ဖင်အုန်းသီးဆိုပြီး နာမည်ကြီးနေတဲ့ Coco de Mer ဆိုတာ...

24/03/2023 15:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

တစ်လုံးကို ထိုင်းဘတ်ငွေ ၁ သိန်း (မြန်မာငွေ ၈၅ သိန်းခန့်) တန်တဲ့ ဖင်အုန်းသီး (ပုံပန်းသဏ္ဍာန်ထူးခြားမှု အရ မြန်မာမှုပြုခေါ်နေကြခြင်းဖြစ်)ကို ထိုင်းနိုင်ငံမှာတွေ့နိုင်ပြီဆိုပြီး လူမှုကွန်ရက်သုံးစွဲသူတွေကြား ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နာမည်ကြီးလာပါတယ်။

တကယ်တော့ ဒါဟာ မူရင်းဒေသ ကျွန်းပေါင်း ၁၁၅ ခုရှိတဲ့ အရှေ့အာဖရိက ကျွန်းစုနိုင်ငံလေး ဆေးရှဲမှာ တောင် Praslin နဲ့  Curieuse  လို့ဆိုသော ကျွန်း ၂ ကျွန်းမှာပဲ သဘာဝအလျောက်ပေါက်တဲ့ Coco de Mer လို့ ခေါ်တဲ့ အလွန်ကြီးမားသော အခွံမာသီးတစ်မျိုးပါ။ အထဲကအသားကတော့ အုန်းသီးနဲ့ တူပါတယ်။

Coco de Mer ဆိုတာ ပြင်သစ်စကားလုံးဖြစ်ပြီး ပင်လယ်အုန်းသီး၊ တားမြစ်ထားတဲ့အသီး၊ အချစ် အုန်းသီး၊ နှစ်ထပ်အုန်းသီးလို့လည်း ခေါ်ကြတယ်လို့ဆိုပါတယ်။ သူနာမည်ကြီးရတဲ့ အကြောင်းတွေ ထဲမှာ သူ့ရဲ့ထူးခြားတဲ့ပုံစံ(အထက်ဆိုခဲ့ပါအတိုင်း) ကြောင့်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီအသီးရဲ့အတွင်းပိုင်းအဆန် (အပေါ်ယံအခွံဖယ်ရှားပြီး) ကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အလေးဆုံး အစေ့အဆန် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့လုံးပတ်က ၄၀-၅၀ စင်တီမီတာ (၁.၃- ၁.၆ ပေခန့်) ထိ ရှိနိုင် ပြီး အလေးချိန်ကတော့ ၁၁ ပိဿာကနေ ၁၅ ပိဿာလောက်ထိကို ရှိနိုင်ပါတယ်တဲ့။

အစေ့ဖြစ်ပေါ်လာချိန် အသီးနုကိုခူးစားမယ်ဆိုရင် သူ့ရဲ့အရသာက ချိုပြီးနူးညံ့ကာ နို့ဂျယ်လီလိုမျိုးလေး လို့ ဆိုပါတယ်။ ဆေးရှဲနိုင်ငံမှာတော့ သူ့ကိုနိုင်ငံတော်သစ်သီးအဖြစ်တောင်သတ်မှတ်ထားပြီး အချင်းချင်းဆိုရင် အများအားဖြင့် ငွေကြေးနဲ့လဲလှယ်ရောင်းချတာမျိုးမလုပ်ကြဘဲ လက်ဆောင်ပေးဖို့ လောက်သာ သုံးကြတယ်လို့ ဆိုပါတယ်။

ဒီအပင်တွေဟာ ဆေးရှဲနိုင်ငံမှာတောင် အပင် ၇၀၀၀ လောက်ပဲ ကျန်ရှိတော့လို့ မျိုးသုဥ်းရန် အန္တရာယ် ရှိအဖြစ် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (IUCN) က သတ်မှတ်ထားလို့ အစိုးရကလည်း တင်းတင်းကြပ်ကြပ်နဲ့ကို ထိန်းသိမ်းထားပါတယ်။

 

Coco de Mer ဟာဆိုရင် ဆေးရှဲနိုင်ငံရဲ့ အကောင်းဆုံး အိမ်ပြန်အမှတ်တရလက်ဆောင်လည်း ဖြစ်ပါတယ်။ ၎င်းကို Mahe Praslin Ladigue ကျွန်းမြို့ပေါ်က လိုင်စင်ရဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင် ပါတယ်။  ဒါပေမဲ့ ရောင်းချခွင့်လိုင်စင်ကိုတော့ ဆိုင်အနည်းငယ်ကိုသာပေးထားပြီး ရောင်းချတဲ့ အသီး တိုင်းမှာလည်း အစိမ်းရောင် Label ID ကဒ်တစ်ခုစီ ကပ်ထားပါတယ်။ ဒါ့ကြောင့် Coco de Mer ကို ဝယ်တော့မယ်ဆို မှန်ကန်တဲ့လက်မှတ်တွေ အထောက်အထားတွေ ပေးနိုင်မှသာ ဝယ်သင့်ပါတယ်။

ဒီလိုဝယ်လို့ရတယ်ဆိုလို့ အထဲက အဆန်သားကိုပါ ရမယ်တော့ မထင်လိုက်နဲ့ဦးနော်။ အပေါ်ယံအခွံ ဟောင်းလောင်းပေါက်ကိုသာ ရောင်းတာဖြစ်ပါကြောင်းနဲ့ ဒီဟောင်းလောင်းပေါက်ဟာတောင် မြန်မာ ကျပ်ငွေနဲ့ဆို ကျပ် ၁ သိန်းကနေ ၅ သိန်းလောက်ထိ ရှိပါတယ်တဲ့။  

Coco de Mer အပင်အကြောင်းကိုလေ့လာချင်တယ်ဆိုရင်တော့ ဆေးရှဲနိုင်ငံရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင် အာဒံဥယျာဉ်မှာ တွေ့နိုင်မှာဖြစ်ပါတယ်။ 

 

Coco de Mer အစေ့ကိုစိုက်မယ်ဆိုရင် မျိုးညှောက်ပေါက်ဖို့အတွက် အနည်းဆုံး အချိန် ၂ နှစ် လိုအပ်ပြီး အရွယ်ရောက်ဖို့အတွက်တော့ အနည်းဆုံး အချိန် ၇ နှစ် လိုအပ်ပါတယ်။ အပင်ပေါက်ဖို့ ပြုစုပျိုးထောင် ဖို့လည်း ခက်ခဲလွန်းပါတယ်တဲ့။ သမုဒ္ဒရာရေစီးတွေနဲ့အတူ မော်လ်ဒိုက်ကမ်းစပ်တွေထိ မျောပါလာတာ မျိုးရှိပေမဲ့ မျိုးအောင်ခြင်းတော့မရှိလို့ အပင်တွေတော့ဖြစ်မလာဘူးလို့ ဆိုပါတယ်။

ဒီလိုစိုက်ဖို့ခက်ခဲလွန်းတဲ့ Coco de Mer အသီးကို ထိုင်းမှာတော့ ရအောင်စိုက်နိုင်ခဲ့ပြီဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၇ ရက်ကစလို့  ထိုင်းနိုင်ငံ၊ ချွန်ဘူရီစီရင်စုမှာရှိတဲ့ Nong Nuch လို့ခေါ်တဲ့ အပူပိုင်းသစ်သီး ဥယျာဉ်ခြံထဲမှာ အသီးကိုပါတွေ့နိုင်ပြီဖြစ်ပါတယ်။

ဒီဥယျာဉ်ခြံထဲမှာ Coco de Mer ၃၆ ပင်ကို ထည့်သွင်းစိုက်ပျိုးခဲ့ရာမှာ လေးပင်က အဖိုပင်၊ ၇ ပင်က အမပင်ဖြစ်သွားပြီး ကျန်တဲ့ ၂၅ ပင်ကတော့ ဘာလိင်မှန်းခွဲမရသေးတဲ့အပင်တွေအဖြစ် ရှိနေဆဲလို့ ဆို ပါတယ်။

စိုက်ဖို့ပျိုးဖို့ ခက်ခဲလွန်းပြီး အထူးဂရုစိုက်မှုပေးရတဲ့ ဒီအသီးတစ်လုံးရဲ့တန်ကြေးဟာ ဗြိတိန်စတာလင် ပေါင် ၂၅၀၀ (မြန်မာကျပ်ငွေ ၈၇ သိန်းကျော်ခန့်)အထိ ပေါက်ဈေးရှိနေပြီး အပင်တစ်ပင်ရဲ့ တန်ကြေး ဆိုရင်တော့ ဗြိတိန်စတာလင်ပေါင်  ၁၂၂၅၀ (မြန်မာကျပ်ငွေ သိန်း ၄၃၀ ကျော်ခန့်)  ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။ 

ဒီအသီးဟာ ရှားပါးပြီးအများကြီးအသုံးချလို့ရသလို ရောဂါတွေကိုကုသဖို့ တိုင်းရင်းဆေးတွေမှာလည်း အသုံးပြုနိုင်တယ်လို့ Nong Nuch ရုက္ခဗေဒဥယျာဉ်ခြံရဲ့ ဒါရိုက်တာက ဆိုပါတယ်။

 

တချို့ဆို Coco de Mer က မသေမျိုးအသီးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့ဆို အသီးဟာ မပျက်မစီးဘဲနဲ့ နှစ်ပေါင်း ၃၀ ကနေ ၁၀၀ လောက်ထိ သက်တမ်းရှိနိုင်လို့ပါတဲ့။

 Ref: https://www.atlasobscura.com/foods/coco-de-mer#:~:text=People%20with%20a%20Coco%20de,food%E2%80%94they're%20decoration.

https://www.holidify.com/pages/coco-de-mer-826.html

https://bit.ly/3ngx1fL

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်