နာနတ်သီးစားသုံးမှု မြင့်တက်လာသော်လည်း တောင်သူများ အကျိုးအမြတ်နည်း

01/07/2020 16:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Covid-19 ကာလအတွင်း နာနတ်သီး စားသုံးမှုမြင့်တက်လာသော်လည်း တောင်သူများမှာမူ အကျိုးအမြတ်ရရှိမှု နည်းနေဆဲဖြစ်ကြောင်း နာနတ် စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။

Covid-19 ကာလအတွင်း လူအများစုက ကျန်းမာရေး ဗဟုသုတတွေ ပိုရှိလာတော့ အသီးအနှံတွေ များများ စားသုံးပေးသင့်တယ်ဆိုတာကို နားလည်လာကြတယ်။ နာနတ်သီးက အဝါရောင်ရှိပြီး ချိုချဉ်မွှေးတယ်။ ရာသီဥတု ပူနွေးနေတဲ့အချိန်မှာဆိုရင် စားချင်စိတ်ကို ပိုပြီးဖြစ်စေတဲ့ သီးနှံမျိုးပါ။ အခုနောက်ပိုင်းမှာ နာနတ်သီးရဲ့ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း လူအများ သိရှိလာပါတယ်။ နာနတ်သီးစားသုံးမှုကလည်း ပိုများလာပါတယ်။ သို့သော် ဈေးကွက်က တအားကြီး အသွက်ကြီးတော့ မဟုတ်ပါဘူး။

ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ဆင်လမ်းကျေးရွာရှိ အော်ဂဲနစ် နာနတ် စိုက်ပျိုးထုတ်လုပ်နေသူ ဦးထွန်းထွန်းညွှန့်က ပြောသည်။

Covid-19 ကာလ မပြီးပြတ်သေးသဖြင့် လမ်းပန်းဆက်သွယ်ရေးများ နှောင့်နှေးနေပြီး၊ တောင်သူအများစုမှာ သီးနှံရောင်းချရာတွင် Online Delivery စနစ်များကို အားပြုရောင်းချနေကြကြောင်း သိရသည်။ 

ကျွန်တော်တို့ Organic စနစ်နဲ့ စိုက်ပျိုးထားတဲ့ နာနတ်သီးတွေက ရောင်းအားကတော့ မကျဆင်းပါဘူး။ တခြားနာနတ်သီးတွေထက် စာရင်တော့ အများကြီးကို ဈေးကွက်ထိန်းထားနိုင်တယ် ပြောရမှာပေါ့။ သို့သော် အိမ်အပြင်မထွက်ဘဲ Delivery နဲ့ ဝယ်စားရတော့ စားသုံးသူဘက်က ကြည့်ရင် အသီးဖိုးနဲ့ပို့ခနဲ့ ပေါင်းလိုက်တော့ ဈေးများနေသလို ဖြစ်သွားနိုင်တယ်။ တောင်သူတွေ ကျတော့လည်း ပုံမှန်ဈေးပဲ ယူထားတာမို့၊ အများကြီး အကျိုးအမြတ် ရရှိနေတာမျိုး မဟုတ်ပါဘူး။

ဟု ဦးထွန်းထွန်းညွှန့်က ဆက်လက်ပြောသည်။

တရုတ်နိုင်ငံသို့ နာနတ်သီးတင်ပို့ရောင်းချမှု ရပ်ဆိုင်းခြင်းကြောင့်လည်း ပြည်တွင်းရှိ နာနတ်စိုက်တောင်သူများ အပေါ် သက်ရောက်မှုများစွာ ရရှိနေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်