စာအုပ်လက်ဆောင်တွေ ရယူရင်း စိုက်/မွေး မိသားစုတွေ ဆုံဆည်းကြရအောင်..

03/02/2022 16:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စာအုပ်တွေက စာရေးသူဆရာကြီးတွေကိုယ်တိုင် လက်မှတ်ထိုးပေးထားတဲ့ စာအုပ်တွေပါနော်..။ 

ဆိုတော့ စာအုပ်တွေ လက်ဆောင်ရဖို့ ဘာတွေကို လုပ်ထားရမလဲ..?

ကျွန်တော်တို့ Green Way app ကို ဗားရှင်းမြှင့်လိုက်ပြီး အသစ်ပါဝင်လာတဲ့ ‘ အဖွဲ့’ ဆိုတဲ့ အိုင်ကွန်လေးထဲမှာ အခမဲ့ အဖွဲ့ဝင်လိုက်ရုံပါပဲဗျ..။ 

ဒီအဖွဲ့ထဲမှာဆိုရင် လက်ရှိမှာ စိုက်ပျိုးမွေးမြူရေးသမားတွေ၊ စိုက်ပျိုးရေးပညာရှင်တွေ၊ ကုန်သည်တွေ၊ ပွဲရုံပိုင်ရှင်တွေ ရှိနေပြီးသားဖြစ်လို့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဆိုသလိုပဲ အဖွဲ့ထဲဝင်လိုက်ရုံနဲ့ စိုက်ပျိုးမွေးမြူ ရေးနဲ့ပတ်သက်လို့ အစအဆုံး ပါဝင်ပတ်သက်နေသူတွေနဲ့ ဆွေးနွေးတာ၊ မေးမြန်းတာ၊ ဈေးကွက် ချိတ်ဆက်နိုင်တာ စတာတွေကို လုပ်လို့ရမှာမို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်သွားမှာပါဗျ..။

အဖွဲ့ ထဲ ချိတ်ဆက်နိုင်ဖို့ကတော့ အလွယ်လေးပါနော်..။

(၁)ဖုန်းထဲက Green Way app (အစိမ်းရောင်လမ်း ဆော့ဝဲ) ကို ဖွင့်လိုက်ပါ..။ 

(၂) အောက်ခြေက လူသုံးယောက်ပုံ icon လေးကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက ‘ စိုက်မွေး အတွေ့အကြုံ မျှဝေရာ’ ဆိုတဲ့ အဖွဲ့ထဲကို ဝင်ပေးလိုက်ရုံပါပဲ..အဲ့ထဲမှာ တစ်ခါတည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးသွားရင်တော့ ပိုကောင်းတာပေါ့နော်..။ 

တစ်ခုရှိတာက အဲ့ဒီ icon လေးရဖို့ Green Way app ကို ဗားရှင်းမြှင့်ထားရပါမယ်ဗျ..)

အားနာနာနဲ့ တစ်ခုတော့ ပြောပါရစေဗျ..။ 

အဲ့ဒါကတော့ အဖွဲ့ဝင်တိုင်းကိုပေးချင်ပေမယ့်အရေအတွက်အကန့်အသတ်ကြောင့် စာအုပ် ၂၀ ကိုပဲ မဲဖောက်ပြီး ပေးသွားနိုင်မှာပါလို့..။

ကဲ..ဒီတော့.. စာအုပ်လက်ဆောင်တွေ ရယူရင်း စိုက်ပျိုးမွေးမြူရေး မိသားစုတွေ ဆုံဆည်းကြပါစို့..။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်