ကယန်းတိုင်းရင်းသားကျေးရွာများဖြစ်သော ကောင်ထူ၊ ကောင်ဝှပ်ကျေးရွာများ၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ် covid ရိုက်ခတ်မှု
ရှမ်း-ကယားနယ်စပ်မြို့ဟုဆိုသော ဖယ်ခုံမြို့နယ်တွင်းရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ကျော် မြင့်သော ကယန်းတိုင်းရင်းသားကျေးရွာများဖြစ်သော ကောင်ထူ၊ကောင်ဝှပ်ကျေးရွာများမှ သြပဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်နေသော လူငယ်တောင်သူတစ်စု၏ စိုက်ပျိုးထွက်ကုန်များမှာ covid ရိုက်ခတ်မှုကြောင့် တင်ပို့ရောင်းချရာ၌ အခက်အခဲများကြုံခဲ့၍ ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်။
အခု ကိုးဗစ်ရောဂါ ဖြစ်လည်းက စိုက်ပျိုးရေးလုပ်ရတာ သိပ်အဆင်မပြေတော့ဘူး။ ကိုယ်တိုင်စားဖို့တော့ လုံလောက်တာပေါ့ ရောင်းဖို့ကျတော့ အဆင်မပြေဘူး ကိုးဗစ်နဲ့ ။ ကိုးဗစ်လုပ်လိုက်လို့ အရင်တစ်ခေါက်လည်း ပို့ရမယ့် အသီးအရွက်တွေ မပို့ရတော့ အမျိုးထားလိုက်ရတယ်။ နောက်ဆုံးတစ်ခေါက်ကပို့ဖို့ လုပ်ထားတဲ့အထဲမှာ ပျားရည်လည်းပါတယ်။
ဟု ကောင်ဝှပ်ကျေးရွာမှ သြဂဲနစ်အသိအမှတ်ပြုလက်မှတ်ရ လူငယ်တောင်သူတစ်ဦးဖြစ်သော ကိုလင်းဦး မွ ပြောသည်။
သြဂဲနစ်သီးနှံများ၏ ဈေးကွက်ပြဿနာမှာ ခုထက်ထိ ကြုံနေဆဲအချိန်တွင် covid ရိုက်ခတ်မှုကြောင့် ပိုမို ကျပ်တည်းခဲ့ကြသည်။
ကျွန်တော်တို့ အသီးအရွက်တွေကို ရန်ကုန်ပို့တာများတယ်။ စလုပ်လည်းက သူတို့စားသုံးသူတွေကိုယ်တိုင်လာပြီး ကြည့်သေးတာ။ ကျွန်တော်တို့လည်း သြဂဲနစ်အသိအမှတ်ပြု လက်မှတ်ရထားတော့ ရန်ကုန် သြဂဲနစ်ဈေးကွက်ကို ချိတ်ပြီး ပို့တာများတယ်။အများကြီးတော့ မဟုတ်ပါဘူးဗျာ၊ တစ်ပိုင်တစ်နိုင်စာပါပဲ။ဒါမဲ့ ခု ကိုးဗစ် ဖြစ်တော့ ရန်ကုန်ကစားသောက်ဆိုင်တွေလည်း ပိတ်ထားကြတယ် ပြောတယ်။ အဲ့တော့ ကျွန်တော်တို့ဘက်က ပုံမှန်ပို့နေကြ အသီးအရွက်တွေ မပို့ရတော့ဘူး။ ဒီက လွိုင်ကော်မြို့ပေါ်နဲ့ ဖယ်ခုံမြို့ပေါ်ပဲ နည်းနည်းပို့ရတော့တာ။ဒါတောင် ဟိုတလောက မြိုကိုပိတ်ထားတော့ ပို့မရဘူးလေ။ ခုတစ်ခေါက် ပို့လိုက်ရပေမဲ့ နောက်ထပ်ဘယ်ချိန်ပိတ်ပစ်မလဲ စိုးရိမ်နေရတာ။ အသီးအရွက်ဆိုတော့လည်း သိမ်းထားလို့မရဘူး။ကုန်သလောက်စားပြီး ကျန်တာတွေက ဆုံးရှုံးလိုက်ရတာ
ဟု လူငယ်တောင်သူ ကိုလင်းဦးမှ ဆက်ပြောသည်။
လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသော နေရာဒေသမှ ကယန်းလူမျိုး လူငယ်တောင်သူတစ်စုမှာ ၎င်းတို့၏ သီးနှံများကို ယုံကြည်စွာမှာယူစားသုံးနေသော ဈေးကွက်တစ်ခုမှလူတစ်စုကို အားကိုး၍ စိုက်ပျိုးထုတ်လုပ်မှုများ လုပ်ကိုင်နေရချိန်တွင် ယခုကဲ့သို့ covid ရိုက်ခတ်မှုများကြောင့် အခက်အခဲများကြုံနေရ၍ ဆုံးရှုံးနစ်နာကြရသည်။
သိင်္ဂီလှိုင်
(B.Agr.Sc)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020