တက်သည်..တက်သည်.. သို့သော်..တက်သည်
အပေါ်ရောက်ပြီးလျှင် ပြန်မဆင်းချင်တော့သည့်အထဲ ကုန်ဈေးနှုန်းလည်း ပါသည်။ တတက်တက်နှင့်ကို တက်တက်သွားလိုက်သည်မှာ ပြန်ဆင်းမလာတော့..။ အောက်ကသူတွေကတော့ မော့မော့ကြည့်ရင်း ဇက်ညောင်းပေါ့..။
ဆန်ဈေးတက်သည်။ ဆီဈေးတက်သည်။ ပဲဈေးတက်သည်။ ကုန်စိမ်းဈေးတက်သည်။ နောက်ဆုံး ပိုက်ဆံနှင့်ဝယ်ရသည့်အရာမှန်သမျှ အကုန်တက်ကုန်သည်လားမသိတော့။

ဆန်ဈေးတွေက ဝုန်းကနဲဆောင့်တက်သွားပြီးနောက် ထပ်မတက်သေးဘဲ ငြိမ်နေသည်။ ပြန်တော့မကျတော့..။ အတက်ဈေးမှာ ငြိမ်သွားခြင်းဖြစ်သည်။ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်သိန်းဂဏန်းနား ဖြစ်နေပြီ။ ဆန်ကြမ်းဈေးက ယခင်တုန်းက ဆန်ချောဈေးနားကို ရောက်လာပြီဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ လက်အောက်မှ ဌာနစိတ်တစ်ခုဖြစ်သည့် ဧရာကုန်သွယ်မှုဗဟိုဌာန၏ သတင်းထုတ်ပြန်ချက်မှာတော့ ‘ ဒေသတွင်း စပါးလက်ကျန်လျော့နည်းလာခြင်း၊ ဆန်ဈေးကွက်တွင် ရောင်းဝယ်တင်ပို့မှု များလာခြင်းတို့ကြောင့် စပါး/ဆန် ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ပါသည်’ ဟု ဆိုသည်။
ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ဒီလအစတုန်းက တစ်ပိဿာကို ကျပ် ၃၄၅၀ ကနေ ၃၅၀၀ ကြား ရှိခဲ့တဲ့ ကုလားပဲခြမ်းဈေးဟာ မနေ့ကစလို့ ၄၀၀၀ နဲ့ ၄၂၀၀ ကြားဈေးဖြစ်သွားပြီ။ ၅၀၀ ကနေ ၇၀၀ ကြား ဈေးတက်သွားသည်ပေါ့။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာ ကျပ် ၄၃၀၀ ထိ ပေါက်သည်။ သာမန်လူတန်းစားများအတွက် အသားဓာတ်နဲ့ကစီဓာတ် ကောင်းကောင်းရနိုင်ဖို့ ဈေးကြီးသွားပြီဟု ဆိုရမည်။
ဟင်းချက်ရင် မရှိမဖြစ် ကြက်သွန်နီကလည်း ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက် လက်ကားဈေးပင် တစ်ပိဿာ ကျပ် ၂၅၀၀ ထိ ဖြစ်နေပြီ။ အနိမ့်ဆုံးအမျိုးအစားတောင် ၁၉၀၀ ထိ ရှိသည်။ ရပ်ကွက်ဈေးများတွင်တော့ တစ်ပိဿာ ၃၀၀၀ အထက်ဖြစ်နေပြီ။ ဟိုတစ်နေ့က ကြက်သွန်ခပ်သေးသေးတွေ ဝယ်မလို့ ဘယ်ဈေးလဲဆိုတော့ ၃၀၀ ဈေးတဲ့။ အစိတ်သားလားဟု မေးမိတော့ ဆိုင်ရှင်၏ဂြိုလ်ကြည့်ကြည့်ခြင်းကို ခံရသည်။ အက်ပ်ဒိတ်ဈေးနှုန်းများကို မျက်ခြေမပြတ်သင့်ကြောင်း သဘောပေါက်သွားသည်။
ပြီးခဲ့သည့်အပတ်ကမှ လက်ကားဈေး တစ်ပိဿာ ကျပ် ၃၄၀၀ သာ ရှိခဲ့သည့် ကြက်သွန်ဖြူ (ကြူကုတ်-ရှယ်) က ဒီတစ်ပတ်တော့ ၄၀၀၀ ကနေ ၄၁၀၀ ကြား ဖြစ်နေပြီ။ အာလူးဈေးကို ကြည့်ဦးမလား။ ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက လက်ကားဈေး တစ်ပိဿာ ၁၃၀၀ ဝန်းကျင်သာရှိခဲ့သည့် အာလူး အက်စ် -၂ (အောင်ပန်း) က ခုတော့ ၂၂၀၀ ဖြစ်နေပြီ။ ဪ.. တက်သည်။
ဆီဈေးတွေလည်း တက်ပါသည်။ မန္တလေးဈေးကွက်တွင် ဒီလအစတုန်းက လက်ကားဈေး တစ်ပိဿာ ကျပ် ၉၀၀၀-၉၅၀၀ ဈေးရှိခဲ့သည့် ပဲဆီသည် ယခု တစ်ပိဿာ ကျပ် ၁၃၀၀၀ - ၁၅၀၀၀ ဖြစ်နေပြီ။ တစ်ပိဿာ ကျပ် ၇၅၀၀ - ၈၀၀၀ ရှိခဲ့သည့် နှမ်းဆီသည် ၉၅၀၀-၁၀၀၀၀ ဖြစ်သွားပါပြီ။ လက်လီဈေးတွင်တော့ ဟင်းသီးဟင်းရွက်ဆီ ၁ လီတာဘူးကို ကျပ် ၅၅၀၀ အထက် ပေးနေရပြီဖြစ်သည်။ ဪ..တက်သည်။
ဒီလိုမျိုး ကုန်ဈေးနှုန်းတွေတက်တော့ တောင်သူတွေ အကျိုးအမြတ်ရှိသွားလားဆိုတော့လည်း မဟုတ်ပြန်။ မြေဩဇာဈေးတွေက ဂဏန်းခြောက်လုံးအထက်တွေချည်း ဖြစ်ကုန်ပြီတဲ့။ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်ကုန်ပြီတဲ့..။ အင်းပေါ့။ သူတို့လည်း...တက်သည်။
ဘာတွေဘယ်လို ဘယ်လောက်ထိ ဈေးတက်သွားလဲသိလိုပါက Green Way app ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍအောက်တွင် ဝင်ကြည့်နိုင်ပါသည်။ တက်ကြည့်ချင်လည်း ကြည့်နိုင်ပါသည်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ကုန်စည်ဒိုင်အသီးသီးမှ ဈေးကွက်ဈေးနှုန်းများကို ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကဟုပ်တယ်ဗျိုကြာရင်ပြည်သူတွေဒုက္ခရောက်လိပ့်မယ်
ဆက်စပ်မေးခွန်းများ
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 0 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 0 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026