တိုင်းနှင့်ပြည်နယ်တစ်ခုချင်းစီအတွက် လာမည့် ၁၀ ရက်အတွင်း မိုးလေဝသ ခန့်မှန်းချက်

01/07/2022 11:01 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

CHABA မုန်တိုင်းနှင့် မုတ်သုံလေအားကောင်းမှုကြောင့် လာမည့် ၁၀ ရက်အတွင်း တိုင်းနှင့်ပြည်နယ် တစ်ခုချင်းစီအလိုက် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ပုံများနှင့်တကွ ဖော်ပြပေးခြင်းဖြစ်ပါသည်။ 

(နိုင်ငံတကာမိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်များက ထုတ်ပြန်ချက်များကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်သုံးသပ်သူ ဦးဝင်းနိုင်၏ ခန့်မှန်းချက်များကို ဖော်ပြခြင်းဖြစ်ပါသည်။)

တောင်တရုတ်ပင်လယ်ထဲက အပူပိုင်းမုန်တိုင်း CHABA ဟာ ဇူလိုင်၂ ရက် မနက်ပိုင်းမှာ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်ကို ရောက်လာမှာဖြစ်ပါမယ်။ 

အဲ့ဒီနေ့ ညပိုင်းမှာ ဟိုင်နန်ကျွန်းအရှေ့ဘက်ခြမ်း၊ တရုတ်ပြည်မ ဂွမ်ဒုံးပြည်နယ်ကမ်းခြေကို Zhanjiang မြို့အနီးမှ ဖြတ်ပြီး ကုန်တွင်းကို ဝင်ရောက်သွားမယ်လို့ ECMWF model က ကြိုတင်ခန့်မှန်းထားပါတယ်။ 

ကုန်းတွင်းဝင်ရောက်ပြီးရင်တော့ ကုန်းတွင်းမုန်တိုင်းအဖြစ် မြောက်ဘက်ကို ဆက်ရွေ့သွားပြီး အနောက်ဘက်ကို ကွေ့ကာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားမယ်လို့ တွေ့ရပါတယ်။

 ဒီမုန်တိုင်းဖြစ်နေချိန်မှာ အားကောင်းလာတဲ့ အနောက်တောင် မုတ်သုံလေအားနဲ့ မုန်တိုင်းအပြင်ပိုင်းက ရွေ့လျားဝင်ရောက်လာမဲ့ တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁ ရက်မှ ၁၀ ရက်အတွင်း ဖြစ်လာနိုင်မယ့် မိုးလေဝသအခြေအနေပုံတွေကို တစ်ပုံချင်းစီမှာ ကြည့်ရှုနိုင်ပါတယ်။ 

 

Photo Crd_Win Naing FB

(မိမိဒေသတစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ဦးဝင်းနိုင်နဲ့ တိုက်ရိုက်မေးမြန်းလိုသူများအနေနဲ့ Green Way ဆော့ဝဲထဲမှာရှိတဲ့ ‘ မေးကြ၊ ဖြေကြ...ဒေသအလိုက်မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးမှာ အခမဲ့ဝင်ရောက်ပြီး မေးမြန်းနိုင်ပါတယ်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်