အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သံဖြူဇရပ် မှိုဈေးကွက် ရောင်းအားကောင်းနေ

သံဖြူဇရပ် မှိုဈေးကွက် ရောင်းအားကောင်းနေ

၂၀၁၉-၂၀၂၀ ခုနှစ် Covid-19 ကာလအတွင်း သံဖြူဇရပ်ရှိ မှိုဈေးကွက်မှာ ကျဆင်းခြင်းမရှိပဲ ရောင်းအားကောင်းနေကြောင်း မှိုစိုက်သူများက ပြောသည်။

ထွက်သမျှမှိုတွေကိုတော့ ဒိုင်ကြီးတွေက အကုန်ယူပေးနေတာပဲ။ မှိုစိုက်တဲ့သူ နည်းနေသေးတာကြောင့်လည်း ပါတယ်။ ဒါ့ကြောင့် ဈေးကွက်လိုအပ်ချက်က များနေတော့ ဒိုင်တွေကလည်း ထွက်သမျှ ယူပေးနိုင်တာ ဖြစ်မယ်။

ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပဒါငံကျေးရွာမှ ငွေနှင်းမှိုစိုက်တောင်သူ မပိုးအိစံ က ပြောသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်ရှိ ရာသီဥတုမှာ အပူချိန် (၂၅) မှ (၃၅) ဒီဂရီစတင်တီဂရိတ်နှင့် စိုထိုင်းစ (၈၀) မှ (၉၀) ရာခိုင်နှုန်းအတွင်း ရှိပြီး၊ တစ်နှစ်ပတ်လည်လုံး မှိုစိုက်ပျိုးထုတ်လုပ် နိုင်သည်။

ကိုယ်တိုင် စိုက်ပျိုးမယ်ဆိုရင် စိုက်ထုပ်တစ်ထုပ်ကို ကျပ် ၃၀၀ နဲ့ ဝယ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ရွာမှာဆို မှိုစိုက်တဲ့သူ အတော်လေးကိုမရှိဘူး။ ဘာလို့ဆိုရင် ရာသီဥတုပူလို့၊ တချို့ကလည်း ရေမရလို့ မစိုက်ကြတာပါ။ ကျွန်မတို့ ဒေသမှာက ပိုက်လှေလုပ်ငန်း လုပ်ကြတယ်။ အချိန်အခါအလိုက် လှေထွက်ငါးဖမ်းကြသူတွေ ရှိတယ်။ ငါးနှက် ငါးပြားဆိုတဲ့ ငါးမျိုးပေါ်တဲ့ ရာသီဆို မှိုစားသုံးမှု နည်းနည်းလျော့ပြီး၊ ငါးသိပ်မရတဲ့ အချိန်ဆို မှိုစားသုံးမှု ပိုများပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

ငွေနှင်းမှိုတစ်ပိဿာလျှင် ဖောက်သည်ဈေး (၁၅၀၀) ကျပ်မှ (၂၀၀၀) ကျပ် ရရှိပြီး သံဖြူဇရပ်မြို့ပေါ်ရှိ မှိုဒိုင်များ၊ စားသောက်ဆိုင်များသို့ ရောင်းချနိုင်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

ကိုရှိုင်း

ကိုရှိုင်း

လွန်ခဲ့သော ၁ နှစ် က

ငွေနှင်းမှိုထုတ်ကိုလေနေပြည်တော်ရေးဆင်းကျေဏ္ဌရွာကန်သာအေးရွှာမှာစိုက်ရင်ကောရနိုင်လောက်မလားဗျ

Ye Naing Tun

Ye Naing Tun

လွန်ခဲ့သော ၄ နှစ် က

စိုက်ခြင်ပါတယ် အကြံဉာဏ် ပေးပါအုံး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 0 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။