အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘဲ အအေးမိ၊ နှာရည်ယို၊ ချောင်းဆိုးရောဂါကို ကာကွယ်ကုသနည်း

ဘဲ အအေးမိ၊ နှာရည်ယို၊ ချောင်းဆိုးရောဂါကို ကာကွယ်ကုသနည်း

ဦးဇော်(dof)
ဦးဇော်(dof) • 29/08/2022

ဘဲမွေးမြူသူများအနေဖြင့် မိုးရာသီကာလတွင် ဘဲများ၌ အဖြစ်များသော အအေးမိ၊ နှာရည် ယို၊ ချောင်းဆိုးရောဂါအကြောင်းကို သိရှိထားရန် လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။   

       

ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ -

  • အေးသောရာသီဥတု (သို့မဟုတ်) ရာသီဥတုရုတ်တရက် ပြောင်းလဲခြင်းမျိုးတွင် ဘဲများ အအေးမိ၊ နှာရည်ယို၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ပါသည်။ 
  • အခြားရောဂါများကြောင့်လည်း ဤလက္ခဏာမျိုး ဖြစ်ပေါ်နိုင်ပါသေးသည်။

ရောဂါလက္ခဏာများမှာ -

  • နှာချေခြင်း ၊
  • နှာရည်ယို စီးကျခြင်း၊
  • ခံတွင်းပျက်ခြင်း၊
  • မျက်လုံးတွင် အရည်လည်နေခြင်း၊
  • နှုတ်သီးတွင် အစာများကပ်နေခြင်း၊
  • အမွှေးအတောင်များ တွဲလျားကျနေခြင်းတို့ ဖြစ်ပွားကြပါသည်။

ကူးစက်ပုံ

  • ဤရောဂါသည် လေ၊ သောက်ရေနှင့် အစာများမှတဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။

ကာကွယ်ခြင်း

  • အာဟာရပြည့်ဝသော အစာများကိုကျွေးပါ။
  • သန့်ရှင်းသောရေကိုသာ တိုက်ပါ။
  • ဘဲခြံတွင် ဘဲများကို ကြပ်ညပ်စွာ မထားပါနှင့်။
  • ဘဲခြံနှင့် ခြံဝန်းကျင်ကို သန့်ရှင်းစွာထားပါ။
  • ဆိုးရွားသောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် အကာအကွယ်ရအောင် စီမံထားပါ။
  • ဘဲများကို ကာကွယ်ဆေးထိုးရန် လိုအပ်ပါက ကြိုတင်ထိုးနှံပေးပါ။
  • သောက်ရေ ၁ လီတာတိုင်းတွင် နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဝက်ရောပေးပါ။
  • ဆင်နှာမောင်းပင် (သို့မဟုတ်)ဂွေးရွက်ပြုတ်ရည်ကို တိုက်ထားပေးပါ။

ကုသခြင်း

  • ဂျင်း ၁ ကျပ်သားကို ထောင်းပြီး အရည်ညှစ်ယူပါ။ ယင်းကို ရေ ၂၅၀ စီစီတွင် ကြံသကာ ၁ ကျပ်သားနှင့် ရေဖျော်ပါ။ ယင်းနှုန်းအတိုင်းရလာသည့် ဖျော်ရည်ကို ဘဲ ၁၀ ကောင်စာနှုန်းဖြင့် သောက်ရေတွင် ရောတိုက်ပါ။
  • ပဲနံ့သာစေ့ ၁ ကျပ်သားကို ရေ ၁ လီတာနှင့်ပြုတ်ပြီး ရရှိသော အရည်ကို အအေးခံ၍ တိုက်ပါ။ ထိုအရည်ကို သောက်ရေနှင့် ရောပြီး သောက်သုံးစေပါ။ အရွက်များကိုလည်း အစာနှင့် ရောကျွေးနိုင်ပါသည်။
  • ဆင်နှာမောင်းရွက်(သို့မဟုတ်)ဂွေးရွက် ၁ ဆကို ရေ ၂ ဆရောပြီး ၅ မိနစ်မှ ၁၀ မိနစ်အထိ ကျိုပါ။ မင်စုတ်ပြွန်(သို့မဟုတ်) အပ်ဖြုတ်ထားသော ပလတ်စတစ်ဆေးထိုးပြွန်ဖြင့် ၁ ရက်လျှင် ၂ ကြိမ်၊ ၃​ ကြိမ် တိုက်ပေးပါ။ 

ဤရောဂါကိုကာကွယ်ရန်နှင့် ကုသရန်အတွက် ဘဲ ၁ ကောင်စီ ကို ကြက်သွန်ဖြူ ၁ မွှာကျနှုန်းဖြင့် နေ့စဥ် အစာနှင့် ရောကျွေးနိုင်ပါသည်။

မှီငြမ်း-မွေးကုဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဥ်က သင်တန်းမှတ်စုများ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။