Green Way သုံးနှစ်ပြည့်ခဲ့ပြီ
အခုဆို ကျွန်တော်တို့ရဲ့ အစိမ်းရောင်လမ်းလေး လျှောက်လမ်းလာခဲ့တာ သုံးနှစ်ပြည့်ခဲ့ပါပြီ။ သုံးနှစ်တာအတွင်းမှာ အောင်မြင်မှုများ၊ ကျဆုံးမှုများ၊ အခက်အခဲများ၊ ကျော်လွှားမှုများ စွာကို တွေ့ကြုံရင်ဆိုင်ခဲ့ရင်း အတိုင်းအတာတစ်ခုထိ ရင့်ကျက်မှုတွေ ရရှိခဲ့ပါပြီ။ သုံးနှစ်တာအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကို ပြန်ကြည့်ရင် ကျဆုံးမှုအချို့ရှိခဲ့ပေမယ့် အားရကျေနပ်ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ Food Justice Campaign ကို ဖေ့ဘုတ်မှာရော အပြင်မှာပါ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ရေးရာအပိုင်းအနေနဲ့ လူငယ်အဖွဲ့တွေနဲ့ အတူတူ ကျင်းပခဲ့တာ ရှိခဲ့သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လောင်စာသက်သာ မီးဖိုပြုလုပ်နည်း သင်တန်းတွေကိုလည်း သင်ကြားပေးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ၊ သတင်း အချက်အလက်တွေနဲ့ ဒေသဖွံ့ဖြိုးရေးကဏ္ဍမှာ အားတက်သရော်ပါဝင်နိုင်ဖို့ပါ။ ကျွန်တော်တို့ သင်တန်းကျင်းပခဲ့တဲ့ နယ်မြေမှ သင်တန်းသားတွေက ကျွန်တော်တို့ ဆွေးနွေးသင်ကြားခဲ့တဲ့ နည်းလမ်းတွေကို လက်တွေ့ကျင့်သုံးရင် အောင်မြင်နေတယ်ဆိုတဲ့ အသံတွေ ကြားခဲ့ရတော့ ပီတိအပြည့် ရှေ့ဆက်ဖို့ အင်အားအပြည့် ရရှိခဲ့ပါတယ်။ အခုဆို Msprial ရဲ့ ကူညီပံ့ပိုးမှုနဲ့ အင်တာနက် စာမျက်နှာကို လှပသေသပ်တဲ့ အသွင်အပြင်နဲ့ လာရောက်ကြည့်ရှုသူများ လွယ်ကူအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ Mspiral ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ရဲ့ စာမျက်နှာမှာ ပါဝင်အားဖြည့်ပေးခဲ့ကြသော ဆရာ၊ဆရာမများ၊ အစ်ကိုအစ်မများကို အထူးကျေးဇူးတင်သလို မေးခွန်တွေကို စိတ်ဝင်တစား မေးမြန်းကြသူများ၊ ဖြေကြားပေးကြသူများကို အထူးကျေးဇူးတင်ပါတယ်။
နောက်မကြာလှတဲ့ ကာလမှ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများပါမကျန် ဖုန်းများ၊ အင်တာနက်များ သုံးစွဲလာနိုင်ကြတော့ပါမယ်။ ဒီသတင်းဟာ လယ်သမားတွေအားလုံးနဲ့ ချိတ်ဆက်လိုတဲ့ ကျွန်တော်တို့အတွက် ဝမ်းသာစရာသတင်း တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာတွေကို တောင်သူတွေ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိနိုင်ဖို့ ရည်ရွယ်ပြီး အခု ဖုန်းကနေ အွန်လိုင်းစာမျက်နှာကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ ဆော့ဝဲ တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ သုံးနှစ်ပြည့်အထိမ်းအမှတ်မှာ ဒီဆော့ဝဲလေးကို ထုတ်လွတ်လိုက်ပါတယ်။ အားလုံးအတွက် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Green Way website ပိုမိုကောင်းမွန်လာစေရန်အတွက် စစ်တမ်းကောက်ယူခြင်း ပြုလုပ်ထားပါတယ်။ အားလုံးပဲ အဲဒီစစ်တမ်းလေးမှာ မေးထားတဲ့ မေးခွန်းလေးတွေကို ဖြေပေးရင်း စိုက်ပျိုးရေးနည်းပညာများ ပိုမိုဖြန့်ဖြူးနိုင်ဖို့ အားပေးပေးကြပါအုံး။
အတိတ်က အားပေးခဲ့တဲ့အရာတွေအတွက် အားလုံးကို ကျေးဇူးတင်သလို ဆက်လက်အားပေးကြပါအုံးလို တောင်းဆိုပါရစေ။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကုလားပဲမျိုး 929အကြောင်းသိချင်လို့ပါ
Thawzinaung • ဖြေကြားချက် 1 ခု
Diatomaceous Earth Food Grade ကို ရန်ကုန်မြို့အတွင်း ဘယ်ဆိုင်တွေမှာ ဝယ်လို့ရနိုင်လဲ သိချင်လို့ပါဗျ
Paing Linn • ဖြေကြားချက် 1 ခု
ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ
Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 3 ခု
ph 09760779673 ဂျပန် EM OEM1လီတာ 50000 CEM 1လီတာ 5000 တင်လဲရည် 1လီတာ 3000 အများဈေး သီးသန့်ရှိပါတယ် တခြားအော်ဂဲနစ်ပစ္စည်းတွေ မြေသြဇာတွေလည်းရှိပါတယ် EMတွေက စိုက်ပျိုးရေးတင်မက ကြက်ခြံ ဝက်ခြံ နွားခြံ ငါးကန် အစရှိတဲ့ တိရစ္ဆာန်တွေအတွက်လည်းအသုံးပြုလို့ရပါတယ် လိုအပ်ပါက 09760779673ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျ
Nyan Phyo • ဖြေကြားချက် 1 ခု
ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား
Khing Hein • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026