင်းခြင်းတော့ မရှိဘဲ လက်တလောမှာ ဈေးတွေကျဆင်းနေပေမယ့် ငွေကြေးဈေးနှုန်းမြင့်မားမှုတွေကြောင့် အများကြီးကျဆင်းနိုင်ခြေမရှိဘူးလို့ ဧရာကုန်သွယ်မှုဗဟိုဌာနက သုံးသပ်ထားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ အခုတစ်ပတ်အဖွင့်မှာတင် ဈေးတွေသိသိသာသာကျသွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေဝင်တာတွေနဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ ဧပြီ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲရှိလာပြီး နောက် ကုန်စည်အချို့ ဈေးနှုန်းအပြောင်းအလဲတွေ ရှိနေတာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်လို့ထည့်လို့ရလားဆရာ အခုဆေးတွေဖျန်းလို့ရလားဆရာ အဲ့ပထမပုံကအသီးတွေက ရှုံ့တွန့်ပီးမှည့်ကုန်လို့ဆရာ အရင် ရှေ့ 10 ရက်လောက် ဂရမ်းဖျန်းထားတယ်ဆရာ

U Yan • ဖြေကြားချက် 2 ခု

ဝါပင် အပေါက်မလှလို့ ဘာဆေး ကောင်းလဲဗျ

ကိုကျော်လေး • ဖြေကြားချက် 3 ခု

တိုင်းရင်းငါး monosex ငါးပြေမနဲ့ ငါးရံ့သားပေါက်များကို ရရှိနိုင်တဲ့ ဈေးနှုန်းနဲ့ မအူပင်အနီးကန်နေရာများနှင့် အခြားမြို့များမှ စိတ်ချရသော အရောင်းအဝယ်လုပ်သူများနှင့် အဆက်အသွယ်ရှိကြလားဗျာ့...တာပေါ်လင်ကန်နဲ့မွေးမြူရန် အားနည်းချက်အားသာချက်များကို ဖြေကြားပေးကြပါဗျာ့

YS • ဖြေကြားချက် 2 ခု

၁၀.လပိုင်းမှာအန်နီညိုရာသီဉတုဆိုတော့သခွားစိုက်လို့ရပါတော့မလားစိုက်ပျိုးရေးပညာရှင်တို့ရေအကြံပေးပါအုံးခုသီးနေတဲ့သခွားပင်တွေလဲနွမ်းနေလို့ပါ

,ရဲ‌ေကျာ် • ဖြေကြားချက် 1 ခု

မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ

ဦးဇော်မျိုးထက် • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။