တစ်ရက်တာအကျပြ ပြန်တက်တဲ့မတ်ပဲ
ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာတော့ မတ်ပဲဈေးတွေဟာ မနေ့က (၁၄.၂.၂၃) တုန်းက ဈေးအနည်းငယ်ပြန်ကျသွားပေမဲ့ ဒီနေ့မှာတော့ ပြန်တက်လာတာမှာ ဖေဖော်ဝါရီ ၁၃ ရက် ဈေးတန်းထက်တောင် ပိုမြင့်တက်သွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်တုန်းက မတ်ပဲ(FAQ/RC) ဈေးဟာ ယခုလအတွင်းအမြင့်ဆုံးအဖြစ် တစ်တန်ကို ၁၈၇၁၀၀၀ ကျပ်(တစ်တင်း ၆၀၁၆၀ ကျပ်) ထိမြင့်တက်သွားခဲ့ရာကနေ မနေ့ကတော့ တစ်တန်ကို ဈေးအနည်းငယ်ပြန်ကျကာ တစ်တန်ကို ၁၈၆၁၅၀၀ ကျပ် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ တစ်တန်ကို ၁၈၈၃၀၀၀ ကျပ် (တစ်တင်း ၆၀၅၄၅ ကျပ်) ထိ ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။
မတ်ပဲ (SQ/RC) ဈေးကတော့ ဖေဖော်ဝါရီ ၁၃ ရက်တုန်းက တစ်တန်ကို ၂၁၀၁၀၀၀ ကျပ်(တစ်တင်း ၆၇၅၅၀ ကျပ်) ထိမြင့်တက်သွားခဲ့ရာကနေ မနေ့ကတော့ တစ်တန်ကို ဈေးအနည်းငယ်ပြန်ကျကာ တစ်တန်ကို ၂၀၉၅၀၀၀ ကျပ် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ တစ်တန်ကို ၂၁၁၈၀၀၀ ကျပ် (တစ်တင်း ၆၈၁၀၀ကျပ်) ထိ ပြန်မြင့်တက်သွားပြီ ဖြစ်ပါတယ်။
မတ်ပဲဟာ ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ဈေးအပြောင်းအလဲရှိနေသလို အဝယ်လည်း ပြန်လိုက်လာနေတယ်လို့ကုန်သည်အချို့က ပြောကြားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက် သတင်းအချက်အလက်အဖွဲ့(AMIA)ရဲ့ ပြီးခဲ့တဲ့အပတ် ဈေးကွက်သုံးသပ်ချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။
ပဲစင်းငုံနီဈေးကတော့ ယခုတစ်လလုံး အတက်နဲ့သာရှိနေပြီး ဒီနေ့မှာတော့ ရန်ကုန်၊ ဘုရင့်နောင် ဈေးကွက်မှာ တစ်တန်ကို ၂၁၀၀၀၀၀ ကျပ်(တစ်တင်း ၆၇၅၀၀ ကျပ်) ရှိနေပါတယ်။
(မတ်ပဲ FAQ/RC မှာ ၂.၂ မီလီမီတာ - ၃.၃၅ မီလီမီတာကြားဆိုဒ်ဖြစ်ပြီး မတ်ပဲ SQ/RC မှာ ၃.၂၅ မီလီမီတာနှင့်အထက်ဆိုဒ်ဖြစ်ပါသည်)
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ဆက်စပ်မေးခွန်းများ
ကျွန်တော့မှာတော့ ဇီးချို ခင်း စိုက်ထားပါတယ် အပွင့် လှိုင်လှိုင် ပွင့်ပါတယ် အသီး မကပ်ဖြစ်နေပါသဖြင့် ဘာဆေးသုံးပေးရမလဲဗျ ခုလက်ရှိ စူပါသီးဖြန်းပေးထားတယ် ဘာဆေးဖြန်းပေးရန် လိုအပ်ပါသလဲ
Ko Zaw Min • ဖြေကြားချက် 0 ခု
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 2 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026