တောင်သူမှတောင်သူသို့..

11/09/2022 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

👩‍🌾🧑‍🌾 တောင်သူများလည်း 'အစိမ်းရောင်လမ်း' မှာ စာရေးဆရာများ ဖြစ်နိုင်ပါပြီ 🖊🖊

========================================

🖊🖊 အကြောင်းအရာသာအဓိကကျပြီး စာရေးကောင်းခြင်း မကောင်းခြင်းသည် အဓိကမကျပါ။

👩‍🌾🧑‍🌾 အစိမ်းရောင်လမ်း (Green Way App) သုံးစွဲသူတောင်သူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများ၊ နီးစပ်ရာဝန်းကျင်မှ စိုက်ပျိုးမွေးမြူရေးနှင့်သက်ဆိုင်သည့် သတင်းများကို Green Way ထံ ပေးပို့နိုင်မည်ဖြစ်ပါသည်။

အောက်ဖော်ပြပါအကြောင်းအရာများကို ရေးသားပေးပို့နိုင်ပါသည်။

👩‍🌾🧑‍🌾 (၁) Green Way က တင်ဆက်သည့် တောင်သူအကျိုးပြုဆောင်းပါးများထဲမှ နည်းလမ်းများ၊ ဗဟုသုတများကို အသုံးချကြည့်ရာမှ ရရှိလာသည့် အတွေ့အကြုံများအကြောင်း

👩‍🌾🧑‍🌾 (၂) မိမိတို့ပတ်ဝန်းကျင်ရှိ ထူးခြားသည့် ဒေသအသီးအနှံ၊ ဟင်းသီးဟင်းရွက်များအကြောင်း (ရိုးရာဟင်း၊ အစားအသောက်များ ပြုလုပ်နည်းများ အပါအဝင်)

👩‍🌾🧑‍🌾 (၃) စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် မိရိုးဖလာ ဓလေ့ထုံးတမ်းများ၊ အယူအဆများ (ရိုးရာကိုးကွယ်မှုဓလေ့များအကြောင်းအပါအဝင်)  အကြောင်း၊

👩‍🌾🧑‍🌾 (၄) မိမိပတ်ဝန်းကျင်ရှိ စိတ်ဝင်စားဖွယ်ရာ သတင်းနှင့် သတင်းအချက်အလက်များအကြောင်း (ဈေးကွက်အခြေအနေ၊ အတက်အကျများအပါအဝင်)

စသည်ဖြင့် မည်သည့်အကြောင်းအရာမဆို မိမိရေးသားတတ်သလိုပုံစံဖြင့် ရေးသားပေးပို့နိုင်ပါသည်။

🖊🖊 ရေးသားရာတွင် အကြောင်းအရာကို ရှင်းလင်းအောင်ဖော်ပြရန်သာလိုအပ်ပြီး ရေးသားမှုပုံစံကို ဂရုစိုက်စရာ မလိုအပ်ပါ။ Green Way Content Team မှ လိုအပ်သလို ဆက်သွယ်ပေးခြင်း၊ ပြန်လည်တည်းဖြတ် ပြင်ဆင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်၍ လွတ်လွတ်လပ်လပ် ရေးသားပေးပို့နိုင်ပါသည်။

✅ ဆောင်းပါးများကို အောက်ပါအီးမေးလ်သို့ ပေးပို့သွားရမည်ဖြစ်ပါသည်။

📧📧 [email protected] 

Green Way App တွင် ရွေးချယ်ဖော်ပြခြင်းခံရသည့်ဆောင်းပါးများအတွက် သတ်မှတ်စာမူခများ ချီးမြှင့်သွားမည်ဖြစ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်