တွက်ချေကိုက်သင့်တော်သော ဇော်ဘုရင်ပန်းစိုက်ပျိုးခြင်း

29/08/2021 15:30 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

    ဇော်ပန်းအုပ်စုများသည် Dracaena Family ဝင်မျိုးနွယ်ဝင်အပင်များဖြစ်ကြပါတယ်။ ဇော်ဘုရင်နှင့် ဇော်ကြားများအပြင် အခြား ဇော်မျိုးနွယ်တွေဖြစ်ကြတဲ့

ဇော်စိမ်း 

ဇော်ကြား (‌ရွှေရောင် ) 

ဇော်‌ကြား (ငွေရောင် )

ဇော်လုံး 

ဇော်ဝါမျိုးများကို မြန်မာနိုင်ငံအတွင်းတွင် စိုက်ပျိုးလျက်ရှိပါတယ်။ 

    ဇော်စိမ်း (ခေါ်) နှစ်တရာပန်းများကိုတော့ မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးကြပါတယ်။ ဇော်ဘုရင်ပန်းများကိုလည်း နေရာတော်တော်များများစိုက်ပျိုးကြပြီး စီးပွားဖြစ်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျိုက်လတ်မြို့ ၊ ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့များတွင် အဓိကစိုက်ပျိုးလျှက်ရှိကြပါတယ်။ 

စိုက်ပျိုးနည်း 

    မိုးကုန်ပြီး ဆောင်းဝင်စအချိန်တွေဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးကြပါတယ်။

    နှစ်ရှည်ခံသောအပင်ဖြစ်တဲ့အပြင် များသောအားဖြင့် အညွန့်ဖြတ်ပြီး စိုက်ပျိုးကြပါတယ်။ (အဆစ်ဖြင့်စိုက်ပါက အပင်ထွက်ရန် ပိုကြာမြင့်သောကြောင့်ဖြစ်ပါတယ်။) စီးပွားဖြစ်မဟုတ်ပါက ဘုရားပန်းအိုးထိုးရင်းနဲ့ပင် အမြစ်ထွက်နိုင်ကြတာကို တွေ့ရပါတယ်။

    သူက ပျိူးဘောင်တွင်ပျိုးစရာမလိုအပ်ဘဲ စိုက်ကွင်းထဲတွင် ၄-၅ လက်မပတ်လည် အကွာအဝေးခြား၍ စိုက်ပျိုးနိုင်ပါတယ်။ ဘောင်အကျယ်ပေါ်မူတည်ပြီး ၅-၆ ပင်ထိ ထည့်သွင်းစိုက်ပျိုးနိုင်ပါတယ်။ 

    မြေအမျိုးအစားအနေနဲ့ နုန်းမြေဆန်သောမြေအမျိုးအစားတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ အကယ်၍ လိုအပ်သည်ထက် ပင်ကြားတန်းကြားအကွာအဝေးများပါက ပန်းရိုးများကောက်ပြီး ရောင်းပန်းဝင်မှုနည်းပါတယ်။။ 

‌.   စိုက်ရာတွင်လည်း ဖွဲခွံ (စပါးခွံ) နှင့် မြေကြီးကိုရော၍ အပင်ခြေတွင်သိပ်ပြီးစိုက်မှ အမြစ်ထွက်မြန်ပြီး အပင်သန်တာပဲဖြစ်ပါတယ်။ 

ပြုစုစောင့်ရှောက်မှု 

    Darcena အပင်များသည် အေး၍ ခြောက်သွေ့သောရာသီဥတုကို ကြိုက်နှစ်သက်ကြပါတယ်။ နေရောင်ခြည်လွန်ကဲမှုကို သိပ်ပြီးမကြိုက်နှစ်သက်သောကြောင့် စိုက်ခင်းတွင် အရိပ်နဲနဲမိုး‌ပေးရန်လိုအပ်ပါတယ်။ သို့မဟုတ် အပင်ရိပ်ကောင်းကောင်းရှိတဲ့နေရာများတွင် စိုက်ပျိုးပါက အထူးသင့်လျှော်ပါတယ်။ 

    နေရောင်ခြည်လိုအပ်သည်ထိပိုပါက အရွက်များနေလောင်ပြီး အညိုရောင်အစက်များဖြစ်ပေါ်ခြင်း၊ အရွက်နားများခြောက်ခြင်း၊ အပင်ဝါခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ 

    မိုးများပါက အရွက်ကြွေခြင်းများဖြစ်ပေါ်တတ်ပါသည်။ သူက ရေအရမ်းကြိုက်တဲ့အပင်မဟုတ်တဲ့အတွက် တစ်ပတ်လျှင် တစ်ကြိမ်-နှစ်ကြိမ် စနစ်တကျလောင်းပေးရုံနှင့် လုံလောက်ပါတယ်။ 

    စိုက်ခင်းအတွင်း ပေါင်းပေါက်မှုနည်းစေရန်အတွက်လည်း စိုက်ပင်လေးများ ရှင်သွားပါက ဘောင်ကြားများတွင် ဖွဲခွံဖြူးပေးနိုင်ပါတယ်။ 

    မြေဩဇာအနေနဲ့ သဘာဝမြေဩဇာကို အဓိကထားသုံးသင့်ပါတယ်။ မြေဩဇာအလွန်အကျွံသုံးပါက ပန်းရဲ့အရည်အသွေး ကျဆင်းစေပါတယ်။ 

    မြေဩဇာသုံးပါက ကွန်ပေါင်းမြေဩဇာ သို့ ရွက်ဖျန်းမြေဩဇာများကို ‌၁-၂လလျှင် တစ်ကြိမ် သင့်တင့်သောနှုန်းထားများနှင့် ကျွေးနိုင်ပါတယ်။ 

    မြေဩဇာအလွန်အကျွံအသုံးပြုပါက ပန်းပင်များသည် လိုအပ်သည်ထက် ပိုကြီးထွားပါက ဈေးကွက်တွင် ရောင်းချရန်ခက်ခဲစေပါသည်။ 

ပိုးမွှားရောဂါများကျရောက်မှု

    ပိုးမွှားရောဂါဒဏ် တော်တော်များများခံနိုင်ရည်ရှိတာကို တွေ့ရှိရပါတယ်။ အခြားသောပြသနာများအနေနဲ့

- ရေအရမ်းနည်းခြင်း၊ များခြင်းများကြောင့် အရွက်များဝါ၍ ကြွေကျတတ်ပါသည်။ 

- အအေးဓာတ် လိုတာထက်ပိုပါကလဲ အရွက်များကြွေပါတယ်။ 

- ရေလောင်းတာများတာ၊ မိုးရွာတာများသွားပါက အရွက်များ ဝါသွားတတ်ပါသည်။ 

- ညနေခင်းရေလောင်းပါကလည်း အပင်များကြားတွင် အစိုဓာတ်များပြီး အရွက်များတွင် အညိုရောင်အကွက်များ‌ ဖြစ်ပေါ်တတ်ပါသည်။ 

- မြေဩဇာအလွန်အကျွံကျွေးမိပါက ပန်းများဖြတ်ရောင်းတဲ့အခါ တာရှည်မခံတဲ့အတွက် ရောင်းချရာတွင် ဈေးမရတာမျိုးဖြစ်တတ်ပါသည်။ 

အထွက်နှုန်း

    ပန်းစိုက်ပင်လေးများ ရှင်သန်လာပြီး ၃-၆လအတွင်း ပန်းများ ဖြတ်နိုင်ပါသည်။ ပန်းဖြတ်ရာတွင်လည်း သားတက်လေးများ (ပန်းအစို့အသစ် ) ထွက်လာမှ ဖြတ်ခြင်းသည်ပို၍ကောင်းတာကို တွေ့ရှိရပါသည်။

    တစ်ကြိမ်ပန်းဖြတ်ပါက တစ်ပင်လျှင်တစ်ခက် စတင်ဖြတ်နိုင်ပြီး နောက်ပိုင်း ထိုအပင်ဘေးမှ  သားတက်များများထွက်ပါက အခက်ရေပိုရရှိတာလဲဖြစ်ပါတယ်။ 

    ပန်းသည် တစ်နှစ်ပတ်လုံးဖြတ်နိုင်ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်တွင် ပြုစုစောင့်ရှောက်မှုပေါ်မူတည်၍ ၁-၂ လသာကြာမြင့်ပါတယ် (ကိုယ်လိုအပ်တဲ့ပန်းရဲ့ အရွယ်အစား၊ အရှည်တွင် မူတည်ပါသည်။ )

    ဈေးနှုန်းများအနေနဲ့ တောင်သူတွေ ခြံထဲတွင် တစ်ခက်လျှင် ၂၅ -၃၀ ကျပ် ရရှိကြပါသည်။ 

    ရောင်းချရာနေရာများအနေနဲ့ ရန်ကုန် သီရိမင်္ဂလာဈေးနှင့်တကွ အခြားသောမြို့များသို့ တင်ပို့ရောင်းချကြပါတယ်။ 

    လက်လီဈေးကွက်ထဲတွင် ၁၅ ခက်စီး တစ်စီးကို ၁၀၀၀-၁၅၀၀ ကျပ် ဝန်းကျင်နှင့် ရောင်းချလျှက်ရှိတာကို တွေ့ရပါသည်။ 

    နှစ်ရှည်ခံပင်ဖြစ်သည့်အတွက် နောက်ဆုံး ပန်းလုံးဝမလှတော့တာမျိုး၊ အပင်ထွက်နည်းသွားတာမျိုး၊ ရောဂါဆိုးရွားတာမျိုးဖြစ်မှသာ အခင်းဟောင်းဖျက်ပစ်ပြီး အခင်းသစ်စိုက်ကြတာပဲ ဖြစ်ပါတယ်။ 

    ခန့်မှန်းခြေ ၂-၃ နှစ်ထားကြတာကို တွေ့ရပါတယ်။ 

    တောင်သူများအနေနဲ့ သွင်းအားစုများစွာ မထည့်သွင်းရသောကြောင့် တွက်ချေအတော်‌အသင့်ကိုက်သော ပန်းသီးနှံတစ်မျိုးပဲဖြစ်သည်ဟု လေ့လာသိရှိရပါသည်။ 

Reference 

https://www.petalrepublic.com/dracaena-plants/

https://www.thespruce.com/growing-the-song-of-india-5087083

စိုက်ပျိုးနေသော တောင်သူတစ်ဦး၏ ပြောပြချက်များ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်