ကြက်သွန်ဖြူ စိုက်ပျိုးနည်း

23/11/2018 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ကြက်သွန်ဖြူ စိုက်ပျိုးနည်း

အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံး အပူချိန်မှာ (၁၈-၂၀) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ဥမှ အညှောက်ပေါက်ရန် မြေတွင် အပူချိန် (၂၂ – ၂၃ ) ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန်အပူချိန် (၅ – ၁၀) စင်တီဂရိတ်တွင် အနည်းဆုံး (-) လ ရှိရန် လိုအပ်ပါသည်။

မြေပြုပြင်ခြင်း

ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကြမ်းတုံးရိုက်၍ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။ မြေအချဉ်အငန် (.၅ – ၆.) ရှိသော မြေကို ကြိုက်နှစ်သက်သည်။ ရေအလွန်လိုအပ်သော သီးနှံဖြစ်၍ အစိုဓာတ်ရှိပါက မြေအမျိုးအစားအများစုတွင် စိုက်ပျိုးနိုင်ပါသည်။

မျိုးရွေးချယ်ခြင်း

ရေမြေအလိုက် ကိုက်ညီမှုရှိသော ရွှေကျင်မျိုး၊ ရှမ်းတောင်မျိုးစသည်ဖြင့် ရွေးချယ်စိုက်ပျိုးပါ။ ရောဂါကင်းသောမျိုး၊ အမွှာကြီးသောမျိုးများ ရွေးချယ်ပြီး တစ်ဧကလျှင် မျိုးနူန်း (၂၅၀ – ၃၀၀) ပိဿာ အသုံးပြုပါ။

စိုက်ပျိုးခြင်း

ထယ်ရေးကောင်းစွာပြင်ထားသော စိုက်ကွက်များတွင် ဘောင်အမြင့် () လက်မ၊ အကျယ် () ပေ ခန့်ထား၍ ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။ ပင်ကြား၊ တန်းကြား (x ) လက်မ (သို့) (x ) လက်မ အကွာအဝေးဖြင့် တစ်ဧကလျှင် (၂၅၀၀၀၀ – ၂၇၀၀၀၀) ပင် ဝင်ဆန့်အောင်စိုက်ပါ။

ကြက်သွန်ဖြူစိုက်ရာတွင် ပေါင်းနှိမ်နင်းရန် အလွန်အရေးကြီးသဖြင့် လွိုင်ကော်ဒေသတွင် စိုက်ပျိုးသောနည်းမှာ ကြက်သွန်ဖြူ အမွှာများကို ဘောင်ထဲတွင် လေးပုံသုံးပုံခန့်သာ မြုပ်စိုက်ပြီး အပေါ်မှ ကောက်ရိုးကို ၆ လက်မခန့် မြင့်ထိ ညီညာစွာဖုံးပေးထားပါ။ ရေလောင်းလိုက်လျှင် ကောက်ရိုးအမြင့် ၃ လက်မခန့်သာ ကျန်ပြီး ကြက်သွန်ပင်များ တိုးထွက်လာနိုင်သည်။ ကောက်ရိုးကြောင့် ပေါင်းသက်သာပြီး အစိုဓာတ်ထိန်းနိုင်၍ ကောက်ရိုးများဆွေးပါကလည်း မြေဆွေးဖြစ်သွားသည်။ စိုက်ပျိုးရာတွင် အမွှာကြီးပါက ဥအမွှာရပြီး၊ အမွှာသေးပါက ဥတစ်လုံးဥသာရရှိတတ်သည်။

မြေသြဇာထည့်သွင်းခြင်း

တစ်ဧကလျှင် သဘာဝမြေသြဇာ (၁၀) တန်၊ ယူရီးယား () အိတ်၊ တီစူပါ () အိတ်၊ ပိုတက်ရှ်() အိတ်နူန်းထည့်ပါ။ သဘာဝမြေသြဇာ၊ တီစူပါနှင့် ပိုတက်ရှ်ကို မြေခံတွင် ထည့်၍ ယူရီးယားမြေသြဇာများကို ပေါင်းလိုက်ချိန်နှင့် ဥဆင်းချိန်တို့တွင် ထည့်ပါ။

အပင်ပြုစုခြင်း

ကြက်သွန်ဖြူ အောင်မြင်ဖြစ်ထွန်းရန်အတွက် ပေါင်းနှိမ်နင်းခြင်းလုပ်ငန်းသည် အထူးအရေးကြီးသည်။ စိုက်ပြီး တစ်ပတ်ကြာမှ အပင် ()လ သားအရွယ်ထိ တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ရေသွင်းပြီး ရာသီဥတု ပူပြင်းပါက (-) ရက်တစ်ကြိမ်ရေပေးသွင်းရမည်။ အပင် () လသား အပင်အမြင့် (.) ပေ ရှိချိန်တွင် ရေသွင်းခြင်းကို လုံးဝရပ်ရပါမည်။ ပန်းမပွင့်မီ ကြက်သွန်ဖူးများကို မဖြစ်မနေချိုးပေးပါ။ စိုက်ခင်းတွင် အစိုဓာတ် လုံလောက်မှုရှိစေရန် အမြဲဂရုပြုပါ။

ကြက်သွန်ဖြူတွင် လှေးပိုး၊ ပျပိုးနှင့် တောက်တဲ့မြီးရောဂါတို့ကျရောက်တတ်၍ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို လိုအပ်သလို ပက်ဖျန်းကာကွယ်ပါ။

နူတ်သိမ်းခြင်း

အပင်သက်တမ်း (-)လ အကြာ ကြက်သွန်ဖြူပင်စည်နှင့် အရွက် (၁၅-၂၅) ရာခိုင်နူန်း ဝါလာလျှင် အပင်ကို လက်ဖြင့် ဆွဲနုတ်သိမ်းယူနိုင်သည်။ မျိုးထားရန်အတွက် အပင်လိုက် လက်တစ်ဆုပ်စာခန့်စည်း၍ ဝါးတန်းပေါ်တွင် အခြောက်ခံထားပါ။ နူတ်ယူပြီး အပင်များကို အမြိတ်များဖြတ်တောက်၍ နေ()ရက်ခန့် လှမ်းထားပါ။ တစ်ဧကလျှင် ကြက်သွန်ဖြူ ပိဿာချိန်(၁၅၀၀-၃၀၀၀)ထိ ထွက်နိုင်ပါသည်။ ခြောက်သွေ့သည့် ကြက်သွန်ဖြူဥများကို ပလတ်စတစ်အိတ်ကြီးများဖြင့် ထုပ်ပိုးသယ်ပို့ရောင်းချနိုင်ပါသည်။

Source – ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းလမ်းညွှန်

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်