စပါးလင်ဆီမွှေးပင် စိုက်ပျိုးနည်း
- အင်္ဂလိပ်အမည် - Citronella Plant
- သိပ္ပံအမည် - Cymbopogon nardus
စပါးလင်ဆီမွှေး (Cintronella) ဟာ သက်ကယ်ပင်နဲ့ ဆင်တူသလို ဂျပန်မြက် (မြက်ယားပင်) နဲ့လည်း တူပါတယ်။ စပါးလင်ဆီမွှေးဟာ စပါးလင်လောက် အနံ့မပြင်းပေမယ့် နှစ်လိုဖွယ်ကောင်းတဲ့ သံပရာအနံ့ရှိတာကြောင့် လူကြိုက်များပါတယ်။ သူ့ရဲ့အရွက်ကို ဟင်းလျာတွေနဲ့ ဟင်းချိုချက်ပြုတ်ရာမှာ အနံ့အရသာ ကောင်းစေဖို့ အသုံးပြုကြတာ ဖြစ်ပါတယ်။ ထို့အပြင် အရည်ရွှမ်းတဲ့ပင်စည်ရဲ့ အဖြူရောင်အပိုင်းကိုလည်း ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ရနံ့မွှေးတဲ့ လက်ဖက်ခြောက်ကိုလည်း အရွက်ကနေ ပြုလုပ်ရယူနိုင်ပါသေးတယ်။ စပါးလင်ဆီမွှေးပင်ကနေ ထုတ်ယူရရှိတဲ့ အဆီမှာဆိုရင် geraniol၊ citral နဲ့ citronellal ဓာတ်တွေပါဝင်နေပြီး အမျိုးမျိုးသော အစားအစာတွေ ထုတ်လုပ်ရာမှာ အရသာကောင်းမွန်စေဖို့အတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။ Citral ဓာတ်ဟာဆိုရင် ပန်းသီး၊ သံပရာ၊ စတော်ဘယ်ရီနဲ့ ဗနီလာ အရသာများကို တုပဖို့ရာအတွင် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
စပါးလင်ဆီမွှေးရဲ့ မူရင်းဒေသက အာရှတိုက် တောက်ဘက်ပိုင်းဒေသတွေပဲ ဖြစ်ပါတယ်။ စပါးလင်ဆီမွှေး အပင်ရုံတစ်ရုံဟာ အမြင့် ၄ ပေကနေ ၆ ပေအထိ ကြီးထွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နေရာဒေသ အနှံ့အပြားမှာ ပေါက်ရောက်နိုင်ပါတယ်။
အလင်းရောင်
စပါးလင်ဆီမွှေးအပင်တွေကို အိုးနဲ့ စိုက်ပျိုးနိုင်သလို မြေကြီးပေါ်မှာ ချစိုက်လို့လည်း ရပါတယ်။ အလင်းရောင် ကောင်းစွာရရှိတဲ့နေရာမှာ စိုက်ပျိုးမယ်ဆိုရင် အပင်ကြီးထွားသန်မာဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ စပါးလင်ဆီမွှေးအပင်တွေဟာ နေရောင်ခြည် တိုက်ရိုက်ကျရောက်တာကို ကောင်းကောင်းခံနိုင်ရည်ရှိသလို အရိပ်အနည်းငယ်ရစေနိုင်မယ့် သစ်ပင်တွေအနီးအနားနဲ့ အိမ်ပတ်ဝန်းကျင် အနီးအနားမှာလည်း စိုက်ပျိုးနိုင်ပါတယ်။
မြေဆီလွှာ
စပါးလင်ဆီမွှေးအပင်ဟာ မြေဆီလွှာ အတော်များများမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ အဓိကအားဖြင့် သစ်ဆွေးဓာတ်ကို အခြေခံတဲ့ မြေဆီလွှာကို ကြိုက်နှစ်သက်ပြီး ရေဝပ်တာမျိုးကိုတော့ နှစ်သက်ခြင်းမရှိပါဘူး။ မိုးများတဲ့ ဒေသတွေမှာဆိုရင် ဂဝံမြေနဲ့ ဂဝံအောက်ခံမြေတွေမှာ ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်။ အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေမှာတော့ မြေဆီလွှာအစိုဓာတ်ကိုလည်း ထိန်းထားစေချင်တယ် ရေစိမ့်ဝင်မှုလည်း ကောင်းစေချင်တယ်ဆိုရင်တော့ ကျောက်ပွ (Perlite) ၊ ရေညှိအဆွေး (Peat moss) နဲ့ အသင့်သုံး စပ်မြေတို့ကို ကောင်းစွာရောစပ်ပြီး စိုက်ပျိုးနိုင်ပါတယ်။
ရေ
စပါးလင်ဆီမွှေးအပင်ဟာ နေရောင်ခြည်ကောင်းကောင်းရတဲ့ နေရာမှာ ရှင်သန်ဖြစ်ထွန်းနိုင်ပြီး ပူပြင်းမှုကို ခံနိုင်ရည်ရှိပေမယ့် အစိုဓာတ်မပြတ်ရှိနေဖို့အတွက် ရေကိုပုံမှန်လောင်းပေးဖို့ လိုအပ်ပါတယ်။ မြေဆီလွှာကို ပုံမှန်စစ်ဆေးပြီး အပေါ်ယံမြေသား ၂ လက်မခန့်လောက် ခြောက်သွေ့နေပြီဆိုရင် ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ရေမလောင်းဘဲနဲ့ အချိန်အတော်ကြာကြာ ထားလိုက်မယ်ဆိုရင် အပင်ရဲ့အောက်ဖက်မှာရှိနေတဲ့ အရွက်တွေဟာ တဖြည်းဖြည်းနဲ့ အဝါရောင်ပြောင်းလာပြီး ခြောက်သွေ့ကာ ကြွေကျသေဆုံးသွားမှာ ဖြစ်ပါတယ်။ ထို့နောက် အပင်ရဲ့ ရှင်သန်နိုင်စွမ်းကိုပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။ ရေဝပ်တာမျိုးကိုတော့ မကြိုက်နှစ်သက်ပေမယ့် အပင်ခြေမှာ အစိုဓာတ်မပြတ်ရှိနေဖို့ကို အမြဲသတိပြုသင့်ပါတယ်။
ရာသီဥတုနဲ့ စိုထိုင်းဆ
စပါးလင်ဆီမွှေးအပင်ဟာ အကြမ်းခံတဲ့ အပင်ဖြစ်ကာ ပူနွေးပြီး မိုးများတဲ့ဒေသတွေမှာ ကောင်းစွာ ရှင်သန်ဖြစ်ထွန်းနိုင်ပါတယ်။ အရမ်းပူလွန်း အေးလွန်းတဲ့အခါမှာတော့ အပင်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အစိုဓာတ် ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပေမယ့်လည်း အပင်ရဲ့ပတ်ဝန်းကျင်မှာ အစိုဓာတ် အရမ်းများနေမယ်ဆိုရင်လည်း အပင်ကို ပုပ်စေနိုင်ပါတယ်။ ၎င်းတို့ ကြိုက်နှစ်သက်တဲ့ စိုထိုင်းဆ ပမာဏကတော့ ၄၀ - ၇၀ ရာခိုင်နှုန်းအတွင်း ဖြစ်ပါတယ်။
စိုက်ပျိုးမှု
များသောအားဖြင့် မြေအစိုဓာတ် အလုံအလောက်ရရှိတဲ့ မေလနဲ့ ဇွန်လတွေမှာ စိုက်ပျိုးကြလေ့ရှိပေမဲ့ ရေကို အလွယ်တကူရရှိနိုင်တဲ့ နေရာတွေမှာတော့ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ အကျယ် ၃ ပေ၊ အမြင့် ၆ လက်မ (သို့မဟုတ်) ၁ ပေရှိတဲ့ စိုက်ပေါင်တွေကို ဖော်ရမှာ ဖြစ်ပါတယ်။ မြေအစိုဓာတ် ကောင်းကောင်းရှိနေပြီဆိုရင် စပါးလင်ဆီမွှေး အသားတက်တွေကို စိုက်ပေါင်မှာ တစ်ပင်နဲ့ တစ်ပင် ၁ ပေခန့်ခွာပြီး အောက်ခြေအဆစ်တွေ မြုပ်တဲ့အထိ မြုပ်ပြီးစိုက်ပေးရမှာ ဖြစ်ပါတယ်။ ပင်ကြား ၁ ပေ တန်းကြား ၃ ပေ ခန့်ခွာပြီး စိုက်ပျိုးနိုင်ပါတယ်။

မြေဩဇာ
ကျန်းမာသန်စွမ်းတဲ့အပင်တွေ ရရှိချင်တယ်ဆိုရင်တော့ မြေဩဇာကျွေးပေးဖို့ လိုအပ်ပါတယ်။ မြေပြုပြင်ချိန်မှာ ထုံးအပါအဝင် အားဖြည့်မြေဩဇာတွေကို တပြိုင်တည်းထည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိုက်ခင်းကို ပေါင်းနှုတ်ပြီးနောက် မြေမဆွခင်မှာလည်း အားဖြည့်မြေဩဇာတွေကို ထည့်ပေးနိုင်ပါတယ်။ မြေဩဇာထည့်ပြီးတဲ့နောက်မှာတော့ ရေသွင်းနိုင်ပါတယ်။ အပင်ကြီးထွားမှုကောင်းစေဖို့အတွက် အသင့်သုံးအီးအမ်ဖျော်ရည်ကိုလည်း ၁ လလျှင် ၁ ကြိမ်လောင်းပေးနိုင်ပါတယ်။ မြေဩဇာကျွေးပေးတဲ့အခါ ယူရီးယား၊ တီစူပါနဲ့ ပိုတက်တို့ကို အချိုးကျထည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် မြေဆွပေါင်းသင်ခြင်း၊ ရွက်ဖျန်းမြေဩဇာကျွေးခြင်း တို့ကိုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။
အပင်မျိုးပွားရာတွင် - ကျန်းမာသန်စွမ်းတဲ့ အပင်ကြီးရဲ့ အမြစ်အုံကနေ အဆစ်ပါတဲ့ ပင်တက်ကိုဖဲ့ပြီး တိုက်ရိုက်စိုက်ပျိုးနိုင်ပါတယ်။
ရိတ်သိမ်းရာတွင် - စပါးလင်ဆီမွှေးပင်ဟာ ၄ လကြာလျှင် ၁ ကြိမ်နှုန်းဖြင့် ၁ နှစ်ကို ၃ ကြိမ် ရိတ်သိမ်းနိုင်တာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 5 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026