ကျွဲ၊ နွားများ သေစေနိုင်ပြီး ကူးစက်တတ်သည့် နာတာရှည်ဝမ်းပျက်ရောဂါ

19/04/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

နာတာရှည်ဝမ်းပျက်ရောဂါသည် ကျွဲ၊နွားများတွင်အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ညှပ်ဝမ်းလိုက်သည်ဟုလည်း ခေါ်ကြသည်။

ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ-

ပါရာကျူဘာကူလိုဆစ် (Paratuberculosis) ဟုခေါ်သည့် ဘက်တီးရီးပိုးကြောင့် ဖြစ်ပွားပါသည်။နာတာရှည်ခံစားရပြီး ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

ရောဂါကူးစက်ပုံမှာ-

ရောဂါဖြစ်ပွားသောတိရစ္ဆာန်မှ စွန့်ထုတ်သော ကျင်ကြီးများအတွင်းတွင် ရောဂါပိုးများပါရှိလာကြသည်။ ထိုကျင်ကြီးများတွင် ရောနှောပါဝင်နေသော မြက်၊ အစားအစာနှင့် သောက်ရေတို့ကို ကျွဲ၊နွားများ စားသောက်မိပါက ကူးစက်တတ်ပါသည်။ ရောဂါပိုးသည် ရေထဲတွင် ၁၆၃ ရက်၊ နွားချေးထဲတွင် နှစ်ချီ၍ နေနိုင်ပါသည်။

ရောဂါလက္ခဏာများမှာ - 

ရောဂါပိုးသည် နွား၏ခန္ဓာကိုယ်တွင်း ဝင်ရောက်ပြီး ၁ နှစ်မှ ၂ နှစ်ကြာသောအခါတွင်မှ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာပါသည်။ အထူးသဖြင့် ၂ နှစ်မှ ၆ နှစ်အကြာမှာ လက္ခဏာများ ပေါ်ပေါက်လာတတ်ကြပါသည်။

- ရှေးဦးစွာ တွေ့ရှိရသောလက္ခဏာမှာ ရောဂါဖြစ်ပွားသောတိရစ္ဆာန်သည် ပိန်ချုံးလာခြင်း ဖြစ်သည်။ နို့ပေးနွားမများတွင် ဖြစ်ပွားပါက နို့ထွက်နှုန်းကျဆင်းလာပါမည်။

- ရောဂါပိုးသည် အူနံရံသို့ရောက်ရှိပြီး အူများမှအစာကို ကြာရှည်စွာ မစုပ်ယူခြင်းကြောင့် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ဝမ်းလျှောခြင်းသည် ရောဂါဖြစ်စဥ်တလျှောက် အမြဲမပြတ် သွားနေတတ်ပြီး တစ်ခါတစ်ရံ ဝမ်းလျှောလိုက်၊ ဝမ်းရပ်လိုက်နှင့် ဖြစ်ပေါ်နေတတ်သည်။

- ကျင်ကြီးမှာ မပျစ်မကျဲအနေအထားရှိ၍ ဆိုးရွားသောအနံ့ မရှိကြပါ။ ထို့ပြင် သွေးနှင့် အရိအချွဲအမျှင်များလည်း မပါရှိကြပေ။

- ရောဂါဖြစ်ပွားသောတိရစ္ဆာန်မှာ အစာစားသုံးမှု မပျက်ဘဲ ကောင်းစွာစားနိုင်ကြသည်။ သို့သော် ရေအလွန်ငတ်ကြပါသည်။

- ရောဂါဖြစ်ပွားသည့် ကြာချိန်မှာ ရက်သတ္တပတ် အနည်းငယ်မှ လပေါင်းများစွာကြာတတ်၍ တိရစ္ဆာန်မှာ နောက်ဆုံးတွင်ရေဓာတ်ခမ်းခြောက်ခြင်း၊ ပိန်ချုံးခြင်း၊ အားပြတ်ပြီးလဲခြင်းတို့ဖြစ်၍ သေဆုံးသွားနိုင်ပါသည်။

ကာကွယ်ကုသနည်းမှာ-

- တိရစ္ဆာန်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးခြင်း၊ တိရစ္ဆာန်အစာစားသော နေရာများ၊ အစာခွက်များကို မကြာခဏဆေးပေးခြင်း၊ ကျင်ကြီးများကို မကြာခဏလဲ​လှယ်ပေးခြင်း၊ သိမ်းခြင်း စသောသန့်ရှင်းမှုလုပ်ငန်းများသည် ကာကွယ်ရေးအတွက်အရေးကြီးသော အချက်များ ဖြစ်ပါသည်။ 

- ကုသရန်မှာ နားလည်တတ်ကျွမ်းသော တိမွေးကုဆရာဝန်နှင့် တိုင်ပင်ပြသပြီး စထရက်တိုမိုင်စ င်(Streptomycin)ကို တစ်နေ့လျှင် 50 mg နှုန်းကို ကိုယ်အလေးချိန်နှင့်ချိန်ဆပြီး ရက်ဆက်ထိုးပေးပါ။ကျွဲ၊ နွားများ၏ နေရာထိုင်ခင်းကို သန့်ရှင်းအောင်ထားရမှာဖြစ်ပြီး အာဟာရရှိသောအစာများကို ကျွေးမွေးရပါမည်။ အားဆေးများ ထိုးပေးရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်