ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်း BUALOI အကြွင်းအကျန်များကြောင့် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်

30/09/2025 16:05 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီ မှ အောက်တိုဘာ ၂ ရက် နေ့လည် ၁၂ နာရီအထိ ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်း BUALOI အကြွင်းအကျန်များကြောင့် မိုးရွာနိုင်/မိုးများနိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း

စက်တင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်

=====

🔸စက်တင်ဘာ ၃၀ ရက်နေ့တွင် တိုင်ဖွန်းမုန်တိုင်း BUALOI ၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်သို့ဝင်ရောက်လာပြီး ရှမ်းပြည်နယ်ကိုဖြတ်သန်း၍ အနောက်-အနောက်မြောက်ဘက် - မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါတယ်။

🔸ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ လေပွေလှိုင်း(INVEST-91B)စတင်ဖြစ်ပေါ်လျှက်ရှိပြီး နောက်၁၂ နာရီအတွင်း ပိုမိုအားကောင်းလာကာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များနှင့် လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုများကြောင့် စက်တင်ဘာ ၃၀ ရက် နေ့လည် မှ အောက်တိုဘာ ၂ ရက်နေ့လည်(၄၈ နာရီအတွင်း) –

🔸ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ ၄၈ နာရီအတွင်း မိုးရေချိန် ၄ လက်မခန့်မှ ၆ လက်မခန့် ရွာသွန်းနိုင်/မိုးများနိုင်/မိုးအလွန်များနိုင်ပါတယ်။

🔸ကျန်ပြည်နယ်တိုင်းဒေသသအားလုံးမှာ မိုးအသင့်အတင့်/မိုးများနိုင်ပါမယ်။ (၄၈ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ အထက်)မှ (၄၈ နာရီအတွင်း မိုးရေချိန် ၄ လက်မ ခန့်အထိရွာသွန်းရရှိနိုင်)

၄ ရက်စာ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းကြည့်ရန် - 

https://disasterinfo.mmweather.org/divisionTownPage

https://www.mmweather.org/divisional-cities-weather 

🔸ကရင်ပြည်နယ်အတွက် သီးခြားကြိုတင်ခန့်မှန်းချက်ကို ထပ်ဖြည့်ပေးထားပါတယ် -

စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၂ ရက်အထိ ၄၈ နာရီအတွင်း ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်၊ ဖါပွန်မြို့နယ်နှင့် ဒေါနတောင်ကြောတလျှောက်၊ သောင်ရင်းမြစ်နှင့်သံလွင်မြစ်ဝှမ်းတလျှောက်တွင် မိုးသည်းထန်ပြီးရုတ်ချည်းရေကြီးခြင်း/မြစ်ရေကြီးခြင်းတို့ ဖြစ်နိုင်ပါတယ်။

(၄၈ နာရီအတွင်း မိုးရေချိန် ၅ လက်မအထက်အထိ ရွာသွန်းနိုင် မိုးများနိုင်ပါမယ်)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်