နို့သယ်ပုံးများကို နို့ကောက်စခန်းတွင် ဆေးကြောခြင်း

11/07/2018 10:03 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

ရည်ရွယ်ချက်
နို့ကောက်စခန်းသို့ နို့ပို့သည့်ပုံးများသည် ဘက်တီးရီးယားပိုးမွှားကင်းရှင်းပြီး ခြောက်သွေ့သန့်ရှင်းရပါမည်။ ထိုသို့နို့သယ်သည့်ပုံးများသန့်ရှင်းမှသာ နွားနို့အတွင်းသို့ နို့သယ်သည့်ပုံးမှ ဘက်တီးရီးယားဝင်ရောက်မှုကို ကာကွယ်နိုင်ပါမည်။

၁။ ရေဖြင့်ဆေးကြောခြင်း
သန့်ရှင်းသည့်ရေကို အသုံပြုပါ။
သန့်ရှင်းသည့်အဝတ်စကို အသုံးပြုပါ။
ဆေးကြောရာတွင် အနည်းဆုံးရေ(၂)လီတာ သုံးပါ။
ပုံးမျက်နှာမြင်နှင့်နှုတ်ခမ်းများကို သေချာစွာပွတ်တိုက်ပါ။
ပုံးဆေးပြီးနောက်ရေကိုသွန်ပစ်ပါ။ပြန်မသုံးရ။
ပုံးကိုရေစစ်ပါ။

၂။ ဆပ်ပြာဖြင့်ဆေးကြောခြင်း
ပုံးဆေးရန် သန့်ရှင်းသည့်အဝတ်စကို သုံးပါ။
ပုံးထဲသို့ ဆပ်ပြာရည်(၂)လီတာခန့်ထည့်၍ဆေးပါ။
အတွင်းမျက်နှာပြင်နှင့်ပုံးနှုတ်ခမ်းများကို သေချာပွတ်တိုက်ပါ။
ပုံးဆေးပြီးနောက်ရေကိုသွန်ပစ်ပါ။ပြန်မသုံးရ။
ပုံးကိုရေစစ်ပါ။

၃။ ကလိုရင်းဖြင့် ပိုးသတ်ဆေးကြောခြင်း
 ပုံးတစ်ပုံးလုံးမြုပ်အောင် ကလိုရင်းရေထဲသို့နှစ်၍စိမ်ပါ။
ကလိုရင်းကန်ထဲတွင် တစ်မိနစ်ကြာအောင် စိမ်ရပါမည်။
ထို့နောက်ပုံးကိုရေစစ်ပါ။

၄။ ပုံးကိုအခြောက်ခံခြင်း
ပုံးကို ရေစစ်ပြီးနောက် အခြောက်ခံပါ။
နို့ကောက်စခန်းမှ ပြန်ရောက်လာပြီးနောက် ပုံးကို အခြောက်ခံစင်တွင်မှောက်ထားပါ။
ခြောက်သွေ့သောပုံး၏မျက်နှာပြင်တွင် ဘက်တီးရီးယားပိုးများ မပေါက်ပွားနိုင်ပါ။
၁။ ရေဖြင့်ဆေးကြောခြင်း
နို့သယ်သည့်ပုံးများကို ဦးစွာရေဖြင့်ဆေးရမည်။ ထိုသို့ဆေးခြင်းဖြင့် အညစ်အကြေးများကို ၉၅%အထိသန့်စင် နိုင်ပါသည်။ ဆေးကြောသည့်ရေသည်လဲ သန့်ရှင်းရန်အရေးကြီးပါသည်။

နို့သယ်သည့်ပုံးများကို အောက်ပါအတိုင်းဆေးကြောရပါမည်။

၁။ သန့်ရှင်းသည့်ရေကို အသုံပြုပါ။
၂။ ရေမသန့်ပါက ရေ(၁၅)လီတာတွင် ကလိုရင်း(၅) စီစီနှုန်းထည့်၍ အသုံးပြုပါ။
၃။ ပုံးတစ်ပုံးလျှင်အနည်းဆုံးရေ(၂)လီတာသုံး၍ ဆေးကြောပါ။
၄။ ပုံး၏အတွင်းဘက်၊ အပြင်ဘက်နှင့် ပုံးနှုတ်ခမ်းအားလုံးကို သေချာပွတ်တိုက်ဆေးကြောပါ။
၅။ ပုံးဆေးပြီးနောက်ရေကိုသွန်ပစ်ပါ။ပြန်မသုံးရ။
၆။ ဆေးကြောပြီးနောက် ပုံးကိုရေစစ်ပါ။

၂။ ဆပ်ပြာဖြင့်ဆေးကြောခြင်း
နို့သယ်သည့်ပုံးများကို သန့်ရှင်းစေရန်အတွက် ရေဖြင့်ဆေးကြောပြီးသည့်အခါ ရေနွေး၊ ဆပ်ပြာတို့ဖြင့်ထပ်မံ၍ သေချာပွတ်တိုက်ဆေးကြောရပါမည်။ ထိုသို့ဆေးကြောရာတွင် အယ်ကာလိုင်းဆပ်ပြာကို အသုံးပြုသင့်ပြီး အကယ်၍မရရှိပါက နို့ပုံးများတွင် အနံ့မစွဲစေရန် အနံ့မပါသော ပန်ကန်ဆေးဆပ်ပြာကို အသုံးပြုနိုင်ပါသည်။
၁။ ပုံးဆေးရန် သန့်ရှင်းသည့်အဝတ်စကို သုံးပါ။
၂။ ပုံးထဲသို့ ဆပ်ပြာရည်(၂)လီတာခန့်ထည့်၍ဆေးပါ။
၃။ အတွင်းမျက်နှာပြင်နှင့်ပုံးနှုတ်ခမ်းများကို သေချာပွတ်တိုက်ပါ။
၄။ ပုံးဆေးပြီးနောက်ရေကိုသွန်ပစ်ပါ။ပြန်မသုံးရ။
၅။ ဆပ်ပြာဖြင့်ဆေးပြီးနောက် ပုံးကိုရေစစ်ပါ။ 

၃။ ကလိုရင်းဖြင့်ပိုးသတ်ဆေးကြောခြင်း
နို့အရည်အသွေးကောင်းမွန်စေရန်အတွက် နို့သယ်သည့်ပုံးကို ကလိုရင်းရေဖြင့်ပိုးသတ်ဆေးကြောရန်လိုအပ် ပါသည်။ နို့သယ်ပုံးစိမ်သည့် ကလိုရင်းရေသည် ပြင်းအား(၂၀၀)ppm ရှိရန်လိုအပ်ပြီး အောက်ပါအတိုင်း ပြုလုပ် နိုင်ပါသည်။
ကလိုရင်း(၃၀)ml + ရေ (၁၆)လီတာ = (၂၀၀)ppm ကလိုရင်းရေ
ပုံးစိမ်သည့်ကန်ထဲတွင် ကလိုရင်းရေ၏ ပြင်းအား ကြာရှည်ခံရန်အတွက်
ရေ၊ ဆပ်ပြာတို့ဖြင့်ဆေးစဉ်တွင် သေချာဆေးရပါမည်။

နို့သယ်သည့်ပုံးများကို အောက်ပါအတိုင်း ကလိုရင်းရေဖြင့် ပိုးသတ်ဆေးကြောနိုင်ပါသည်။
၁။နို့သယ်သည့်ပုံးကို ကလိုရင်းကန်ထဲတွင် တစ်မိနစ်စိမ်ပါ။
၂။ ထိုသို့စိမ်ရာတွင် ပုံး၏အစိတ်အပိုင်းအားလုံးနစ်မြုပ်နေရပါမည်။
၃။ ထို့နောက်ပုံးကိုရေစစ်ပါ။
၄။ ပုံးကိုအခြောက်ခံခြင်း
ကလိုရင်းရေဖြင့်ဆေးပြီးလျှင် ရေစစ်ပြီးနောက် ပုံးကို စင်ပေါ်တွင်မှောက်၍ အခြောက်ခံပါ။
ပုံးခြောက်သွေ့ပါက အဖုံးဖြင့်ပိတ်ထားပါ။
ထိုသို့နို့သယ်သည့်ပုံး ခြောက်သွေ့သန့်ရှင်းခြင်းဖြင့် ဘက်တီးရီးယားပိုးများပေါက်ပွားခြင်းကို တားဆီးနိုင် မည်ဖြစ်သည်။

နို့သယ်သည့်ပုံး၏ အတွင်းမျက်နှာပြင် ခြောက်သွေ့ခြင်းသည် နို့အရည်အသွေးကို ကောင်းမွန်စေသည်။

မူရင်း - မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူခြင်း စီမံကိန်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်