တစ်ရက်ခွဲခန့်အတွင်း ပြည်တွင်းတွင် ငလျင် ၅ ကြိမ်လှုပ်

16/12/2022 15:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီဇင်ဘာ ၁၅ ရက်မနက် ၃ နာရီကျော်ကနေ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီကျော်ထိ ၁ ရက်ခွဲ ခန့်အတွင်း ပြည်တွင်းမှာ ငလျင် ၅ ကြိမ်လှုပ်ခဲ့ပြီး ၄ ကြိမ်ကတော့ မန္တလေးမြို့အနီးဝန်းကျင်တွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

ဒီဇင်ဘာလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန် မနက် ၃ နာရီ၊ (၁၆)မိနစ်၊ (၃၅)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု စတင်လှုပ်ခဲ့ပြီး ယခုလှုပ်ခဲ့သမျှ ၅ ကြိမ်ထဲ အမြင့်ဆုံး ဖြစ်ပါတယ်။ 

ဒုတိယတစ်ကြိမ်ကတော့ ဒီဇင်ဘာလ (၁၅)ရက်နေ့မှာပဲ ထပ်လှုပ်ခဲ့တာဖြစ်ပြီး မြန်မာစံတော်ချိန်  ည ၁၁ နာရီ၊ (၄၃)မိနစ်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့ဘက် (၆၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပင်လည်ဘူးမြို့၏ မြောက်-အနောက်မြောက်ဘက် (၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ ၃ ခုလုံးကတော့ ဒီနေ့မနက်ကစလို့ လှုပ်ရှားသွားတာဖြစ်ပြီး အားလုံးဟာ မန္တလေးအနီးဝန်းကျင်တွေ မှာပဲ လှုပ်သွားခဲ့တာပါ။

ဒီနေ့ မြန်မာစံတော်ချိန်  မနက် ၆ နာရီ၊ (၄၅)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ တောင်ဘက် (၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်ကြီးတံခွန်မြို့၏ အရှေ့ တောင်ဘက် (၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ၊ (၂၉)မိနစ်၊ (၁၃) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မြစ်ငယ်မြို့၏ အရှေ့ဘက် (၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂)ဒီဂရီ၊ အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုနဲ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ၊ (၂၈)မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက် တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အမရပူရမြို့၏ အနောက်တောင်ဘက် (၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက် (၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု စသဖြင့် ငလျင် ၃ ခုလှုပ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီငလျင်လှုပ်ခတ်မှုတွေအတွင်း သာသနိကအဆောက်အဦတစ်ချို့အပါအဝင် ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

မြေငလျင်ငယ်များ များများလှုပ်လေ အင်အားပြင်းထန်တဲ့မြေငလျင်ကြီးတွေလှုပ်ဖို့ အလားအလာ နည်းပါးလေဖြစ်တာကို တွေ့ရတယ်လို့ မိုးလေဝသပညာရှင်ဦးထွန်းလွင်က ပြောကြားထားဖူးပါတယ်။

Photos Crd_မိုးဇလ/U Tun Lwin

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်