ဆိတ်ငယ်ကလေးများတွင်အဖြစ်များသော ရောဂါတစ်ခု ဖြစ်သော ပါးသက်နာ(Contagious Ecthyma)ရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ အစပိုင်းတွင် ဆိတ်ငယ်၏ နှုတ်ခမ်း၊ နှာခေါင်းတို့တွင် အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်လာပြီး အရည်ကြည်ဖုပေါက်သွားကာ အနာအဖြစ် တွေ့ရတတ်ပါသည်။ ဤရောဂါပိုးသည် ဆိတ်ငယ်၏ ကိုယ်ခံအားစနစ်ကို ကောင်းစွာလှုံ့ဆော်နိုင်ပါသည်။

ရောဂါဖြစ်စေသည့် အကြောင်းအရင်းများမှာ-
- ခံနိုင်ရည်အလွန်ရှိပြီး ခြံတွင်ကာလကြာရှည်စွာနေနိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရပါသည်။
- ရောဂါ ၁ ကြိမ်ဖြစ်ပွားပြီးပါက ဗိုင်းရပ်စ်ပိုးသည် ခြံတွင်အမြဲတမ်း ရှိနေမည် ဖြစ်ပါသည်။
ရောဂါလက္ခဏာများမှာ-
- ဆိတ်ငယ်ကလေးများ၏ ပါးစပ်တွင် အနာဖြစ်နေခြင်းကို တွေ့ရပါမည်။
- ခွာနာလျှာနာရောဂါနှင့် မှားနိုင်သော်လည်း ပါးသက်နာမှာ ဆိတ်ငယ်လေးများ(အထူးသဖြင့် နို့စို့အရွယ်ဆိတ်ငယ်ကလေးများ)တွင်သာ တွေ့ရတတ်ပြီး ပါးစပ်တွင်သာ ဒဏ်ရာအများဆုံး တွေ့ရပါသည်။
- ခွာတွင် ဒဏ်ရာများကို တွေ့ရလေ့ မရှိပါ။
ရောဂါကူးစက်ပုံမှာ-
- ဗိုင်းရပ်စ်ပိုးများကို ဆိတ်ငယ်ကလေးများက စားမိရာမှ စတင်ကူးစက်ပြီး ပါးစပ်တွင်ပြည်ဖုများ စတင်ဖြစ်ပေါ် လာစေပါသည်။
- ပြည်ဖုများသည် ပေါက်သွားပြီး အနာဖေးအဖြစ် (၁-၂) ပတ်ခန့် ကျန်ရှိနေနိုင်ပါသည်။
- အနာဖေးဖတ်များ မြေကြီးပေါ်သို့ ကျသွားသည့်အခါ ဗိုင်းရပ်စ်များပါသွားပြီး ၎င်းတို့သည် မြေကြီးပေါ်တွင် နှစ်ပေါက်အောင် ရှင်သန်နေနိုင်ကြပါသည်။
- ဆိတ်ငယ်ကလေးက နို့စို့သည့်အခါ ဆိတ်မကြီး၏ နို့တိုင်သို့ ရောဂါကူးသွားပြီး အနာဖြစ်ပေါ်လာစေတတ်ပါသည်။
အသေကောင်အား ခွဲစိတ်တွေ့ရှိမှုမှာ-
- ဤရောဂါကြောင့် ဆိတ်ငယ်များ သေဆုံးမှုမှာ အလွန်ရှားပါသည်။ သို့ရာတွင် ဒဏ်ရာကြောင့် နာကျင်ပြီး အစာမစားနိုင်၊ နို့မစို့နိုင်ဘဲ အာဟာရပြတ်ကာ သေဆုံးနိုင်ပါသည်။
ရောဂါအားစစ်ဆေးခြင်း
- ရောဂါလက္ခဏာများကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။
ကာကွယ်ခြင်း
- ပါးသက်နာရောဂါကို ကာကွယ်ရန်အတွက် ပိုးရှင်ကာကွယ်ဆေးရှိပြီး ပေါင်နှင့်လက်ပြင်အတွင်းပိုင်းတွင် ဒဏ်ရာအသေးစားပြုလုပ်၍ ကာကွယ်ဆေးကို လိမ်းပေးရပါသည်။
ကုသခြင်း
- အနာများအား ဘက်တီးရီးယားပိုးများ ဝင်ရောက်လာပါက ပဋိဇီဝလိမ်းဆေးများဖြင့် ကုသနိုင်ပါသည်။
- ရောဂါဖြစ်နေချိန်အတွင် ဆိတ်ကလေးများ ပုံမှန်နို့စို့နိုင်ရန် စီမံပေးရမည်ဖြစ်ပြီး တခါတရံ ဆိတ်မကြီး၏ နို့အုံတွင် အနာများဖြစ်ပေါ်နေပါက ပုလင်းဖြင့်တိုက်ရပါမည်။
- တခါတရံတွင် Contagious ecthyma သည် လူသို့ကူးစက်တတ်ပြီး အထူးသဖြင့် လက်ချောင်းများတွင် နာကျင်သော အနာများဖြစ်ပေါ်စေနိုင်ပါသည်။
- ၎င်းအနာများသည် (၁-၄)ပတ်အတွင်း ကျက်သွားမည် ဖြစ်ပါသည်။
- ထိုသို့ လူကိုကူးစက်ခြင်း မရှိစေရန် ရောဂါဖြစ်နေသော ဆိတ်မကြီးနှင့် ဆိတ်ကလေးများကို ကိုင်တွယ်ပါက ရာဘာ လက်အိတ်စွတ်၍ ကိုင်တွယ်သင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more