တစ်ရက်တာအကျပြ ပြန်တက်တဲ့မတ်ပဲ

15/02/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာတော့ မတ်ပဲဈေးတွေဟာ မနေ့က (၁၄.၂.၂၃) တုန်းက ဈေးအနည်းငယ်ပြန်ကျသွားပေမဲ့ ဒီနေ့မှာတော့ ပြန်တက်လာတာမှာ ဖေဖော်ဝါရီ ၁၃ ရက် ဈေးတန်းထက်တောင် ပိုမြင့်တက်သွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်တုန်းက မတ်ပဲ(FAQ/RC) ဈေးဟာ ယခုလအတွင်းအမြင့်ဆုံးအဖြစ် တစ်တန်ကို ၁၈၇၁၀၀၀ ကျပ်(တစ်တင်း ၆၀၁၆၀ ကျပ်) ထိမြင့်တက်သွားခဲ့ရာကနေ မနေ့ကတော့ တစ်တန်ကို ဈေးအနည်းငယ်ပြန်ကျကာ တစ်တန်ကို ၁၈၆၁၅၀၀ ကျပ် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ တစ်တန်ကို ၁၈၈၃၀၀၀ ကျပ် (တစ်တင်း ၆၀၅၄၅ ကျပ်) ထိ ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။

မတ်ပဲ (SQ/RC) ဈေးကတော့ ဖေဖော်ဝါရီ ၁၃ ရက်တုန်းက တစ်တန်ကို ၂၁၀၁၀၀၀ ကျပ်(တစ်တင်း ၆၇၅၅၀ ကျပ်) ထိမြင့်တက်သွားခဲ့ရာကနေ မနေ့ကတော့ တစ်တန်ကို ဈေးအနည်းငယ်ပြန်ကျကာ တစ်တန်ကို ၂၀၉၅၀၀၀ ကျပ် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ တစ်တန်ကို ၂၁၁၈၀၀၀ ကျပ် (တစ်တင်း ၆၈၁၀၀ကျပ်) ထိ ပြန်မြင့်တက်သွားပြီ ဖြစ်ပါတယ်။

မတ်ပဲဟာ ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ဈေးအပြောင်းအလဲရှိနေသလို အဝယ်လည်း ပြန်လိုက်လာနေတယ်လို့ကုန်သည်အချို့က ပြောကြားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက် သတင်းအချက်အလက်အဖွဲ့(AMIA)ရဲ့ ပြီးခဲ့တဲ့အပတ် ဈေးကွက်သုံးသပ်ချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

ပဲစင်းငုံနီဈေးကတော့ ယခုတစ်လလုံး အတက်နဲ့သာရှိနေပြီး ဒီနေ့မှာတော့ ရန်ကုန်၊ ဘုရင့်နောင် ဈေးကွက်မှာ တစ်တန်ကို ၂၁၀၀၀၀၀ ကျပ်(တစ်တင်း ၆၇၅၀၀ ကျပ်) ရှိနေပါတယ်။

(မတ်ပဲ FAQ/RC မှာ ၂.၂ မီလီမီတာ - ၃.၃၅ မီလီမီတာကြားဆိုဒ်ဖြစ်ပြီး မတ်ပဲ SQ/RC မှာ ၃.၂၅ မီလီမီတာနှင့်အထက်ဆိုဒ်ဖြစ်ပါသည်)

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်