ဆိတ်ငယ်ကလေးများတွင်အဖြစ်များသော ရောဂါတစ်ခု ဖြစ်သော ပါးသက်နာ(Contagious Ecthyma)ရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ အစပိုင်းတွင် ဆိတ်ငယ်၏ နှုတ်ခမ်း၊ နှာခေါင်းတို့တွင် အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်လာပြီး အရည်ကြည်ဖုပေါက်သွားကာ အနာအဖြစ် တွေ့ရတတ်ပါသည်။ ဤရောဂါပိုးသည် ဆိတ်ငယ်၏ ကိုယ်ခံအားစနစ်ကို ကောင်းစွာလှုံ့ဆော်နိုင်ပါသည်။
ရောဂါဖြစ်စေသည့် အကြောင်းအရင်းများမှာ-
- ခံနိုင်ရည်အလွန်ရှိပြီး ခြံတွင်ကာလကြာရှည်စွာနေနိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရပါသည်။
- ရောဂါ ၁ ကြိမ်ဖြစ်ပွားပြီးပါက ဗိုင်းရပ်စ်ပိုးသည် ခြံတွင်အမြဲတမ်း ရှိနေမည် ဖြစ်ပါသည်။
ရောဂါလက္ခဏာများမှာ-
- ဆိတ်ငယ်ကလေးများ၏ ပါးစပ်တွင် အနာဖြစ်နေခြင်းကို တွေ့ရပါမည်။
- ခွာနာလျှာနာရောဂါနှင့် မှားနိုင်သော်လည်း ပါးသက်နာမှာ ဆိတ်ငယ်လေးများ(အထူးသဖြင့် နို့စို့အရွယ်ဆိတ်ငယ်ကလေးများ)တွင်သာ တွေ့ရတတ်ပြီး ပါးစပ်တွင်သာ ဒဏ်ရာအများဆုံး တွေ့ရပါသည်။
- ခွာတွင် ဒဏ်ရာများကို တွေ့ရလေ့ မရှိပါ။
ရောဂါကူးစက်ပုံမှာ-
- ဗိုင်းရပ်စ်ပိုးများကို ဆိတ်ငယ်ကလေးများက စားမိရာမှ စတင်ကူးစက်ပြီး ပါးစပ်တွင်ပြည်ဖုများ စတင်ဖြစ်ပေါ် လာစေပါသည်။
- ပြည်ဖုများသည် ပေါက်သွားပြီး အနာဖေးအဖြစ် (၁-၂) ပတ်ခန့် ကျန်ရှိနေနိုင်ပါသည်။
- အနာဖေးဖတ်များ မြေကြီးပေါ်သို့ ကျသွားသည့်အခါ ဗိုင်းရပ်စ်များပါသွားပြီး ၎င်းတို့သည် မြေကြီးပေါ်တွင် နှစ်ပေါက်အောင် ရှင်သန်နေနိုင်ကြပါသည်။
- ဆိတ်ငယ်ကလေးက နို့စို့သည့်အခါ ဆိတ်မကြီး၏ နို့တိုင်သို့ ရောဂါကူးသွားပြီး အနာဖြစ်ပေါ်လာစေတတ်ပါသည်။
အသေကောင်အား ခွဲစိတ်တွေ့ရှိမှုမှာ-
- ဤရောဂါကြောင့် ဆိတ်ငယ်များ သေဆုံးမှုမှာ အလွန်ရှားပါသည်။ သို့ရာတွင် ဒဏ်ရာကြောင့် နာကျင်ပြီး အစာမစားနိုင်၊ နို့မစို့နိုင်ဘဲ အာဟာရပြတ်ကာ သေဆုံးနိုင်ပါသည်။
ရောဂါအားစစ်ဆေးခြင်း
- ရောဂါလက္ခဏာများကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။
ကာကွယ်ခြင်း
- ပါးသက်နာရောဂါကို ကာကွယ်ရန်အတွက် ပိုးရှင်ကာကွယ်ဆေးရှိပြီး ပေါင်နှင့်လက်ပြင်အတွင်းပိုင်းတွင် ဒဏ်ရာအသေးစားပြုလုပ်၍ ကာကွယ်ဆေးကို လိမ်းပေးရပါသည်။
ကုသခြင်း
- အနာများအား ဘက်တီးရီးယားပိုးများ ဝင်ရောက်လာပါက ပဋိဇီဝလိမ်းဆေးများဖြင့် ကုသနိုင်ပါသည်။
- ရောဂါဖြစ်နေချိန်အတွင် ဆိတ်ကလေးများ ပုံမှန်နို့စို့နိုင်ရန် စီမံပေးရမည်ဖြစ်ပြီး တခါတရံ ဆိတ်မကြီး၏ နို့အုံတွင် အနာများဖြစ်ပေါ်နေပါက ပုလင်းဖြင့်တိုက်ရပါမည်။
- တခါတရံတွင် Contagious ecthyma သည် လူသို့ကူးစက်တတ်ပြီး အထူးသဖြင့် လက်ချောင်းများတွင် နာကျင်သော အနာများဖြစ်ပေါ်စေနိုင်ပါသည်။
- ၎င်းအနာများသည် (၁-၄)ပတ်အတွင်း ကျက်သွားမည် ဖြစ်ပါသည်။
- ထိုသို့ လူကိုကူးစက်ခြင်း မရှိစေရန် ရောဂါဖြစ်နေသော ဆိတ်မကြီးနှင့် ဆိတ်ကလေးများကို ကိုင်တွယ်ပါက ရာဘာ လက်အိတ်စွတ်၍ ကိုင်တွယ်သင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်