သိုးငယ်၊ဆိတ်ငယ်လေးများတွင် အူရောင်၊ သွေးဝမ်းသွားခြင်းဖြစ်စေသည့် ရောဂါကို ကာကွယ်ကုသနည်း

13/06/2022 14:10 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

အူရောင်ရမ်းခြင်း၊ သွေးဝမ်းသွားခြင်းတွေ ဖြစ်စေတဲ့ Enterotoxemia ရောဂါဖြစ်ပွားပါက သိုးငယ်၊ ဆိတ်ငယ်လေးများ အလျင်အမြန်သေဆုံးတတ်သဖြင့် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ရပါမည်။ 

Enterotoxemia ရောဂါသည် Clostridium Perfringens ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားပြီး နို့စို့အရွယ်သိုးငယ်၊ ဆိတ်ငယ်လေးများတွင် အဖြစ်များပါသည်။ ပုံမှန်အားဖြင့် ယင်းဘက်တီးရီးယားပိုးသည် အူအတွင်း ဘေးဒုက္ခ မပေးနိုင်သော ပမာဏအနည်းငယ်သာ ရှိနေတတ်ပါသည်။

သိုးငယ်၊ ဆိတ်ငယ်လေးများသည် အာဟာရပမာဏ အမြောက်အများ ရရှိသည့်အခါ (များသောအားဖြင့်တစ်ကောင်တည်းပေါက်သော သိုးငယ်၊ဆိတ်ငယ်လေးများတွင်) သို့မဟုတ် အစာအမျိုးအစားတစ်ခုတည်း ကျွေးနေရာမှ အခြားတစ်ခုသို့ ရုတ်တရက်ပြောင်းလဲလိုက်သည့်အခါ အူ၏ရွေ့လျားမှုမှာ နှေးသွားပြီး ရောဂါပိုးများအလျင်အမြန်ပွားများလာပါသည်။

ရောဂါလက္ခဏာများ အနေဖြင့်-

- သွေးဝမ်းများသွားခြင်း၊

- တခါတရံ သွေးဝမ်းမသွားမီ သိုးငယ်၊ဆိတ်ငယ်လေးများ သေဆုံးတတ်ပါသည်။

- များသောအားဖြင့် သိုးငယ်၊ဆိတ်ငယ်လေးများမှာ မသေဆုံးမီ ဖျားနာသောလက္ခဏာ လုံးဝတွေ့ရလေ့မရှိဘဲ သေဆုံးတတ်ပါသည်။ 

- သေဆုံးသည့်အခါ တောင့်နေသည့်ပုံစံမှာ မေးခိုင်ရောဂါကြောင့် သေဆုံးသည့်ပုံစံနှင့် ဆင်တူပါသည်။

အသေကောင်အား ခွဲစိတ်တွေ့ရှိမှု အနေဖြင့်-

- အူသိမ်နှင့် အူမကြီးတလျှောက် အူနံရံနှင့် ကျောက်ကပ်များတွင် သွေးယိုစိမ့်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရပါမည်။

- အူထဲရှိ အစာဟောင်းများမှာ အရည်များဖြစ်နေတတ်ပါသည်။

ရောဂါအား စစ်ဆေးပါက-

- ရောဂါလက္ခဏာများနှင့် အသေကောင်အားခွဲစိတ်စစ်ဆေးမှုများဖြင့် ရောဂါအားရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။

တိရစ္ဆာန် သေဆုံးပြီးနောက် အူအတွင်းရှိအစာဟောင်းများတွင် Clostridium ဘက်တီးရီးယားပိုး ပါဝင်မှုနှင့် ၄င်းကထုတ်လုပ်သော အဆိပ်ပါဝင်မှုတို့အား ဓာတ်ခွဲခန်းတွင်စမ်းသပ်နိုင်မည်ဖြစ်ပါသည်။ 

ကာကွယ်ခြင်း အနေဖြင့်-

- ကာကွယ်ဆေးထိုးနှံခြင်းနှင့် တစ်ကောင်တည်းမွေးလာသော သိုး၊ ဆိတ်ငယ်လေးများနှင့် နို့ထွက်ကောင်းသောမိခင်မှ မွေးဖွားလာသော တိရစ္ဆာန်ငယ်လေးများအား အစာကျွေးမွေးရာတွင် ဂရုစိုက်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။ 

- မိခင်အား ကလေးမမွေးမီနှင့် ကလေးငယ်လေးများအား အသက် ၂ လသားတွင် ကာကွယ်ဆေး ထိုးနှံပေးရပါမည်။

ကုသခြင်းအနေဖြင့်-

- ဤရောဂါဖြစ်ပွားပါက သိုးငယ်၊ဆိတ်ငယ်လေးများ အလျင်အမြန် သေဆုံးတတ်သဖြင့် ကုသရန်အချိန် မမီတတ်ပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်ပါသည်။

- အကယ်၍ အခြေအနေ သိပ်မဆိုးပဲ အချိန်မီသိရှိပါက ပဋိဇီဝဆေးများ ထိုးနှံခြင်းနှင့် အဆိပ်ဖြေဆေး(Antitoxin) ထိုးနှံခြင်းတို့ဖြင့် ကုသနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်