သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မွေးမြူရေးသမားများ ဆောင်ရွက်သင့်သည်များ

12/05/2023 19:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားရမှာဖြစ်သလို အဲဒီ သဘာဝဘေးအန္တရာယ်တွေနဲ့ လက်တွေ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာလည်း မှန်မှန်ကန်ကန် တုံ့ပြန်ဆောင်ရွက် နိုင်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် မုန်တိုင်းနဲ့ ရေကြီးမှု ဘေးအန္တရာယ်တွေ မကျရောက်မီ မွေးမြူရေးသမားတွေဆောင်ရွက်သင့်တဲ့ အကြံပြုချက်အချို့ကို တင်ပြလိုပါတယ်။

တကယ်တော့ သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာ မိမိတို့ အသက်ရှင်သန်ရေးအတွက် အားထုတ် နေရမှာမို့ မွေးမြူရေးတိရစ္ဆာန်တွေအတွက် လက်တွေ့ဆောင်ရွက်နိုင်တာ သိပ်မရှိလှပါဘူး။ သို့သော်လည်းပဲ တကယ်ကြုံလာရင် ဘာလုပ်မလဲဆိုတာမျိုး ကြိုတင်စဉ်းစားထာမယ်၊ ကြုံလာချိန်မှာ စဉ်းစားထားတာလေးကို သတိကပ်ပြီး တတ်နိုင်သမျှ ကြိုးစားအားထုတ်ဆောင်ရွက်မယ်ဆိုရင် ဆုံးရှုံးလေလွင့်မှုက လျော့နည်းနိုင်ပါတယ်။ ဒါကြောင့် လာမယ့်ဘေး ပြေးမတွေ့ခင်၊ လာမယ့်ဘေးကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို ကြိုတင်စဉ်းစားထားနိုင်ဖို့ အခုလို အကြံပြုရတာ ဖြစ်ပါတယ်။ 

(၁) ဦးစားပေးအဆင့်အလိုက် ကာကွယ်စောင့်ရှောက်ပါ။ 

  • မုန်တိုင်းနဲ့ ‌ရေကြီးမှုတွေ လက်တွေ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ မိမိရဲ့ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ အခြား ပိုင်ဆိုင်မှုတွေ ဆုံးရှုံးလေလွင့်မှုမရှိရအောင် ကာကွယ်စောင့်ရှောက်ရမှာ မှန်ပေမယ့် ပထမဦးစားပေးတော့ မဟုတ်ဘူးဆိုတာကို သတိကပ်ထားသင့်ပါတယ်။ 
  • အရင်ဆုံး စဉ်းစားရမှာက မိမိကိုယ်တိုင်နဲ့ မိမိရဲ့ မိသားစုဝင်တွေ၊ မိမိတို့ရပ်ရွာက အခြားပြည်သူတွေအပါအဝင် လူသားတွေရဲ့ အသက်တွေကို ပထမဦးစားပေးအနေနဲ့ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ လူ့အသက်တွေ လုံခြုံမှုရှိပြီးမှသာ တိရစ္ဆာန်တွေနဲ့ အခြားပိုင်ဆိုင်မှုတွေကို ဆက်လက်ပြီး ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ 
  • တိရစ္ဆာန်တွေနဲ့ အခြားပိုင်ဆိုင်မှု တစ်ခုခုကို ကယ်တင်ဖို့ မိမိရဲ့ အသက်နဲ့ အလဲအထပ်လုပ်ရမှာမျိုးဆိုရင်တော့ မလုပ်သင့်ပါဘူး။ 

(၂) အန္တရာယ်ကို သတိပြုပါ။

  • မုန်တိုင်းတိုက်ခတ်တာ၊ ရေကြီးတာတွေကြောင့် လျှပ်စစ်ဓာတ်လိုက်မှုဖြစ်စဉ် ဖြစ်နိုင်တဲ့အခြေအနေမှာ ရှိတယ်လို့ သုံးသပ်ရရင် မိမိရဲ့ အိမ်၊ မွေးမြူရေးခြံ စတာတွေကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသင့်ပါတယ်။ 
  • ရေကြီးနစ်မြုပ်မှုတွေမှာ လျှပ်စစ်အန္တရာယ်နည်းတူ လူနဲ့ တိရစ္ဆာန်တွေအတွက် ကြီးမားတဲ့ နောက်ထပ် အန္တရာယ်တစ်ခုကတော့ မြွေအန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း သတိပြုသင့်ပါတယ်။ 

(၃) တိရစ္ဆာန်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပါ။

  • ခွေး၊ ကြောင်နဲ့ သိုး၊ ဆိတ်၊ ဝက် အငယ်လေးတွေကို လူတွေနဲ့အတူ စောင့်ရှောက်ထားနိုင်မလား ဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။ စောင့်ရှောက်ထားနိုင်ရင် အတူစောင့်ရှောက်ထားသင့်ပါတယ်။ 
  • ရေမကြီးမီ တိရစ္ဆာန်တွေကို ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းရပါမယ်။ ကုန်းမြင့်နေရာကို ရောက်ရှိသွားပြီဆိုရင်တော့ ကြိးဖြည်ပြီး လွှတ်ထားပေးသင့်ပါတယ်။ ဒါမှသာ တကယ်လို့ အဲဒီနေရာအထိ ရေကြီးလာမယ်ဆိုရင် တိရစ္ဆာန်တွေက ရေကူးလွတ်မြောက်ပြီး အသက်ရှင်နိုင်မှာပါ။ 
  • တိရစ္ဆာန်တွေကို ခြံထဲက ခေါ်ထုတ်သွားပြီး ရေလွတ်ရာ ရွှေ့ထားပြီးပြီဆိုရင် သူတို့နေခဲ့တဲ့ ခြံရဲ့ တံခါးကို ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အချို့တိရစ္ဆာန်တွေဟာ သူတို့ရဲ့ခြံ (ချည်တိုင်) ကို ပြန်လာတတ်တဲ့ အကျင့်ရှိတာကြောင့် ခြံထဲပြန်ဝင်လာပြီး ပိတ်မိနေတာမျိုး မဖြစ်တော့မှာပါ။ 

(၃) တတ်နိုင်သမျှ အဆက်အသွယ် မပြတ်ပါစေနှင့်။ 

  • တယ်လီဖုန်းလိုင်းတွေ ဆက်သွယ်လို့ ရသေးတယ်ဆိုရင် ကြိုတင်သတ်မှတ်ထားတဲ့ (ဘယ်သူက ဘယ်သူ့ဆီ ဆက်သွယ်ရမယ်ဆိုတဲ့) ဆက်သွယ်ရေးလမ်းကြောင်းအတိုင်း အချင်းချင်း သတင်းပေးပို့တာ၊ ဆက်သွယ်တာတွေ ဆောင်ရွက်ရပါမယ်။ 

(၄) မိမိရဲ့ အခြေအနေကို အသိပေးပါ။ 

  • မိမိတို့မိသားစုနဲ့ မွေးမြူရေးတိရစ္ဆာန်တွေဟာ ကယ်ဆယ်ရေးအကူအညီတွေ မလိုအပ်ဘူးဆိုရင် “OK” “ဘေးကင်းလုံခြုံပါသည်” “အဆင်ပြေပါသည်” စသည်ဖြင့် အဝေးကမြင်နိုင်တဲ့ ဆိုင်းဘုတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အသိပေးသင့်ပါတယ်။
  • တကယ်လို့ ကယ်ဆယ်ရေးအကူအညီတွေလိုအပ်တယ်ဆိုရင်လည်း “HELP” “ကူညီပါ” အစရှိသဖြင့် မိမိတို့မှာ ကယ်ဆယ်ရေးအကူအညီ လိုအပ်လျက်ရှိကြောင်း အဝေးက လှမ်းပြီးမြင်နိုင်သိနိုင်အောင် ဆိုင်းဘုတ်တွေနဲ့ အသိပေးသင့်ပါတယ်။ (အဲဒီ ဆိုင်းဘုတ်တွေက ကြိုတင်ပြင်ဆင်ထားမှရမှာပါ။) 

(၅) ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ အခြေအနေကို သိအောင်လုပ်ဆောင်ပါ။ 

ရင်ဆိုင်ကြုံတွေ့နေရတဲ့ဘေးအန္တရာယ်ဟာ ဘယ်လောက် ဆက်လက်ပြင်းထန်မလဲ၊ ဘယ်လောက် ဆက်ပြီး ကြာရှည်ဦးမလဲ စတာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်သလို ဘေးအန္တရာယ်ကျရောက်နေစဉ်မှာလည်း အဲဒီသတင်းအချက်အလက်တွေကို ရရှိနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေရပါမယ်။ 

ဒါမှသာ မိမိနဲ့ မိသားစုအတွက်ရော၊ တိရစ္ဆာန်တွေအတွက်ပါ ဘေးကင်းအောင် ဆက်လက်လုပ်ပြီး ကြံစည်အားထုတ်နိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်